Movie Name
Sicario Day Of The Soldado (2018)
Year
2018
Generes
Action, Crime
Code
02485
Type
Movie
Size
912 MB
Country
Hollywood
Description
Sicario: Day of the Soldado က ၂၀၁၅ မှာထွက်ရှိခဲ့တဲ့ Sicario ရဲ့ sequal ဖြစ်ပါတယ်။ ပထမဇာတ်ကားတုန်းကဝက်ဝက်ကွဲအောင်မြင်မှုရရှိခဲ့ပြီး ပရိသတ်များတောင်းဆိုတာကြောင့် Sequal ထပ်မံထွက်ရှိလာခြင်းလဲဖြစ်ပါတယ်။ ဒီကားမှာတော့ အမေရိကန်-မက္ကဆီကို နယ်စပ်မှာ မူးယစ်ကုန်သည်တွေကနေ မူးယစ်ဆေးမတင်ပို့တော့ပဲအကြမ်းဖက်သမားများကို မှောင်ခိုတင်ပို့နေတာကို ဇာတ်လမ်းအခြေတည်ထားပါတယ်။ Matt Graver (Josh Brolin)ကိုလျို့ဝှက်စစ်ဆင်ရေးအဖြစ် မက္ကဆီကို ကုန်သည်တွေကနေ အကြမ်းဖက်သမားတွေကို U.S ဆီမှောင်ခိုတင်ပို့နေတာကိုစုံစမ်းခိုင်းလိုက်ပါတယ်။ Mattကလဲ ပထမကားတုန်းက ဘော်ဒါကြီး Alejandro ကိုပြန်စည်းရုံးပြီး လျို့ဝှက်စစ်ဆင်ရေးကိုစတင်လိုက်ပါတယ်။ သူ့ရဲ့အစီအစဉ်က ဘိန်းရာဇာရဲ့သမီးကို ပြန်ပေးဆွဲပြီး မူးယစ်ကုန်သည်တွေအချင်းချင်းကြားထဲကုလားဖန်ဝင်ထိုးမယ့်ပုံစံမျိုးဖြစ်ပါတယ်။ ဒါပေမယ့်် အခြေအနေတွေကတစ်မျိုးတစ်ဖုံပြောင်းလဲပြီး စီစဉ်ထားတဲ့အတိုင်းဖြစ်မလာတဲ့အခါမှာတော့ spoiler ဖြစ်သွားမှာဆိုးလို့ ဘယ်လိုဆက်ဖြစ်သွားမလဲဆိုတာတော့ ဒေါင်းပြီးသာကြည့်ကြပါကုန် :p ဒီကားမကြည့်ခင် ပထမကားကိုအရင်ကြည့်ဖို့တော့ တိုက်တွန်းချင်ပါတယ်။ အဲ့ဒါမှ Matt နဲ့ Alejandro တို့ရဲ့ဆက်ဆံမှုပုံစံတွေဇာတ်လမ်းအဆက်အစပ်တွေ ရှိမှာပါ။ Matt Graver အဖြစ် Man in black နဲ့ Infinity war မှ Thanos အဖြစ်သရုပ်ဆောင်သူJosh Brolin ဖြစ်ပြီး Alejandro အဖြစ်ကတော့ MCU ထဲမှာ Collector အဖြစ်သရုပ်ဆောင်ထားသူ Benicil Del Toroဖြစ်ပါတယ်။ Ratingကလဲကောင်းပြီး Action/Crime ဇာတ်ကားမျိုးကို ရသတစ်မျိုးတစ်ဖုံပေးထားတဲ့ဇာတ်ကားတစ်ကားဖြစ်တဲ့အတွက်ပထမကားကို အရင်ကြည့်ပြီး ဒီကားကိုဆက်ကြည့်ဖို့ ထပ်မံတိုက်တွန်းပါရစေ