-
Movie Name
-
Dung Duang Haruetai (နှလုံးသားရဲ့လမ်းပြကြယ်)
-
Year
-
2020
-
Generes
-
Drama, Historical, Romance
-
Code
-
ST0011
-
Type
-
Series
-
Size
-
15.1 GB
-
Country
-
Thai
-
Description
-
အခုတင်ဆက်ပေးမဲ့ဇာတ်ကားကတော့ထိုင်းch3လိုင်းကနေပီးတော့လက်ရှီထုတ်လွှင့်ပြသနေတဲ့adminတို့ရဲ့ရွှေမင်းသမီးလေးKimရဲ့ဇာတ်ကားသစ်ကြီးပဲဖြစ်ပါတယ်😍 **************************************** 🌟”နှလုံးသားရဲ့လမ်းပြကြယ်”🌟 (Dung Duang Haruetai) Ongoing Drama Casts: ရမ်စီမန်အဖြစ် ; Tik Jesadaporn ထစီကာကန်ယာဝတီအဖြစ် ; Kimmy Kimberley Main Details ဒီဇာတ်ကားဟာDrama/Romance typeဖြစ်လို့ပရိတ်သတ်ကြီးကိုအချစ်/အလွမ်း/ရန်ငြိုး/ပြိုင်ဆိုင်မှု/သည်းထိတ်ရင်ဖိုအစရှိတဲ့ရသပေါင်းစုံကိုတစိပြိုင်နက်တည်းခံစားရစေမှာဖြစ်ပါတယ်😍နောက်ပီးတော့ဒီဇာတ်ကားဟာJapanနဲ့Australiaမှာသွားရိုက်ထားတာဖြစ်တဲ့အတွက်အဲ့ဒီနိုင်ငံတွေရဲ့အလှအပတွေယဉ်ကျေးမှုတွေကိုပါတစ်ပါတည်းတွေ့မြင်ရမှာဖြစ်ပါတယ်❤️...ဆိုတော့ကာဇာတ်လမ်းအကျဉ်းလေးကိုဖတ်ကြည့်လိုက်ကြရအောင်👀 ဇာတ်လမ်းအကျဉ်း~~~~ ကာစစ်,ပန်ထူရ(က်),ထန်တအမည်ရတဲ့တိုင်းပြည်၃ခုရှိသည့်အနက်ရမ်စီမန်ဘုရင်(Tik)အုပ်ချုပ်သောကာစစ်ပြည်သည်အချမ်းသာဆုံးနှင့်အင်အားအကြီးဆုံးတိုင်းပြည်ဖြစ်ပေမဲ့လို့ရေကြောင်းလမ်းကင်းမဲ့တဲ့ပြည်ဖြစ်တယ် ဒါ့ကြောင့်ရမ်စီမန်ဘုရင်(Tik)ကထန်တတိုင်းပြည်ရဲ့မင်းသမီးဖြစ်တဲ့မနိစလာနဲ့လက်ထပ်ဖို့အတွက်ကမ်းလှမ်းပီးနှစ်နိုင်ငံပူးပေါင်းဖို့အတွက်ကြံစည်ပီးပန်တူရ(က်)တိုင်းပြည်ကိုသိမ်းဖို့တိုင်ပင်နေတယ်... ဒါပေမဲ့မင်းသမီးမနိစလာကဘုရင်ရမ်စီမန်(Tik)ရဲ့ရက်စက်ကြမ်းကြုတ်မှုတွေရဲ့သတင်းကိုကြားသိထားတဲ့အတွက်လက်မထပ်ချင်သောကြောင့်မင်္ဂလာပွဲမှထွက်ပြေးလာခဲ့တယ်... ထိုအချိန်မှာပဲပန်ထူရ(က်)တိုင်းပြည်ရဲ့အိမ်ရှေ့စံမင်းသားတရွတ်သီထွန်(ချိုင်)ကတောလိုက်ထွက်လာပီးထောင်ချောက်ထဲမိနေတဲ့မင်းသမီးမနိစလာကိုကယ်တင်ခဲ့ပီးသူ့တိုင်းပြည်သို့ခေါ်သွားပါတော့တယ်.... မင်းသမီးမနိစလာပျောက်နေတဲ့သတင်းကိုပန်ထူရ(က်)ရဲ့အိမ်ရှေ့စံမင်းသမီးထစီကာ(Kim)ကြားတဲ့အခါဒီကိစ္စကသူ့ရဲ့အစ်ကိုတော််ဖြစ်တဲ့မင်းသားတရွတ်သီထွန်(ချိုင်)နဲ့ပက်သတ်လိမ့်မည်ဟုတွေးပီးသူ့ရဲ့အစ်ကိုတော်ကိုရှာဖို့ထွက်လာချိန်မှာပဲကာစစ်ရဲ့ဘုရင်ရမ်စီမန်(Tik)ရဲ့ပြန်ပေးဆွဲခြင်းကိုခံရပီးကာစစ်တိုင်းသို့ခေါ်ဆောင်ခြင်းခံခဲ့ရရှာတယ်.. ထစီကာ(Kim)ကမင်းသမီးမနိစလာပြန်လာရေးအတွက်သူသည်ဓားစာခံအဖြစ်ခေါ်ဆောင်ခံလာရတဲ့အကြောင်းကိုသိသွားတဲ့အခါဘုရင်ရမ်စီမန်(Tik)ကိုအစပိုင်းတွင်အလွန်မုန်းတီးခဲ့တယ် သို့သော်ဘုရင်ရမ်စီမန်(Tik)ကတော့မင်းသမီးထစီကာ(Kim)ကိုမြင်မြင်ချင်းချစ်ခင်မြတ်နိုးမိတဲ့သွားသူဖြစ်တယ် သို့ပေမဲ့တိုင်းပြည်အရေးဦးစားပေးရသောကြောင့်ချစ်ပေမဲ့လည်းထုတ်မပြခဲ့ပေ...... ကဲတိုင်းပြည်သုံးခုရဲ့အရှုပ်အထွေးတွေကြားမှာသူတို့အချစ်ရေးကရောဘယ်လိုတွေဆက်ဖြစ်လာကြမလဲ?? .ပန်ထူရ(က်)ရဲ့မင်းသားတရွတ်သီထွန်(ချိုင်)ကရောထန်တရဲ့မင်းသမီးမနိစလာကိုချစ်မြတ်နိုးလာမှာလား? ရက်စက်ပီးကြမ်းကြုတ်တယ်လို့သတင်းကြီးတဲ့ကာစစ်ရဲ့ဘုရင်ရမ်စီမန်(Tik)ကရောပန်ထူရ(က်)ရဲ့မင်းသမီးထစီကာ(Kim)ကိုပဲနှလုံးသားနဲ့ရွေးချယ်မှာလား??? ဒါမှမဟုတ်တိုင်းပြည်အရေးကိုပဲကြည့်ပီးထန်တရဲ့မင်းသမီးမနိစလာကိုပဲဦးနှောက်နဲ့ရွေးချယ်မှာလား??? တကယ်လို့မနိစလာကိုရွေးချယ်လိုက်ရင်ရောမင်းသားတရွတ်သီထွန်(ချိုင်)လက်ထဲကဘယ်လိုပြန်လုမလဲ?? ဒါဆိုမင်းသမီးထစီကာ(Kim)ကရောဘယ်လိုတွေဖြစ်သွားမလဲ??.............ဆိုတာတွေကိုတော့ဇာတ်လမ်းလေးထဲမှာပဲဆက်လက်အားပေးကြည့်ရှုလိုက်ကြရအောင်လားရှင်❤️ Translator: Kimmy Kimberley Myanmar FC Encoder: Kyi Nue Zin(FIV Entertainment Channel) Kimmy Kimberley Myanmar FCနှင့်FIV Entertainment Channelတို့မှပူးပေါင်းတင်ဆက်သည်