Movie Name
1 The Gods Must Be Crazy (1984)
Year
1984
Generes
Adventure, Comedy
Code
02539
Type
Movie
Size
1 GB
Country
Hollywood
Description
ပီတာက ဆိတ်၇ကောင်ပေး မယ်ဆိုလို့ကျတော်လိုက်လာတာ ရုပ်ရှင်ဆိုတဲ့စကားကိုကျတော်အခုမကြားဖူးတာဗျ။ ဒီမှာ နေအခါ၃၀ ဝင်တဲ့အထိနေရမယ်ပြောတယ်။ ပြီးရင်ကျတော် စန်တို့ရှိတဲ့ဆီကို ဆိတ် ၇ကောင်ယူပြီးပြန်မယ်။ ” N!xau Toma တောင်အာဖရိကတိုက်အစွန် နမီးဘီးယားဆိုတဲ့နိုင်ငံသေးသေးလေးအပြင်မြို့ပြနဲ့မိုင် ပေါင်းများစွာဝေးတဲ့ အာဖရိကတောတွင်းတနေရာမှာ စန်ဆိုတဲ့အာဖရိကလူရိုင်းရွာလေးတရွာရှိခဲ့တယ်။ ဒီရွာလေးက နမီးဘီးယားနိုင်ငံထဲကကာလာဟာရီ သဲကန္တာရထဲမှာရှိပြီး အာဖရိယလူရိုင်းမျိူးနွယ်တွေထဲမှာ ခေတ်နောက်အကျဆုံးလူမျိူးစုတွေထဲက ၁၂ရာစုလူနေမှုစနစ်လိုနေထိုင်ကြတဲ့ ဘာဆာဝါ ဆိုတဲ့လူရိုင်းမျိူးနွယ်စုရဲ့ရွာလေးပါ။ အမဲလိုက် ပျားအုံဖွတ် ငါးဖမ်းရင်း အသက်မွေးကြပြီး လယ်ယာမြေစိုက်ပျိူးမှုကိုတောင်မသိရှိသလို သူတို့ဘာသာစကားဟာလူ၁သောင်းတောင်မသိတဲ့ဘာသာစကားတခုကို ပြောကြတဲ့လူရိုင်းမျိူးနွယ်ပါ။ ၃နှစ်လောက်နေမှမြို့ပြအမဲလိုက်အဖွဲ့တွေကိုတွေ့ရလေ့ရှိပြီး ဒါကိုကသူတို့အတွက်အထူးအဆန်းဖြစ်လေ့ရှိတဲ့ ကိစ္စပါ။သူတို့ယုံကြည်မှုက တခြားလူရိုင်းတွေလိုနတ်ဘုရားနဲ့ယစ်ပူဇော်မှုမဟုတ်ဘဲ ရာသီဥတုကိုယုံကြည်ကိုးကွယ်ကြတဲ့လူမျိူးတွေပါ။မှတ်တမ်းများအရ ဒီလူမျိူးစုစစ်စစ်ဟာ၂၀၀ကျော်သာကျန်တော့ပြီးသစ်တောပြူန်းတီးမှု တောင်အာဖရိကကျွန်ပြုအလုပ်ကြမ်းလုပ်ခိုင်းတဲ့သူပုန်တွေကြောင့် မျိူးတုံးလုနီးပါးအခြေအနေကိုရောက်နေရပြီး လူ၃၀ကိုတရွာလောက်ပဲနေထိုင်မှုတွေကြောင့် ဒီလူရိုင်းမျိူးနွယ်ဟာကမ္ဘာ့လူမျိူးစုထိန်းသိမ်းရေးအဖွဲ့တွေနဲ့အလှမ်းဝေးလွန်းခဲ့ပါတယ်။ အချိန်အားဖြင့် ၁၉၄၄ခုနှစ် ဒီဇင်ဘာလ ၁၆ရက်နေ့ ဒီရွာလေးမှာ N!xau