-
Movie Name
-
Angel Beside Me (ကောင်းကင်ပြင်ကအချစ်နတ်သားလေး)
-
Year
-
2020
-
Generes
-
Fantasy, Romance
-
Code
-
ST0004
-
Type
-
Series
-
Size
-
5.19 GB
-
Country
-
Thai
-
Description
-
🎞🎞ဇာတ်လမ်းအညွှန်း🎞🎞 ဘန်ကောက်က လူတွေတင်မကပဲ နတ်တွေပါနေတဲ့မြို့တော်တစ်ခုပါ။နတ်ပြည်က နတ်သားတွေက ဘန်ကောက်ကိုလာပြီး လူတွေကိုစောင့်ရှောက်ကာကွယ်ကြတယ်။ ကာကွယ်တဲ့နေရာ သူအမျိုးအစားနဲ့သူရှိပါတယ် နတ်သားတွေက -ကိုယ်စောင့်နတ် ၊မျှားနတ်မောင်၊ရဲနတ်၊မိုးလေဝသနတ်ဆိုပြီးရှိသတဲ့ နတ်ပြည်မှာဆိုရင် Mikael-lansaladon-aekisna-ares ဆိုတဲ့နတ်သားလေးက အဟော့ဆုံးပါတဲ့ တစ်နေ့မှာ နတ်သားတွေရဲ့ဘုရင်က နတ်ပြည်ကိုပြန်လာခဲ့ပါတယ် သူမရှိတုန်း အရမ်းပြောင်းလဲသွားတဲ့နတ်ပြည်ကြောင့်အံ့သြသွားခဲ့ပါတော့တယ် အဲ့ဒီနောက်ပိုင်း Mikael-lansaladon-aekisna-ares က အရင်ခေတ်နဲ့အခုခေတ်မတူတော့ကြောင်း နတ်ပြည်ကဆုတောင်းဌာနကိုဘယ်လိုအုပ်ချုပ်တယ်ဆိုတဲ့အကြောင်းရှင်းပြပါတော့တယ် တစ်နေ့တစ်နေ့ လူသားတွေက လိုချင်တာတွေကိုဆုတောင်းကြတယ်တဲ့ ဒါပေမယ့် တောင်းသမျှကို နတ်သားတွေကဖြည့်ဆည်းပေးလို့မရပါဘူး ဆုတောင်းလိုက်တဲ့သူက ကုသိုလ်အလုံအလောက်ရှိမှသာကူညီပေးလို့ရတာပါဆုတောင်းတဲ့သူက အကုသိုလ်တွေပဲများနေရင်ကူညီလို့မရပါဘူး ထို့နောက် နတ်သားတွေရဲ့ဘုရင်ကြီးက အငြိမ်းစားယူမယ့်အချိန်ရောက်လာပါတော့တယ် နတ်ပြည်ပြန်တဲ့နေ့မှာ ပဲ ဘုရင်ကြီးက Mikael-lansaladon-aekisna-aresဆိုတဲ့နတ်သားလေးရဲ့ စွမ်းဆောင်ချက်တွေကိုသဘောကျပြီး သူ့ဂုဏ်ပုဒ်ကို ညနေကျမ်းကျန်စာဆိုပွဲမှာလွှဲပြောင်းပေးဖို့ဆုံးဖြတ်လိုက်တော့တယ် နောက်ပြီးနတ်ပြည်ရဲ့ဘုရင်ရာထူးနဲ့ထိုက်တန်တဲ့လက်စွပ်ကလေးကိုချီးမြှင့်လိုက်တယ် ပွဲမစခင် လူ့ပြည်ရဲ့ဆုတောင်းတွေကိုကြည့်လိုက်တော့ လင်ဆိုတဲ့ကောင်မလေးက အဆောင်ငှားစရိတ်တွေ ကျူရှင်ခတွေ အကြွေးတွေက ညနေ၆နာရီမတိုင်ခင်မှာပေးရမှာ မပေးနိုင်လို့စိတ်ညစ်ပြီး ဆုတောင်းသတဲ့ သို့ပေမယ့် လင့်မှာ ကုသိုလ်အလုံအလောက်မရှိလို့မကူညီခဲ့ပါဘူး ဒါ့အပြင် လင့်မှာမရမကစုဆောင်းထားတဲ့ဘတ်ငွေအနည်းကလည်း လင့်အမခိုးယူသွားပါတော့တယ် အဲ့အချိန်မှာပဲ လင်အကြီးအကျယ်စိတ်ညစ်ပြီး ကိုယ့်ကိုယ်ကို သတ်သေဖို့ကြိုးစားပါတော့တယ် ထိုအဖြစ်အပျက်ကို Mikael-lansaladon-aekisna-ares ဆိုတဲ့နတ်သားလေးတွေ့လိုက်ရတော့ မရမက ကူညီပေးဖို့ လက်စွပ်အစွမ်းသုံးလိုက်ချိန်မှာ မထင်မှတ်ပဲ နတ်ပြည်ကနေ လူ့ပြည့်ကိုအရှိန်ပြင်းစွာကျလာပါတော့တယ် နတ်ပြည်ကနေလူ့ပြည်ကိုရောက်လာတဲ့နတ်သားလေးအတွက်အရာရာတိုင်းကအထူးအဆန်းတွေသာဖြစ်နေခဲ့ပါတယ် လူတွေနဲ့မရင်းနှီးတဲ့နတ်သားမို့ လူလုပ်သမျှပုံစံတိုင်းက လင့်အတွက် အူကြောင်ကြောင်ဖြစ်စေခဲ့ပြီး ရယ်စရာလည်းကောင်းခဲ့ပါတယ် ဒီလိုနဲ့နတ်သားလေးက နတ်ပြည်ရဲ့အဓိကလိုက်နာရမယ့် စည်းကမ်းရှိပါတယ် အဲ့ဒါကချစ်ကြိုက်လို့မရတာပဲဖြစ်ပါတယ် ဒီလိုနဲ့ဆုန်ချိုင်ဆိုတဲ့နတ်သားလေးက နတ်ပြည်ကိုပြန်တက်ဖို့နည်းလမ်းတွေရှာခဲ့ပါတယ် ထိုအချိန်မှာပဲ ဆုန်ချိုင် လင့်အပေါ်ခံစားချက်တွေရှိလာခဲ့ပါတယ် နောက်ပိုင်းမှာ နတ်သားလေးနဲ့လူသားမလေးရဲ့အချစ်လမ်းခရီးကရောဖြောင့်ဖြူးနိုင်ပါ့မလား ဆုန်ချိုင်ကရော နတ်ပြည်ကိုပြန်သွားမလား လင်နဲ့ထာဝရနေသွားမှာလား သူတို့တွေအကြားမှာ ဘယ်လိုအခက်အခဲမျိုးတွေပေါ်ပေါက်လာမှာလဲဆိုပရိတ်သတ်ကြီးတို့စောင့်မျှော်ကြည့်ရှုလိုက်ရအောင်နော် HC channel နှင့် KN channelမှပူးပေါင်းတင်ဆက်သည် ကောင်းကင်ပြင်မှ အချစ်နတ်သားလေး မြန်မာစာတန်းထိုး 😍 Ep 1 to 12 ထိ စ/ဆုံးနော်😘