Movie Name
Sicario (2015)
Year
2015
Generes
Action, Crime
Code
02484
Type
Movie
Size
955 MB
Country
Hollywood
Description
IMDb (7.7/10) Rotten Tomatoes (93%) ဒီကားက အရမ်းကောင်းလွန်းလို့ Pre-Screening အပြီးမှာထဲက Sequel ထပ်ထွက်ဖို့ အတည်ပြုလိုက်ရတဲ့ အထိ ပရိတ်သတ်အားပေးမှုရခဲ့ပါတယ်။ နောက်လ ၂ရက်နေ့မှာ ရုံတင်မှာဖြစ်ပြီး ဒီကားက ဖြစ်ရပ်မှန်အချို့ကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီကားအကြောင်းကို ပြောရာမှာ Spoiler တွေပါမှာ ဖြစ်တယ်လို့ ကြိုသတိပေးချင်ပါတယ်။ ဒီဇာတ်ကားရဲ့ နာမည် Sicario ဆိုတဲ့နာမည်က စပိန်ဘာသာစကားဖြစ်ပြီး အဓိပ္ပာယ်က Hitman (လူသတ်သမား) လို့ အဓိပ္ပာယ်ရပါတယ်။ Mexican Cartel (မက္ကဆီကန် ဘိန်းဘုရင်တွေ) က အမေရိကားနဲ့ မက္ကဆီကို နယ်စပ်ကနေတဆင့် ဘိန်းဖြူတွေသွင်းနေသလို အမေရိကန်နိုင် အတွင်း မှာ ပါ လူသတ် ပြန်ပေးဆွဲ အလုပ်တွေလုပ် နေကြပါတယ်။ ၂၀၁၀ ဝန်းကျင်က တကယ့်ဖြစ်ရပ်တွေဖြစ်ပြီး၊ မက္ကဆီကန် ဘိန်းဘုရင်တွေ ရဲ့ ရက်စက်ယုတ်မာ ကြမ်းကြုတ်မှုတွေကို တွေ့ရမှာဖြစ်သလို ဇာတ်လမ်းကောင်းကောင်း၊ အက်ရှင် ကောင်းကောင်းနဲ့ ရိုက်ကူးတင်ဆက်ထားနိုင်ပါတယ်။ ဇာတ်ကားအကြောင်းမပြောခင် ဇာတ်ကားက ရာဇဝတ်သားတွေရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ၊ အသတ်ခံရမှုတွေကို ပီပီပြင်ပြင် တင်ဆက်ထားတာကြောင့် ဒီကားကို ကလေးတွေကြည့်ဖို့မသင့်သလို၊ စိတ်မခိုင်သူတွေ မကြည့်သင့်ပါဘူး။ ဇာတ်လမ်းမှာ မင်းသမီးချော Emily Blunt (Edge of Tomorrow) က FBI Agent Kate အဖြစ်နဲ့ သရုပ်ဆောင်ထားပြီး ဇာတ်ကားအစမှ သူမနဲ့ အဖွဲ့က ပြန်ပေးဆွဲခံရသူတွေကို ကယ်ဖို့ Cartel တွေရဲ့ အိမ်ကို ဝင်စီးရာက အိမ်နံရံကြားထဲထည့်ထားတဲ့ လူသေအလောင်းတွေ ကို တွေ့ခဲ့ရပါတယ်။ ဒီလူသေတွေက ဂိုဏ်းဂိုဏ်းချင်းနယ်လူကြရာက (Turf War) အသတ်ခံရတာဖြစ်ပါတယ်။ ဒါထက်ပိုဆိုးသွားတာက သူတို့ ဝင်စစ်ဆေးနေတုန်း ကားဂိုထောင်ထဲက ဗုံးပေါက်ကွဲပြီး ရဲနှစ်ဦးသေဆုံးခဲ့ရပါတယ်။ ဒီနောက်မှာ Josh Brolin (Men in Black 3) ရဲ့ ဇာတ်ကောင် Matt Graver က Kate ကို သူအဖွဲ့မှာပါဝင်ဖို့ ဖိတ်ခေါ်ခဲ့ပြီး၊ သူတို့ အဖွဲ့က မက္ကဆီကန် ဂိုဏ်းခေါင်းဆောင် ကြီးကို ရှာဖွေဖမ်းဆီးဖို့ တာဝန်ယူထားပြီး၊ သူမရဲ့ အရည်အချင်းကို သဘောကျလို့ ခေါ်ယူတယ်လို့ဆိုပါတယ်။ ဒီအဖွဲ့မှာ နောက်ထပ် ထပ်ပါလာတာက မင်းသားကြီး Benicio del Toro ရဲ့ ဇာတ်ကောင် Alejandro ပါပါဝင်လာပါတယ်။ ဒီဇာတ်ကောင်က ဇာတ်ကားရဲ့ အဓိက ဇာတ်ကောင်ဖြစ်ပြီး၊ ဇာတ်လမ်းအစမှာ သူ့ရဲ့ အကြောင်းကို ဂဂဃဃ မပြထားတာကလည်း ပိုပြီး စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဒီလိုနဲ့ သူတို့ အဖွဲ့က El Paso, Taxes (U.S) ကနေ Juarez (ဟွာယက်စ်) (Mexico) ဘက်ကို ကူးသွားပြီး Cartel Leader ရဲ့ ညီ ဖြစ်သူ တစ်ဦးကို သွားခေါ်လာတာဖြစ်ပြီး ဒီဇာတ်ဝင်ခန်းမှာ ဒုစရိုက်မှုတွေ ကြီးစိုးနေတဲ့ Juarez မြို့ရဲ့ အကျည်းတန် ရုပ်ဆိုးမှုတွေကို ပြသထားပြီး၊ ဒါရိုက်တာရဲ့ အရည်အချင်းကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။ ဘာလို့လည်းဆိုတော့ US ကနေ မက္ကဆီကို ကိုသွားတဲ့ အခန်းကို လေပေါ်ကနေစီးပြီး ရိုက်ထားတဲ့ အခန်း (Ariel Shot) နဲ့ ရိုက်ထားတာ အရမ်း ပညာသားပါပြီး၊ ဇာတ်ဝင်ခန်းရဲ့ အရေးကြီးပုံ၊ စိတ်လှုပ်ရှားမှုကောင်းပုံကို ပိုပြီး ထိရောက်စေပြီး၊ ပရိတ်သတ်ကို ပိုဆွဲဆောင်ထားနိုင်ပါတယ်။ ဒီကနေစပြီး Cartel ခေါင်းဆောင်ကို လိုက်ရှာရင်းက Kate တစ်ယောက် သူမထင်ထားသလို မဟုတ်ဘူးဆိုတာ သိလာရပါတယ်။ Matt Graver က ဇာတ်လမ်းအစမှာ Department of Defense (ကာကွယ်ရေးဝန်ကြီးဌာန) ကလို့ ဆိုပေမယ့်၊ တကယ်တမ်းမှာ CIA ကဖြစ်နေမှန်းသိလိုက်ရပါတယ်။ အမေရိကားနိုင်ငံရဲ့ ဥပဒေအရ CIA က နိုင်ငံအတွင်းမှာ ဘာအာဏာမှမရှိသလို၊ အမေရိကန်နိုင်ငံအတွင်းမှာ လှုပ်ရှားမယ်ဆိုရင် FBI နဲ့ ပူးပေါင်းရပါတယ်။ ဒါကြောင့် Emily Blunt ရဲ့ ဇာတ်ကောင် ဖြစ်တဲ့ Kate ကို သူတို့ အဖွဲ့မှာ ပါဝင်အောင် ခေါ်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် Benicio Del Toro ရဲ့ ဇာတ်ကောင်ရဲ့ နောက်ကြောင်းကိုလည်း တဖြည်းဖြည်း သိလာရပါတယ်။ အရမ်းကြည့်လို့ကောင်းတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး သရုပ်ဆောင်၊ ဇာတ်လမ်းနဲ့ ဒါရိုက်တာ အားလုံး ကောင်းပါတယ်။ ဒီကားက Oscar စာရင်းဝင်မှာ ဖြစ်ပြီး နွေရာသီအပြီးမှာ ထွက်တဲ့ ကားတွေအကုန်လုံးက အကယ်ဒမီ မှန်းတဲ့ ကားတွေဖြစ်လာတွေ့ရမှာပါ။ ဒီကားမှာ ဆိုရင် Benicio Del Toro က သရုပ်ဆောင် အရမ်းကောင်းသလို၊ စိတ်ဝင်စားဖို့လည်းကောင်းပါတယ်။ Benicio Del Toro ကို မသိရင် သူက လက်ရှိ နောက်ဆုံး Guardian of the Galaxy ထဲမှာ The Collector အဖြစ်ပါပြီး၊ အရင်တုန်းကဆိုရင် Che:Part One and Two, The Wolfman, The Usual Suspects, Snatch စတဲ့ကားတွေမှာ ပါဝင်ဖူးပါတယ်။ ဒီကားထဲမှာ သရုပ်ဆောင်တာ အရမ်းကောင်းပြီး၊ သူ့ရဲ့ ဇာတ်ကောင်က လျှို့ဝှက်ချက်တွေ ပြည့်နေသလို၊ ရက်စက်ပြီး လူလေးစားလောက်တဲ့၊ လူရှိန်လောက်တဲ့ ဇာတ်ကောင်ဖြစ်အောင်လည်း သရုပ်ဆောင်ထားနိုင်ပါတယ်။ Emily Blunt နဲ့ Josh Brolin တို့ကလည်း သရုပ်ဆောင်ကောင်းသလို၊ ဒါရိုက်တာ ကလည်း ရိုက်ကူးထားတာ တော်ပါတယ်။ ရိုက်ချက်တွေ ကောင်းသလို အက်ရှင် ဇာတ်ဝင်ခန်းတွေ ရိုက်ကူးရာမှာလည်း ရှင်းလင်းပြတ်သားပြီး ဇာတ်လမ်းကလည်း တင်ဆက်ထား ပုံအရမ်းကောင်းပါတယ်။ ကြည့်ကိုကြည့်သင့်တဲ့ကားကောင်းတစ်ကားဖြစ်ပြီး ရုံမှာ သွားကြည့်သင့်ပါတယ်။ အနုပညာမြောက်ပြီး ဇာတ်လမ်းလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်။ Mad Max: Fury Road အပြီး ဒီနှစ်ရဲ့ အကြိုက်ဆုံးကားဖြစ်ပါတယ်။ Matt Daemon ရဲ့ The Martian ကလည်း ဇာတ်ကားကောင်းဖြစ်ပေမယ့် ဒီကားကို ပိုကြိုက်ပါတယ်။ Rated-R ဖြစ်ပြီး သွေးထွက်သံယိုတွေပါသလို၊ လူသေအလောင်းတွေ၊ လူသတ်တာတွေ ရက်ရက်စက်စက် ပါလို့ ကလေးတွေမကြည့်သင့်ပါဘူး။ မိသားစုတူတူ ကြည့်နိုင်ပေမယ့် အထက်ပြောခဲ့သလို ရက်စက် ကြမ်းကြုတ်မှုတွေပါတာကိုတော့သတိပြုရမှာပါ။ Juarez မြို့မှာဆိုရင် ဘိန်းဂိုဏ်းတွေက ကလေးလူကြီး မိန်းမ မကျန် သတ်ဖြတ်ပြီး လူသေအလောင်းတွေကို မြို့လယ်ခေါင်မှာ ကိုယ်လုံးတီး ချိတ်ဆွဲထားတာ တွေဇာတ်လမ်းထဲမှာ ပါပြီး၊ အပြင်မှာလည်း တကယ် ကိုအဲ့ဒီလိုပဲဖြစ်ပါတယ်။ အထူးသဖြင့် ဘိန်းဘုရင်တစ်ယောက် အဖမ်းခံရရင်ဖြစ်ဖြစ် အသတ်ခံရရင်ဖြစ်ဖြစ်၊ အောက်က အဖွဲ့အသေး အသီးသီးက နယ်လုကြရာက နေ လူသတ်မှုတွေဖြစ်နေကြတာ ထုံးစံလိုဖြစ်နေပါတယ်။ နေ့စဉ်နဲ့အမျှ ပစ်ခတ်သတ်ဖြတ်နေကြတာ ဖြစ်ပြီး၊ အစိုးရကိုယ်တိုင်လည်း ဘာမှမတတ်နိုင်ပါဘူး။ #Sololay (ရုပ်ရှင်အညွှန်းကို ရုပ်ရှင်မိတ်ဆက် yoteshinmatesat.blogspot.com မှကူးယူဖော်ပြပါသည်။)