Movie Name
The One And Only Ivan (2020)
Year
2020
Generes
Animation, Comedy
Code
04644
Type
Movie
Size
647 MB
Country
Hollywood
Description
IMDb 6.9/10 Rotten Tomatoes 71% ရရှိထားတဲ့ Disney ဇာတ်ကားအသစ်လေးပါ။ ကလေးရော လူကြီးရော အကြိုက်တွေ့မယ့်ကားပါ။ ကလေးတွေကြည့်ပြီး စံထားစရာ ဇာတ်ကောင်တွေ စကားတွေ အများကြီးပါ,ပါတယ်။ Silverback မျောက်ဝံကြီး Ivan ဟာ သူနေ,နေရတဲ့ Markရဲ့ပြပွဲရုံထဲက ဘဝကို ငြီးငွေ့နေသူပါ။ Markရဲ့ တိရစ္ဆာန်ပြပွဲ အဖွဲ့မှာ Stella ဆိုတဲ့ ဆင်အိုမကြီးတစ်ကောင်လည်း ရှိတယ်။ Stella က Ivan မိတ်ဆွေတွေထဲမှာ သက်တမ်းအရင့်ဆုံးနဲ့ အမျှော်အမြင်အရှိဆုံးသူပေါ့။ Markက ပြပွဲ အရှုံးပေါ်နေချိန် ပွဲကြည့်သူများလာဖို့ Ruby ဆိုတဲ့ ဆင်ပေါက်လေးကို တင်ဆက်ပြသဖို့ ဝယ်ယူခဲ့တယ်။ Ruby လေးကို သူ့လို ကျဉ်းကျပ်တဲ့ ဘဝမှာ မနေစေလိုတဲ့ Stella ဟာ Ivan ကို ကတိတစ်ခုနဲ့အတူ အကူအညီတောင်းခဲ့တယ်။ Ivan က Stella အပေါ်ထားခဲ့တဲ့ ကတိကို တည်ဖို့ကြိုးစားရင်း သူမေ့ထားတဲ့ သူ့ရဲ့အတိတ်ကို တစ်စပြီးတစ်စမှတ်မိလာတဲ့နောက်…