Movie Name
The Flirting Scholar (1993)
Year
1993
Generes
Comedy, Romance
Code
02520
Type
Movie
Size
988 MB
Country
China
Description
IMDb Rating (7.6) ထိ ရရှိထားတဲ့ မင်းသားကြီး စတီဖင်ချောင်ရဲ့ Epic ဇာတ်ကားတစ်ကားပါ။ မင်းသမီးကလဲ ဂေါင်လီဆိုတော့ ကြည့်သင့်နေပြီဆိုတာ သေချာပါတယ်။ စာပေအနုပညာအရာမှာ သူမတူအောင် ထူးချွန်သူ စတီဖင်ချောင်ဟာ သူ့ခေတ်မှာပေါ်ထွန်းတဲ့ ပညာရှိ ၄ ယောက်ထဲက အကျော်ကြားဆုံး ပညာရှင်ပါ…. လူတိုင်းက သူ့ကို လေးစားအားကျရလောက်အောင် မိန်းမကလဲ ၈ ယောက်တောင် ရှိပါတယ်။ ဒါပေမယ့် အရမ်းကို နက်နဲတဲ့ သူ့ဘဝကို တော်ယုံလူက မစာနာတတ်ဘဲ လိုတိုင်းရဘဝလို့ ထင်ကြပါတယ်။ သူ့မှာ အဓိက လိုအပ်နေတာ တစ်ခုရှိပါတယ်…ချစ်ခြင်းမေတ္တာပေါ့။ မိန်းမ ၈ ယောက်နဲ့ မလုံလောက်တဲ့ သူ့အချစ်တွေ ဘယ်သူ့ဆီမှာ ကျရှုံးမလဲဆိုတာ……..။ အသေရီရတဲ့ ဇာတ်ကားပါ…တစ်ချိန်လုံး သွားမစေ့ရပါဘူး။ သူ့ရဲ့ ဟာသဖန်တီးနိုင်စွမ်းကို ဒီဇာတ်ကားမှာ တစ်ချိန်လုံးမြင်နေရပါတယ်..အသေးအဖွဲလေးတွေက အစ ရီရဖို့ လက်လွတ်မခံထားပါဘူး။ ဟာသရသ မကျန်ရစ်ရအောင် စာသံကဗျာသံတွေမှာလဲ အတတ်နိုင်ဆုံး ဆက်စပ်ပြီး ဘာသာပြန်တင်ဆက်ထားပါတယ်။ ခံစားအားပေးကြပါဦး။