Movie Name
King Of Prison (2020)
Year
2020
Generes
Action, Comedy, Drama
Code
04616
Type
Movie
Size
1.15 GB
Country
Korea
Description
ဒီကားကတော့ထောင်အက်ရှင်ဖိုက်တင်ကား ကြိုက်နှစ်သက်တဲ့ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးထားတာဖြစ်ပြီး ဇာတ်လမ်းလေးကလည်းကောင်းပါတယ်။ မင်းသားတွေကနာမည်ကြီးတွေမပါဖူးဆိုပေမယ့် သရုပ်ဆောင်ချက်တွေကသဘာဝကျပြီးတော့ ထောင်တွင်းဇာတ်လမ်းစိတ်ဝင်စားတဲ့သူတွေအတွက် ကြည့်ပျော်တဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ထောင်ထဲမှာသူနေရာ သူအဆင့်နဲ့သူ ထိပ်သီးလူဆိုးတွေဆိုတာရှိကြပါတယ်။ဒီလူဆိုးတွေအချင်းချင်းဖြစ်ကြတဲ့ ရန်ပွဲတွေအကြောင်းကိုဇာတ်လမ်းအဓိကဆင်ပေးထားတာပါ။ ထောင်ဆိုတာကဘုမသိဘမသိနဲ့ မတရားခံရပြီးရောက်လာတဲ့သူတွေလည်းရှိသလို တကယ်ဆိုးမိုက်ပေတေလို့ထောင်နန်းစံနေရသူလည်းရှိပါတယ်။ ဇာတ်လမ်းကိုကောင်လေး တစ်ယောက် မတရားခံရပြီး ထောင်ထဲကိုရောက်လာချိန်တွေ့ကြုံရတဲ့ အခက်အခဲ အဖြစ်အပျက်လေးတွေနဲ့အစပျိုးထားပါတယ်။ စားသောက်ဆိုင်ပိုင်ရှင်သားဖြစ်သူအီမန်အီဆိုတဲ့ ကောင်လေးက သူအဖေကိုအကြွေးတောင်းတဲ့လူဆိုးတွေကနှိပ်စက်လို့ ဓါးကိုင်ပြီး ဝင်ကယ်ရာကနေ ထောင်ထဲကိုလူသတ်ရန် ကြံစည်လို့ဆိုပြီးရောက်လာခဲ့ပါတယ်။ ဒီထဲရောက်ထဲအခါမှာသူထက်ဆရာကျပြီး ဆိုးတဲ့မိုက်တဲ့သူတွေထားတဲ့ အကြမ်းဖက်မှုအခန်းမှာသူနေရပါတယ်။ အခန်းမှာတကယ့်ထောင်တွင်းလူမိုက်ဆရာကြီးထိပ်သီးတွေလည်း နေကြပါတယ်။ အဲ့လိုနေစဉ်ကာလအတွင်းသူကြုံတွေ့ရတဲ့ပင်ပန်းဆင်းရဲမှုတွေ၊ထောင်တွင်း အနိုင်အထက်ပြုတာတွေနဲ့ လူဆိုးလူမိုက်တွေတောင်တစ်ခန်းတည်းတူတူနေရင် သံယောဇဉ်ဖြစ်သွားနိုင်တယ်ဆိုတဲ့အကြောင်းလေးကို ဇာတ်လမ်းလေးနဲ့တင်ဆက်ထားပါတယ်။ ကိုရီးယားကားထုံးစံအတိုင်း Action သီးသန့်မဟုတ်ပဲ ဇာတ်လမ်း ဇာတ်အိမ်လေးနဲ့ drama လေးနှောပြီးကြည့်ကောင်းအောင်သွားပေးထားလို့ Action/Drama ကြိုက်တဲ့ပရိတ်သတ်ကြီးအတွက် ကြည့်ကောင်းမယ့်ကားလေးတစ်ကားဖြစ်တယ်လို့လည်း ညွှန်းချင်ပါတယ်။