-
Movie Name
-
The Four 1 (2012)
-
Year
-
2012
-
Generes
-
Action, Crime, Historical
-
Code
-
02536
-
Type
-
Movie
-
Size
-
850 MB
-
Country
-
China
-
Description
-
ပရိတ်သတ်တွေရဲ့ အသည်းကျော် ဂူဂူးလေးရဲ့ The Four ကားလေးကို စာအမှန် ရုပ်ထွက်အကြည် နဲ့ ပြန်တင်ဆက်
ပေးလိုက်ပါတယ်ဗျာ။ဇာတ်လမ်းအကျဉ်းလေးကတော့ …..
ရဲချုပ် လျှို လူကြီးမင်းဦးဆောင်နေတဲ့ ဌာန ၆ ဆိုတဲ့ အထူးစုံစမ်းထောက်လှမ်းရေး အဖွဲ့တစ်ခုရှိတယ် ။
ခက်ခဲနက်နဲတဲ့ အမှုတော်တော်များများကို ဖော်ထုတ်နိုင်လို့ မင်းနေပြည်တော်မှာ အထူးနာမည်ရပြီး အာဏာရနေတဲ့အဖွဲ့ပေါ့ ။
တစ်နေ့မှာ ရွှေဒင်္ဂံါးပြားအတု ထုတ်တဲ့ ဘလောက်တုံး ပျောက်ဆုံးမှု အမှုတစ်ခုကို ဌာန ၆ က ရဲချုပ်ကိုယ်တိုင်
ဆင်းဖမ်းရင်း ဆန်ဟုန်ဖူး ဆိုတဲ့ အဖွဲ့တစ်ခုနဲ့ သွားဆုံမိတယ် ။
ဆန်ဟုန်ဖူး အဖွဲ့ဆိုတာနန်းတွင်းဘုရင့်အမိန့်တော်နဲ့ ကျူကယ်ကျုံး ဦးဆောင်ဖွဲ့စည်းထားတဲ့ အထူးလျှို့ဝှက်ထောက်လှမ်းရေး အဖွဲ့ဖြစ်နေတယ် ။
ကျူကယ်ကျုံးဆိုတာ အရင်တုန်းက ဘုရင့်ကိုယ်ရံတော် ။ စည်းစိမ်ဥစ္စာပြည့်စုံတဲ့ ကိုယ်ရံတော် ရာထူးကို
ကျူကယ်ကျုံးက ချိုင်လူကြီးမင်းနဲ့ ပြသနာရှိတယ် ဆိုပြီး စွန့်လွှတ်ခဲ့ပြီး ဆန်ဟုန်ဖူးဆိုပြီး အဖွဲ့တစ်ခုကို ထူထောင်ထားခဲ့တယ် ။
ဆန်ဟုန်ဖူး အဖွဲ့ကိုဌာန ၆ ရဲချုပ် လျှိုလူကြီးမင်းက မယုံဘူး ။ ဒါကြောင့် သူ ယုံကြည်စိတ်ချရတဲ့ ဌာန ၆ က သူ့တပည့် လန်လင်ချီကို
အဖွဲ့က ထုတ်ပစ်ပြီး ဆန်ဟုန်ဖူးအဖွဲ့ကို စုံစမ်းစေတယ် ၊ တစ်ဘက်လှည့်နဲ့ ပျက်ဆီးအောင်လည်း ကြံဆောင်စေပါတယ် ။
တိုင်းပြည်တစ်ဝန်းလုံးမှာလည်းငွေဒင်္ဂံါးအတုတွေက အစစ်မနဲ့မခြား ပေါများနေတုန်းပဲ ဘဏ်တွေက အတုကို
လက်မခံတော့ အောက်ခြေလူတန်းစားတွေပဲ ဒုက္ခဖြစ်နေကြတယ် ။ ဒဂါႍးပြားအတု နောက်ကွယ်မှာ ဘယ်လို ရာထူးရာခံ ပုဂ္ဂိုလ်တွေ
ရှိနေပြီး ဘယ်လိုလူတွေက နောက်ကွယ် စီမံနေတယ်ဆိုတာကို ဌာန ၆ နဲ့ အတူ ဟုန်ဆန်ဖူး အဖွဲ့သားတွေက ဖော်ထုတ်နို
င့်ပါ့လား ။ ဌာန ၆ ရဲ့ ခြေထိုးခံမှုတွေကိုရော ဆန်ဟုန်ဖူးတွေ တွန်းလှန်နိုင်ပါ့မလား ……..စည်းစိမ်ဥစ္စာ ၊ရာထူးအာဏာကြားက မေတ္တာတရားတွေ ၊
အမြီးကျက် အမြီးစားပြီး ကြီးပွားချင်သူတွေ ၊ ခေါင်းကျက် ခေါင်းစားပြီး ကောင်းစားချင်သူတွေနဲ့ သပွတ်အူလို ရှုပ်ထွေးလှတဲ့
နန်တွင်းအရှုပ်တော်ပုံနဲ့ နိုင်ငံရေးတွေ ရာထူးလုပွဲတွေကို ခံစားကြပါစေကုန်………