Tomaဆိုတဲ့လူရိုင်းလေးတယောက်ကိုမွေးဖွားခဲ့ပါတယ်။ ဖခင်ဖြစ်သူ မိခင်ဖြစ်သူ ဦးလေးဖြစ်သူတွေနဲ့တမိသားစုလုံးဟာ အာဖရိကဘိန်းမှောင်ခိုအဖွဲ့တောပုန်းမှုမှာကြုံရင်း အသတ်ခံခဲ့ရပါတယ်။ ဒီလူရိုင်းလေးနဲ့သူ့အကို N!aau သာကျန်ခဲ့ပြီးတခြားရွာသူကြီးကသူတို့ညီကို၂ယောက်ကို မွေးစားခဲ့ပါတယ်။ Niaau ဟာလဲ ၉နှစ်သားမှာအပျော်တမ်းအမဲလိုက်အဖွဲ့ကပစ်သတ်တာခံခဲ့ရပြီး Tomaတယောက်ထဲမိမဲ့ဖမဲ့မိသားစုမဲ့နဲ့ဘဝကိုစတင်ဖို့ဖြစ်လာခဲ့ပါတယ်။ Tomaကလူရိုင်းပေမယ့်ဉာဏ်တော့ကောင်းတယ်။ ရွာကလူတွေထဲအမဲလိုက် အကျွမ်းကျင်ဆုံးသူရဲကောင်းဖြစ်သလို ၁၉နှစ်သားမှာငါးမွေးမြူဖို့ ရွံ့ကန်တခုကိုသူလုပ်ခဲ့ပါပြီ ဒါကသာမာန်လူတွေအဖို့ကလေးတောင်သိတယ်ဆိုပေမယ့် ဒီလိုလူရိုင်းတွေအဖို့တော့နည်းပညာသစ်တခုပါပဲ။ အဆိပ်မှုတ်ပြောင်းကိုပေ၃၀နီးပါးပစ်နိုင်အောင်လုပ်တတ်ခဲ့သလို လေးကိုလဲပေါ့ပါးပြီးအဝေးပစ်နိုင်အောင် ရွာကလူတွေကိုသူသင်ကြားပေးနိုင်ခဲ့ပါပြီ။ သူများတွေတလလောက်လိုက်ရတဲ့အမဲအုပ်ကိုသူ၁၀ရက်နဲ့လိုက်နိုင်သလိုတောလဲကျွမ်းကျင်သူပေါ့။ ဒါကြောင့်လဲရွာမှာပျိူတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်သလို Popularလဲဖြစ်လွန်းသူပါ။ ဒါပေမယ့်သူ့အသက်ကိုသူဘယ်လောက်ရှိမှန်းမရေနိုင်သလို တရက်တာအချိန်ကိုလဲနေဝင်နေထွက်တာနဲ့ပဲသိတဲ့သူပါ။ မိုးတခါရွာရင်တနှစိလို့သိတဲ့လူမျိူးစုဖြစ်သလို သမင်အုပ် တောင်ဖက်ပြောင်းရင် ၁နှစ်လို့အကြမ်းဖျင်းသိတဲ့လူမျိူးစုပါ။ နှစ်လရက်နာရီတွေကိုမသိသလိုဂဏာန်းတွေကိုလဲမသိရှိသူပါ။ ရွာမှာဆိတ်၅ကောင်ရှိသူဟာသူဌေးစာရင်းဝင်ဖြစ်ပြီးကျွဲ၁၀ကောင်အမဲလိုက်နိုင်ရင် Heroပါပဲ။ ဒီလိုနဲ့သူ့ အသက် ၂၅လို့ထင်ရတဲ့အချိန်မှာတခြားရွာကသူကြီးသမီးနဲ့လက်ထပ်ခဲ့ပြီး သူ့ရွာမှာပဲနေထိုင်ခဲ့ပါ တယ်။ ရွာဆိုတာကလဲ လူ၃၅ယောက်သာရှိတဲ့ရွာလေးပါ။ Peter Jay ……………… ပီတာကHollywood