Movie Name
SAW 3 (2006)
Year
2006
Generes
Horror
Code
02473
Type
Movie
Size
767 MB
Country
Hollywood
Description
နာမည်ကြီးပြီးသား Franchiseတခုဆိုတော့ အများကြီးပြောစရာလိုမယ်တော့မထင်ပါဘူး။ တခုပြောစရာရှိတာက ဒီကားတွေရဲ့ Rating တွေကို ကြည့်လိုက်မယ်ဆိုရင်တော့ အတော်နည်းတာကိုတွေ့ရမှာတခုပဲ။ Rating ကြည့်ပြီး မကောင်းဘူးဆုံးဖြတ်လိုက်ရင်တော့ အတော်လွဲသွားပါလိမ့်မယ်။ အခုကားကတော့ Saw Franchise ရဲ့ တတိယမြောက်ကား။ ရှေ့နှစ်ကားရဲ့ Spoiler ပါနိုင်လို့ ရှေ့နှစ်ကားမကြည့်ရသေးရင် ဆက်မဖတ်ပါနဲ့တော့။ ဒီကားတွေက Spoiler ထိလို့ရှိရင် ကြည့်ရတဲ့ အရသာပျက်သွားတတ်တယ်။ Saw ရဲ့ ပထမကားကတော့ ရေချိုးခန်းတခုထဲမှာ နိုးလာတဲ့ လူနှစ်ယောက်နဲ့ စတင်ထားပြီး ကျနော်တို့ရဲ့ Jigsaw ကြီးစတင်ပွဲဦးထွက်လာတာလည်းဖြစ်တယ်။ အဲနောက်မှာတော့ Saw ll မှာ Jigsawက နာမည်ကြီးလာတဲ့အပြင် သူစမ်းသပ်တာခံရတဲ့သူတွေအရေအတွက်ကလည်း ပိုပြီး ကြီးမားလာခဲ့တယ်။ ပိုပြီးကြမ်းလာတာကတော့ ရဲတွေကိုပါမရှောင် သူ့ရဲ့ စမ်းသပ်မှုမှာထည့်လာတာပဲ။ အခု တတိယမြောက်ကားမှာတော့ ဒုတိယကားကနေ တိုက်ရိုက်အဆက်အနေနဲ့ ထွက်လာခဲ့တယ်။ ဒုတိယကားမှာ အဖမ်းခံခဲ့ရတဲ့သူကရော ဒီကားမှာ ဘယ်လောက်ထိအရေးပါမလဲ။ အခုကားမှာတော့ အစမှာ သံကြိုးတွေနဲ့ တုပ်နှောင်ထားခံရတဲ့သူတယောက် လွတ်မြောက်အောင် ကြိုးစားခဲ့ပေမယ့် ဗုံးပေါက်ကွဲမှုကနေ မလွတ်မြောက်ခဲ့ဘူး။ ပိုပြီး ထူးဆန်းတာက လွတ်မြောက်မယ့်လမ်းမထားတာပါပဲ။ Jigsaw ရဲ့ပုံစံတွေကနေ သွေဖယ်လာနေခဲ့တယ်။ အဲဒီအမှုကိုစုံစမ်းနေတဲ့ စုံထောက်တယောက်လည်း Jigsaw ရဲ့ ကစားပွဲထဲရောက်သွားခဲ့ရပြန်တယ်။ အဲနောက်မှာတော့ ဆရာဝန်တယောက်ဖြစ်တဲ့ လင်း ကို Jigsaw ဖမ်းခေါ်သွားခဲ့တယ်။ ဒုတိယကားမှာ Jigsaw က ကင်ဆာဝေဒနာနဲ့သေခါနီး ဖြစ်နေခဲ့တာကို သိကြပြီးပြီ။ အခု ဆရာဝန်ကိုရော ဘာလို့ ခေါ်လာခဲ့ရတာလဲ။ အဲလိုပဲ ဆရာဝန်ကိုသူ့အနားခေါ်ထားတုန်းမှာပဲ နောက်ထပ်စမ်းသပ်မှုတခုကလည်း ဆက်သွားနေခဲ့တယ်။အဲဒီစမ်းသပ်မှုကရော ဘာအတွက်လဲ။ Jigsaw ကရော ဘာတွေစီစဉ်ထားမှာလဲဆိုတာကို စိတ်ဝင်တစားကြည့်ရင်း လူတွေကိုပြောင်းလဲလို့ရနိုင်ပါ့မလား။ တကယ့်အသိတရားရနိုင်မယ့်လူတွေရော ရှိပါ့မလား။ ကိုယ့်ခံယူချက်နဲ့ကိုယ်သွားနေတဲ့လူတွေအကြောင်းကို တွေးတောနေရမယ့် တတိယကားပဲ ဖြစ်ပါတယ်။