-
Movie Name
-
Royal Tramp 1
-
Year
-
1992
-
Generes
-
Action, Comedy
-
Code
-
02517
-
Type
-
Movie
-
Size
-
139 MB
-
Country
-
China
-
Description
-
မင်းသားကြီး စတီဖင်ချောင်ရဲ့ IMDb Rating (7.2/10) ရရှိထားတဲ့ ဟာသဇာတ်ကားပါ။
ရယ်ရလွန်းလို့ အူတောင်တက်ပါတယ်။
ဘဝရဲ့ရှင်သန်နေထိုင်မှုပုံစံမျိုးစုံထဲမှာ ဒီဇာတ်ကားထဲက ဇာတ်ကောင်ဝေချွဲဘိုရဲ့နေထိုင်မှုစရိုက်ပုံစံကိုတော့
အတော်သဘောကျမိပါတယ်။ ကျွန်တော့်စိတ်ထင် ဒိန်ခဲရွှေ့တဲ့စာအုပ်ထဲက ဖိန့်တစ်လုံးဆောင်ထားတဲ့
လူတစ်ယောက်ပုံစံမျိုးပါ။
ဘဝဆိုတာ ကြမ်းတမ်းတယ်…မရိုးရှင်းဘူး…
ကံကြမ္မာကလဲ အံစာတုံးတစ်တုံးလို ကျချင်တဲ့နံပါတ်ကိုချပြတယ်…ဒီလိုဘဝကြီးထဲမှာ ပျော်ရွှင်စွာ နှစ်မြောခံစားဖို့
အရာအားလုံးကို ကြုံသလိုဖြေရှင်းသွားပြီး လောကရဲ့အနှစ်သာရကိုအပြည့်အဝခံစားသွားတဲ့ ဝေချွဲဘိုဆိုတဲ့ဇာတ်ကောင်ဟာ
စိတ်ညစ်စရာတွေတွေ့လာတဲ့အခါ အမှတ်ရစရာအဖြစ်ရှိနေမှာပါ။
ဇာတ်လမ်းကတော့…
ဝေချွဲဘိုဟာ တစ်ဝမ်းတစ်ခါးကိုကြုံသလိုဖြေရှင်းနေသူပါ။
တစ်နေ့တော့ ဘုရင့်ကိုတော်လှန်နေတဲ့အဖွဲ့ထဲ မထင်မှတ်ဘဲရောက်သွားပြီး
နန်းတွင်းမှာ အယောင်ဆောင်အမှုထမ်းပြီး ဘုရင်ကိုလုပ်ကြံဖို့နဲ့ သိုင်းကျမ်းကိုခိုးယူဖို့စေလွှတ်ခံရပါတယ်
ဒါနဲ့ ရွှေနန်းတော်မှာ အမှုထမ်းဖို့ အလုပ်သွားလျှောက်တာ
မထင်မှတ်ဘဲ ကုန်းကုန်းအမှုထမ်းခေါ်တဲ့ဖက်ရောက်သွားပြီး
ဝှေးသင်းတဲ့နေရာကိုရောက်သွားပါတယ်။
ကံကောင်းစွာနဲ့ ဝှေးသင်းမခံရဘဲ နန်းတော်ရဲ့အရှုပ်ထုပ်တစ်ခုမှာ အမှုထမ်းဖို့ထပ်မံစေခိုင်းခံရပါတယ်။
ရွှေနန်းတော်ကလဲ အတော်ရှုပ်ထွေးပြီး ဘုရင်ကလဲ ကလေးအရွယ်မို့ အမတ်တွေဟာ
သူတစ်လူ ငါတစ်မင်း လုပ်ချင်ရာလုပ်နေကြပါတယ်။
သူဟာ နန်းတော်အတွင်းမှာ ဘုရင်နဲ့ပါထပ်မံခင်မင်သွားတဲ့အခါမှာတော့…….
ဝေခွဲျဘိုဟာ …ဘုရင်ကိုလုပ်ကြံချင်သူအဖွဲ့ထဲကလဲဖြစ်သလို…
သိုင်းကျမ်းခိုးယူမယ့်အဖွဲ့ကလဲဖြစ်သလို…
ဘုရင့်ဘက်တော်သားလဲဖြစ်လာတဲ့အခါမှာ…
ထင်ရာမြင်ရာ ဉာဏ်ရှိသလို အခက်အခဲများကိုဖြေရှင်းပုံကို တသောသောရယ်မောကြည့်ရှုရမှာပါ။
(Sher Lock Holmes မှခံစားတင်ဆက်ထားပါတယ်။)