Movie Name
Sin City Extended And Unrated (2005)
Year
2005
Generes
Crime, Thriller
Code
04633
Type
Movie
Size
0.99 GB
Country
Hollywood
Description
IMDb Rating – 8.0/10 #Unicode Sin Cityအကြောင်းပြောရရင် နည်းနည်းတော့ရှည်မယ်။ ဒီရုပ်ရှင်က ချီးကျူးစရာတော့ အတော်များပါမယ်။ ဒါရိုက်တာသုံးယောက်နဲ့ ဇာတ်လမ်း လေးပုဒ်ပါတဲ့ ရုပ်ရှင်တစ်ကားကို ကြည့်ရတာတစ်ကွဲတစ်ပြားမဖြစ်သွားအောင် ချိတ်ဆက်ထားပုံတွေက သပ်ရပ်တယ်။ Graphic Novelတွေကို ပြန်ရိုက် ထားပေမယ့် Graphic Novelအတိုင်း ပေးဖတ်လိုက်သလိုမျိုး CGIကိုသုံးပြီးပြီး အမြင်ကိုဖမ်းစားထားတာကလည်းဒီရုပ်ရှင်ရဲ့ ဆွဲဆောင်မှုတစ်ခုပါပဲ။ အဖြူအမဲလုပ်လိုက် ပြချင်တဲ့အရာတစ်ခုကိုပဲ အရောင်ထည့်ပေးလိုက် ပြကွက်တွေဟာ ဒီအတိုင်း ကျွန်တော်တို့ သတိမထားမိမယ့် ပြကွက်တွေကိုပိုသိသာစေတယ်။ Narratorလည်းထည့် ဇာတ်ကောင်ရဲ့ အတွေးတွေကိုလည်း ပြထားတာပါ ပေါင်းလိုက်ရင် ဘာမှဖြည့်တွေးစရာမလိုလောက်အောင် ကြည့်ရလွယ်ကူတဲ့ Art Filmတစ်ခုကို တည်ဆောက် ပေးထားသလိုပဲ။ တစ်ချို့အကွက်တွေကတော့ Quentin Tarantinoဆန်တယ်။ ဆန်ဆို ဒီကားမှာသူက Guest Directo။ သူကိုယ်တိုင်၀င်ရိုက်ခဲ့တာက ငါးမိနစ်လောက်ပဲပါပေမယ့် ကျန်တာတွေလည်း သူအကြံပေးခဲ့မယ်ထင်တယ်။ ချေးအပြည့်နဲ့ အိမ်သာခွက်ထဲ ခေါင်းနှစ်တာတွေကားဘေးက တရွတ်တိုက်ဆွဲပြီး စစ်မေးတာတွေ လိင်အင်္ဂါကို ဆွဲဖြုတ်တာတွေ ခြေတွေလက် တွေဖြတ်ပြီး ကျန်တဲ့ကိုယ်ကို ခွေးကျွေးတာတွေ မထင်သလို ခုတ်ထစ်ပစ်သတ်တာတွေ ပါပေမယ့်။ ဒီရုပ်ရှင်မှာ ဘာသွေးသံရဲရဲကိုမှ မြင်ရမှာမဟုတ်ပါဘူး။ မမြင်ရဆို ဒါရိုက်တာက သူပြချင်တဲ့နေရာကိုပဲ အရောင်သုံးပြသွားတာကိုး။ ပြောရမယ်ဆိုရင် ကြောက်ဖို့ မကောင်းအောင်အသေကြမ်းပြသွားတာပါပဲ။ မူလ Graphic ၀တ္တုတွေရဲ့ စာရေးဆရာ အခုရုပ်ရှင်ရဲ့ ပဲ့ကိုင်ရှင် Frank Millerက Bat Manတို့ Daredevilတို့ကို Comicရေးတဲ့လူ 300ကိုဇာတ်ညွှန်းရေးတဲ့လူဆိုတော့ကာ စူပါဟီးရိုးဆန်ဆန်တွေလည်းတွေ့ရတယ်။ ဒါပေမယ့် Inner Logicထဲမှာပဲကြမ်းတာပါ။ အရသာကိုတော့ မပျက်စေဘူး။ ဒီရုပ်ရှင်မှာပါသမျှ ဇာတ်ကောင်တွေအကုန်လုံး အခြေစိုက်ရာမြို့က နာမည်နဲ့လိုက်အောင် ရာဇ၀တ်မှု တွေများတဲ့ Sin City။ အဲ့ဒီမြို့မှာ ဖြစ်နေတဲ့အဖြစ်အပျက်တွေက ဆန်းတော့ဆန်းတယ်။ မြို့ဟောင်းကို ပြည့်တန်ဆာမတွေကိုပေးထား ရတာမျိုး။ ဆီနိတ်တာရဲ့သားက လူသိထင်ရှားသက်ငယ်မုဒိန်းသမားဖြစ်နေတာ‌မျိုးတွေ။ အဓိကဇာတ်ကောင်တွေ အကုန်လုံးက ကြမ်းပေ့ ရမ်းပေ့ဆိုတဲ့ကောင်တွေ။ မှန်တယ်ထင်ရင် လုပ်ချင်တာလုပ်တဲ့လူမိုက်တွေ။ ဇာတ်ကောင်တွေဟာ ကားတိုက်လည်းမသေ ခေါင်းသေနတ် မှန်လည်းမသေ ဘောပြတ်လည်းမသေ၊ သူ့ inner logicနဲ့ သူကြမ်းထော်နေပေမယ့် အကုန်လုံး မပြည့်စုံတဲ့လူတွေ။ နှလုံးရောဂါသည် စိတ်ရောဂါသည် မျက်နှာပြင်ထားရတဲ့လူ ဒီလိုလူတွေ။ မင်းသမီးတွေကလည်း တကယ့် seducerတွေ။ Sin Cityကလူတွေဆိုတော့ ဘားမယ်တွေ ပြည့်တန်ဆာ‌မတွေ။ ဘားမယ်လုပ်တဲ့ ဂျက်စီကာ အယ်ဘာရဲ့ လှချက်တွေကသေလို့ရသလို ဂျပန်မဆန်ဆန်ဇာတ်ကောင်လေး မီဟိုရဲ့ ကင်ဒိုဓားနဲ့ ခုတ်ချင်တိုင်းခုတ်နေတဲ့ဟန်ကလည်း သူရဲ့ ဆွဲဆောင်မှုတစ်ခုပဲ။ Eva GreenကိုသာSin City, A Dame to Killထဲကလို ဒီမှာထည့်သုံးထားရင် ပိုကောင်းမှာပါ။ ဒါကိုပဲ သူ့အားနည်းချက် လို့ ထားရမှာပဲ။ ဇာတ်လမ်းလေးပုဒ်ပါတယ်။အဲ့ဒီလေးပုဒ်လုံးရဲ့ Time Lineကဆက်နေတယ်။ဘာကအရင် ဘာကနောက်ဆိုတာကိုတော့ ပရိတ်သတ်ကို Mind Blowningလုပ်ဖို့ချန်သွားတယ်။ ဒါကလည်း အရသာတစ်မျိူးပါပဲ။ နံပါတ်၂ဇာတ်လမ်းဆို ကျွန်တော်ဖတ်ဖူးတဲ့ဘာသာပြန် ၀တ္တုတစ်ပုဒ်ကိုတောင် သတိရစေတယ်။ မောင်မိုးသူရဲ့သေနေ့။ အဲ့ဒီ၀တ္တုထဲမှာ ရောဂါနဲ့သေတော့မယ့်အမျိုးသမီး တစ်ယောက်က သူ့ကိုယ်သူသတ်ဖို့ တစ်ဆင့် လူသတ် သမားငှားထားတယ်။ ဘယ်သူလဲ သူမသိရဘူး။ ရောဂါရှိတယ်ဆိုတာကမှားနေတော့ လူသတ်သမားလက်က သူပြေးဖို့ဖြစ်လာတယ်။ ဒီထဲက Customer always Rightဆိုတဲ့အပိုင်းဟာ အဲ့ဒီ၀တ္တုကို တခြားအမြင်ကပြထားသလိုပါပဲ။ Customer Always Rightက အတော်အနုပညာ ဆန်သလို ကျန်တဲ့ သုံးပိုင်းကလည်း မနုံနဲ့ဘူး။ Crimeကားတွေကြိုက်တဲ့လူဖြစ်ဖြစ် Actionကားတွေကြိုက်တဲ့လူဖြစ်ဖြစ် ဇာတ်အိမ်ဆန်းတာတွေ ကြိုက်တဲ့လူဖြစ်ဖြစ်မကြည့်ရသေးလို့ ကြည့်ပြီးရင်တော့ . . . လွန်ခဲ့တဲ့ဆယ့်ငါးနှစ်ကထွက်ခဲ့တဲ့ ရုပ်ရှင်ကို ဆယ့်ငါးနှစ်လုံးမကြည့်ခဲ့မိလို့ နောင်တ ရမယ့်ရုပ်ရှင်မျိုးပါပဲ။