Movie Name
The Man Standing Next (2020)
Year
2020
Generes
Historical, Thriller
Code
04643
Type
Movie
Size
833 MB
Country
Hollywood
Description
ဒီကားကတော့ ၂၀၂၀ခုနှစ်အစောပိုင်းကပဲ ထွက်ရှိထားတဲ့ မင်းသားကြီး လီဗြောင်ဟွန်းရဲ့ History/Thriller ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပြီး ဒီကားထဲမှာ တခြားဇာတ်ရုပ်တေနဲ့မတူပဲ တမူထူးခြားစွာ သရုပ်ဆောင်ထားတဲ့ လီဗြောင်ဟွန်းရဲ့ပြောင်မြောက်တဲ့ သရုပ်ဆောင်စွမ်းရည်ကို ကြည့်ရှုခံစားကြရမှာဖြစ်ပါတယ်။ IMDB 7.3 ထိရရှိထားပြီး MDL(My Drama List)မှာ 6.4ထိရရှိထားတဲ့ ကိုရီးယားနိုင်ငံရေးသရုပ်ဖော် ကားကောင်းတစ်ကားလည်းဖြစ်ပါတယ်။ ဇာတ်လမ်းက တောင်ကိုရီးယားနိုင်ငံ ရဲ့ ၁၉၇၀ ခုနှစ်ဝန်းကျင်မှာ ဖြစ်ပျက်ခဲ့တဲ့ နိုင်ငံရေးအရှုပ်တော်ပုံ၊နိုင်ငံအကြီးအကဲတွေရဲ့ လှည့်ကွက်တွေကိုအခြေခံထားပြီး ရိုက်ကူးထားပါတယ်။ ဇာတ်လမ်းအစမှာ အမေရိကန်နိုင်ငံ တရားခုံရုံးထက်မှာ KCIA(Korea Central Intelligence Agency)ရဲ့ ဦးစီးမှူးဟောင်း ပတ်ယွန်းဂတ်ဆိုသူက တောင်ကိုရီးယားနိုင်ငံရဲ့သမ္မတကြီးကို တရားစွဲဆိုမှုပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီအချိန်ကတောင်ကိုရီးယားမှာဒီမိုကရေစီမရသေးချိန်ဖြစ်လို့ KCIA ကဦးစီးမှူးဟောင်းကတောင်ကိုရီးယားသမ္မတကို ပြည်သူတွေအပေါ် အာဏာရှင်စနစ်ကိုဆွဲကိုင်ထားခြင်း တခြားသော ငွေကြေးအရှုပ်များရှိနေခြင်းစတဲ့ပြစ်ချက်တွေနဲ့စွဲချက်တင်လိုက်ပါတယ်။ ဒီလိုဖွင့်ဟထုတ်ဖော်ပြောလိုက်လို့လည်းအဲ့အချိန်ကစပြီးအဲ့ဒီလူကံဆိုးမိုးမှောင်စကျပါတော့တယ်။ သူနောက်မှာ KCIA ရဲ့ဦးစီးမှူးအသစ် ဖြစ်လာသူ ကင်ဂူဖြောင်းကတော့ သမ္မကြီးအပေါ်သစ္စာရှိသူ၊ဖြောင့်မတ်မှန်ကန်သူတစ်ယောက်ပါ။ အဲ့ဒီအချိန်က KCIA ဆိုတာ ကိုရီးယားသမ္မတရဲ့အတွင်းရေးကိစ္စမှန်သမျှလုပ်ဆောင်ပေးရတဲ့ အဖွဲ့အစည်းတစ်ခုပါ။ ဒါပေမယ့် မထင်မှတ်ထားစရာတစ်ခုက အဲ့လိုသမ္မတလက်စွဲအဖွဲ့အစည်းထက်မှာ တခြားသောလျှို့ဝှက်အဖွဲ့အစည်းတစ်ခုထပ်ရှိနေတယ်ဆိုတာပါပဲ။ ဒီအဖွဲ့က သမ္မတကြီးက KCIAကိုတိုက်ရိုက် ခိုင်းစေဖို့မသင့်လျော်တဲ့ ကိစ္စမျိုးတွေ၊ငွေကြေးအရှုပ်တော်ပုံတွေကိုတာဝန်ယူကိုင်တွယ်ပေးနေရတဲ့ လူယုံတော်အဖွဲ့အစည်းတစ်ခုပါ။ ဒါကိုသမ္မတကြီးကိုယ်တိုင်ကလွဲလို့ဘယ်သူမှမသိပါဖူး။ဒါပေမယ့် ဒီအကြောင်းကို KCIAကဦးစီးမှူးဟောင်းပတ်ကသိနေခဲ့ပါတယ်။ ဒီအကြောင်းကိုသူနဲ့ခင်မင်ရင်းနှီးရပြီးဂျူနီယာတစ်ယောက်ဖြစ်တဲ့ KCIA ဦးစီးမှူးအသစ် ကင်ဂူဖြောင်းကိုလည်းပြောပြခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ဒါကိုဖော်ထုတ်ဖို့ကင်ဂူဖြောင်းတစ်ယောက်ကြိုးစားရင်းများပြားလှတဲ့နိုင်ငံရေးအရှုပ်တော်ပုံ သစ္စာဖောက်မှုတွေ၊လှည့်ကွက်တွေ၊နိုင်ငံတကာဖိအားတွေစသဖြင့်ကြုံတွေ့လာရပါတယ်။ အဆုံးသတ်မှာတော့အားလုံးမထင်မှတ်တဲ့ဇာတ်သိမ်းမျိုးနဲ့ သိမ်းထားတဲ့အပြင်တောင်ကိုရီးယားသမိုင်းကဖြစ်ရပ်မှန်အကြောင်းကို ကျောရိုးတည်ရိုက်ကူးထားတာကြောင့် အေးအေးဆေးဆေးနဲကြည့်ရှုလိုသူများအတွက် သင့်တော်ပြီး အနှစ်သာရရှိတဲ့ ဇာတ်ကားတစ်ကားဖြစ်တယ်လို့ညွှန်းချင်ပါတယ်။