Movie Name
Tricky Brains 1991
Year
1991
Generes
Comedy, Romance
Code
02523
Type
Movie
Size
855 MB
Country
China
Description
IMDb Rating (7.1) ထိ ရရှိထားတဲ့ စတီဖင်ချောင်ရဲ့ နာမည်ကြီးဇာတ်ကားတစ်ကားပါပဲ။ စတီဖင်ချောင်အပြင် မင်းသား Andy Lau.. မင်းသမီး Rosamund Kwan နဲ့ အခြားသော နာမည်ကြီးဇာတ်ရံများလဲပါဝင်ထားပါတယ်။ ဒီဇာတ်ကားထဲမှာ စတီဖင်ချောင်က လူလိမ်ဝိဇ္ဇာ… လိမ်တဲ့နေရာမှာ လျပ်တပြက်ရော အစီအစဉ်တကျရော အကုန်ပိုင်နိုင်တဲ့ စွယ်စုံရလူလိမ်… ဘယ်သူ့မျက်နှာမှ မထောက်ဘဲ ပိုက်ဆံမျက်နှာတစ်ခုပဲကြည့်တတ်တဲ့ တကယ့်လူ… အဲ့…အန်ဒီလျူကျတော့ ရိုးသားကြိုးစားတဲ့ ကုမ္ပဏီဝန်ထမ်းတစ်ဦး… ရိုးအ,လွန်းလို့ ကောင်မလေးကတောင် ရေလာမြောင်းပေးပြရတဲ့လူ… စတီဖင်ချောင်လိုလူလိမ်ဝိဇ္ဇာနဲ့ အန်ဒီလျူလိုလူရိုးလေးတို့ လျှို့ဝှက်ကိစ္စတစ်ခုနဲ့ ထိပ်တိုက်တွေ့ကြတဲ့အခါ…….။ ဇာတ်ကားက အတော်ပဲရယ်ရပါတယ်…စတီဖင်ချောင်တစ်ယောက်ထဲနဲ့ကို အကွက်ပြည့်နေတာပါပဲ။ စတီဖင်ချောင်ရဲ့မျက်ခွက်ပြောင်ပုံနဲ့ ဒီဇာတ်လမ်းတစ်သားတည်းကျကြောင်းကို အောက်မှာ အစမ်းရှုပါ။ တခြားတစ်ယောက်နဲ့ သူ့ကောင်မလေးစေ့စပ်သွားလို့ အသည်းကွဲနေတဲ့ အန်ဒီလျူတစ်ယောက် အရက်သောက်ရင်းညည်းတယ်။ “မိန်းမတွေက အရေးမပါပါဘူးကွာ…” ဒါကို စတီဖင်ချောင်ကတော့လက်မခံပါဘူး..ဒီလိုပြန်ချေပပါတယ်။ “အရေးပါတယ်ကွ….သူ့ကိုလက်ထပ်ပြီးရင် မင်းနှိပ်စက်လို့ရပြီ…. ပြီးရင် သူ့ကို အပျော်မယ်လုပ်ခိုင်းပြီး ရောင်းစားလိုက်လဲရတယ်… တခြားလူဆီတော့ မပေးလိုက်နဲ့” တဲ့။ 😛 ဗရုတ်သုတ်ခ စတီဖင်ချောက်တစ်ယောက် ဘယ်လိုတွေ ပြသနာရှာပြီး အဲ့ပြသနာတွေကို သူပဲ ဘယ်လိုဖြေရှင်းသွားမယ်ဆိုတာ..ကြည့်ရှုလိုက်ပါနော်။