ရုပ်ရှင်လော ကမှာ ထုတ်လုပ်သူတယောက်ဖြစ်တဲ့ Jamie Uys ရဲ့သားပေါ့။ သူကိုင်တိုင်လဲSettingသမား တယောက်ဖြစ်သလိုအငယ်တန်းဒါရိုက်တာတ ယောက်ပါ။သူဌေးသားဖြစ်ပေမယ့်အမဲလိုက်ရ တာကိုဝါသနာပါသူတယောက်။ ၁၉၇၉ခုနှစ်မေ လမှာ သူနဲ့သူငယ်ချင်း၃ယောက်တောင်အာဖရိ ကကိုအမဲလိုက်ထွက်ခဲ့ပါတယ်။ကိုယ်ပိုင်ဂျက်လေ ယဉ်တစီးနဲ့သူငယ်ချင်းတွေအပျော်တမ်းအမဲ လိုက်ရာကနေ အင်ဂျင်မတော်မဆမှုဖြစ်ပြီးလေ ယာဉ်ပျက်ကျမှုကြောင့်သူတို့သူငယ်ချင်းတသိုက် ဟာကံဆိုးခဲ့ရပါတယ်။ မြို့ပြနဲ့ဆက်သွယ်မှုပြတ် သွားသလိုသူတို့လေယာဉ်ပျောက်ဆုံးမှုဟာလဲ သတင်းမှာပါခဲ့ပြီး တစီးလုံးသေဆုံးသွားကြောင်း ကြေငြာခဲ့ပါတော့တယ်။ ………………………………… ရွာသူလူတွေနဲ့အမဲလိုက်ထွက်ရင်း Toma တွေ့သွားတာကဒီသူဌေးသားပီတာရဲ့ အလောင်းကိုပါပဲ။ သေချာကြည့်မှမသေသေးပဲ အသက်ရှင်နေသေးတာကိုသိခဲ့လို့ရွာကိုကယ် လာပြီးဆေးကုပေးခဲ့ခဲ့ပါတယ်။ ကံကောင်းတယ် လို့ပဲပြောရမယ် ပီတာဟာအသက်ဘေးကနေဒီ လူရိုင်းကြောင့်လွတ်ခဲ့ပါတယ်။ ဒါပေမယ့်ခြေ ထောက်တဖက်ကတော့ဆုံးရှူံးခဲ့ရပါတယ်။ပီတာ ဟာဒီလူရိုင်းရွာမှာ ၅လအထိသောင်တင်ခဲ့ပြီး Tomaနဲ့လဲသူငယ်ချင်းဖြစ်ခဲ့ပါတယ်။ပီတာက Tomaကို မြို့ပြရဲ့ဓလေ့တွေနေထိုင်မှုတွေကိုသင် ပေးတယ်။ ဒါပေမယ့်Tomaကမှတ်နိုင်စွမ်းမရှိသ လိုအလွဲလွဲအချော်ချော်လုပ်လို့ဟာသတွေဖြစ်ခဲ့ရ တာပေါ့။ ပီတာကideaတခုရသွားတယ်။ဟာသ ကားတွေရိုက်တဲ့Hollywoodကသူ့သူငယ်ချင်း Nic နဲ့ဒီလူရိုင်းရဲ့အလွဲတွေကိုရုပ်ရှင်ရိုက်ရင် တော်တော်ရယ်ရမယ်ဆိုပြီးပေါ့။ ၁၉၇၉ခုနှစ်ဒီဇင် ဘာလမှာကံကောင်းထက်မစွာနဲ့ပဲအာဖရိကသစ် တောစောင့်ရှောက်ရေးစစ်သားတွေနဲ့ပီတာတွေ့ သွားပြီး မြို့ကိုပြန်ဖို့အခွင့်အရေးရခဲ့ပါတော့တယ်။ ဒါပေမယ့်သူတယောက်ထဲမပြန်ဘူး။ Tomaကို ပါခေါ်သွားချင်တယ်။ Tomaကလဲမလိုက်ရဲဘူး။ ဒီလိုနဲ့ Tomaကို ဆိတ်၇ကောင်ပေးမယ်ဆိုတဲ့ ကမ်းလှမ်းမှုနဲ့ရအောင်ခေါ်နိုင်ခဲ့ပါတယ်။ဆိတ်၇ ကောင်ဆိုတဲ့ပမာဏက Tomaအဖို့ရွာမှာသူဌေး ဖြစ်မယ့်အခွင့်အရေးပဲလေ။ ဒါကြောင့်ပီတာနဲ့အ တူလိုက်ဖို့ဆုံးဖြတ်ခဲ့ပါတော့တယ်။ #The_Gods_Must_Be_Crazy ဘုရားတွေရူးမလား လူတွေရူးမလား တော့မသိဘူး ဒီလို ၁၂၃၄ တောင်မသိတဲ့လူရိုင်း တကောင်ကိုမြို့ပေါ်ခေါ်လာပြီးရုပ်ရှင်ရိုက်ချင်တဲ့ ပီတာရဲ့idea ကတော့တော်တော်ရူးလွယ်ပါတယ် ပေါ့ဗျာ။ အဖေဖြစ်သူ Jamie Uysကိုပြောတယ် ဒါပေမယ့်လက်မခံဘူး ။ ဘယ်ကလူရိုင်းကိုရုပ် ရှင်မင်းသားတင်မလဲပေါ့ ဒီကောင်ရူးနေပြီလား ပေါ့ အဖေဖြစ်သူက။ ဒါပေမယ့်သားဖြစ်သူရဲ့စိတ် အားထက်သန်မှုနဲ့ ရုပ်ရှင်အပေါ်စိတ်ဝင်စားမှုသိပ် မရှိခဲ့ပဲ လေနေတဲ့သားကပြောလာတော့အဖေဖြစ် သူကလက်ခံခဲ့ပါတော့တယ်။ သူကိုယ်တိုင် Producerလုပ်ပြီးဒါရိုက်တာတွေကိုခေါ်ပေမယ့် ဘယ်သူမှလက်မခံတဲ့အပြင်အဟားပါခံခဲ့ရတယ်။ နောက်ဆုံးသူကိုယ်တိုင်ပဲဒါရိုက်တာလုပ်ရိုက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ The Gods Must Be Crazy ဆိုတဲ့ဒီကားကို ၁၉၈၄ခုနှစ် ဇူလိုင်လ ၉ရက်နေ့မှာ အာဖရိက အမေရိကနဲ့ ဥရောပမှာ ရုံတင်ခဲ့ပါတယ်။၅သန်းပဲအကုန်ကျခံခဲ့တဲ့ဒီကား ဟာ $60,000,000 ကျော်ရခဲ့သလို မထင်ထား တဲ့ရုပ်ရှင်လောကသားတွေကြားထဲဒီလူရိုင်းက တလအတွင်းရုပ်သံသတင်းတွေ interview တွေမှာပါလာခဲ့ပါတယ်။ ဒီကားကိုရိုက်ဖို့အခက်အ ခဲများစွာရှိခဲ့သလို Cameraနဲ့ချိတ်ထားရင်သေ နပ်ထင်လို့လန့်ပြီးဝပ်မှောက်တတ်တဲ့ဒီလူရိုင်း ကြောင့် Cameraတွေကိုအဝတ်နဲ့အုပ်ပြီးရိုက် ကူးခဲ့ရသလို ဒိုင်ယာလော့တွေကိုအလုံး၁၀ထက် ပိုသင်လို့မရလို့ဖြတ်ဖြတ်ပြီးရိုက်ခဲ့ရပါတယ်။ထူး ခြားမှုကတော့ဒီကားထဲကရိုက်ကွက်တွေဟာ Tomaသရုပ်ဆောင်နေတာမဟုတ်ပဲတကယ် ထင်ပြီးလုပ်ခဲ့ပြေးခဲ့တာတွေများပါတယ်။ ဒီကား ဟာဒေါ်လာအမြတ်ငွေ သန်း၁၁၀ကျော်အထိတ နှစ်အတွင်းရခဲ့သလိုTomaဟာလဲနိုင်ငံတကာ ဆုတွေရခဲ့ပါတယ်။ ဒီကားအတွက်Tomaဟာ ဒေါ်လာ၇သန်းရခဲ့ပါတယ်။ ဒါပေမယ့်ဒီဒေါ်လာ တွေကိုသူဘာမှန်းမသိလို့လာမခံခဲ့ပဲပီတာကိုပဲ ဆိတ်၇ကောင်လိုချင်ကြောင်းပြောခဲ့ပါတယ်။ပီ တာဟာဒါကြောင့် Tomaကိုဆိတ်အကောင်၃၀ နဲ့အတူသူ့ရွာကိုပြန်ပို့ခဲ့ပြီး ဒေါ်လာ၃၀၀ကိုလဲသူ မလိုချင်တောင်အမှတ်တရသိမ်းထားဖို့ထည့်ပေး ခဲ့ပါတယ်။ ဒါပေမယ့်ဒီမှာတင်မပြီးသွားဘူး။ The Gods Must Be Crazy ကအရမ်းအောင် မြင်လို့ 2 ကိုထပ်ရိုက်ဖို့ကမ္ဘာ့အနှံ့ကToma Fan တွေကတောင်းဆိုမှုတွေများလာခဲ့ပါတယ်။ ဒီအခါ မှာတော့ The Gods Must Be Crazy 2 ကို Hollywood ရုပ်ရှင်ထုတ်လုပ်ရေးကြီး 20th Century Fox ကထုတ်လုပ်ဖို့ကမ်းလှမ်း ခြင်းခံခဲ့ရပါတော့တယ်။ TGMBC 2 ကို၁၉၉၀ ခုနှစ် ဧပြီလ၁၃ရက်နေ့မှာထပ်မံရုံတင်ခဲ့ပါတော့ တယ်။ ရှေ့က1လိုပဲ အောင်မြင်မှုများစွာရခဲ့ပြီး ဒေါ်လာသန်း၁၅၀ကျော်အထိအမြတ်ငွေရရှိခဲ့ပါ တယ်။ ဒီကားမှာတော့ Tomaရဲ့မိသားစုတစုလုံး ကပါဝင်ရိုက်ကူးခဲ့ပြီးသားဖြစ်သူတွေရေကား နောက်ပါသွားမှုကိုစိုးရိမ်တကြီးနဲ့နောက်ကလိုက် တဲ့ဖခင်တယောက်ရဲ့မေတ္တာကိုရိုက်ကူးခဲ့တဲ့ကား ပေါ့။ ဒီကားမှာသားဖြစ်သူတွေရဲ့ဟာသအလွဲတွေ လဲပါဝင်လာသလို ဖခင်ဖြစ်သူရဲ့ကြောင်တောင် တောင်ဓလေ့စရိုက်တွေလဲပါလာခဲ့ပါတယ်။က လေးတွေဖြစ်ပေမယ့်တောတောင်ထဲအန္တရယ် ကြုံလာရင်ကိုယ်တိုင်ကာကွယ်မှုတွေ လူရိုင်းတွေ ရဲ့ရိုးသားတဲ့အကျင့်စရိုက်တွေကိုဒီကားမှာမြင်ရ သလိုဟာသရောကြေကွဲစရာလေးတွေကိုပါမြင် ရစေတဲ့ကားတကားပါ။ ဒီကားအပြီးမှာတော့ Toma ရဲ့လုပ်ဆောင်ချက်ကအရမ်းကြီးမားသွား ခဲ့ပါပြီ။ ကမ္ဘာပေါ်ကမဖွံ့ဖြိုးသေး မြို့ပြနဲ့ဝေးတဲ့နေ ရာတွေက လူရိုင်းတွေရဲ့ဘဝကိုတကမ္ဘာလုံးသိ အောင်ပြသခဲ့သလို Tomaဟာလဲကမ္ဘာ့လူရိုင်း မျိူးနွယ်စုတွေကိုကမ္ဘာကပစ်ထားမှုကိုချပြလိုက် တဲ့ဇာကောင်အဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။ဒါတင် မကပါဘူး Tomaဟာကမ္ဘာ့လူရိုင်းမျိူးနွယ်စုတွေ ကိုထိန်းသိမ်းကာကွယ်ရေးသံတမန်အဖြစ်ရော တောင်အာဖရိကလူမည်းတွေရဲ့စားဝတ်နေရေး သံတမန်အဖြစ်ပါခန့်အပ်ခံခဲ့ရပါတယ်။ဒါပေမယ့် သူဘာမှမသိဘူး interviewတိုင်း talkshow တိုင်း ရယ်ပြတာကလွဲရင်သူဘာမှမသိမပြော တတ်မလုပ်တတ်ခဲ့ပါဘူး။ ဒီ၂ကားအပြီးမှာတော့Tomaဟာ Hollywood အာဖရိကတင်မကပဲဟောင် ကောင်ရုပ်ရှင်လောကကပါကမ်းလှမ်းခြင်းခံခဲ့ရ ပါတော့တယ်။ ဟောင်ကောင်ထုတ်လုပ်ရေးနဲ့ ပထမဆုံးရုံတင်လာတဲ့ကားက Crazy Safari ဒီကားကလဲရှေ့ကTGMBC တွေလိုပဲအောင် မြင်ခဲ့ပါတယ်။ ဟောင်ကောင်ဒေါ်လာသိန်း၁၀၀ ကျော်ရခဲ့သလို Tomaရဲ့ဘရုစလီလိုလုပ်ကွက် တွေကလဲဘရုစလီနဲ့တူအောင်ရိုက်တဲ့သူတွေ ထဲအအောင်မြင်ဆုံးဖြစ်ခဲ့ပါတယ်။ တရုတ်သရဲတ ကောင်နဲ့တိုင်ပတ်နေတဲ့လူရိုင်းကားပေါ့။ဒီကား အပြီး Tomaဟာ Crazy Hong Kong (1993) / The Gods Must Be Funny in China (1994) / Sekai Ururun Taizaiki ( 1996 )ကားတွေထွက်ခဲ့ပြီးလူ ရိုင်းတွေထဲအောင်မြင်မှုအကြီးမားဆုံးလူသားအ ဖြစ် 1996ခုနှစ်မှာဂင်းနစ်စံချိန်ဝင်ခဲ့ပြီးရုပ်ရှင်သ မိုင်းမှာ ဟာသလူရိုင်းသရုပ်ဆောင်အဖြစ်တ သက်တာအနုပညာရှင်ဆုကိုရခဲ့ပါတော့တယ်။ TomaဟာSakei Ururun Taizaiki ဇာတ်ကားအပြီးမှာတော့သူ့ရွာကိုပဲပြန်ချင် ကြောင်းပြောလာခဲ့လို့ပီတာကပို့ပေးခဲ့ပြီးရုပ်ရှင် ဘယ်တော့မှထပ်မရိုက်တော့ပဲမိသားစုနဲ့အတူ ရွာမှာပဲအမဲလိုက်ရင်းနေထိုင်ခဲ့ပါတော့တယ်။သူ ဟာဒီဆယ်စုနှစ်အတွင်း ဒေါ်လာသန်း၇၀ကျော် ရရှိခဲ့ပေမယ့် ဒီစက္ကူတွေကသူ့မိသားစုအတွက် အသုံးမဝင်ကြောင်းပြောခဲ့ပြီး အာဖရိကကလေး သူငယ်များအစာအဟာရချို့တဲ့မှု Foundation ကိုအကုန်လှူှတန်းခဲ့ပါတယ်။ Tomaဟာကမ္ဘာ ပေါ်ကလူရိုင်းတွေရဲ့နေထိုင်မှု ရိုးသားမှု တောင် အာဖရိကရဲ့လူမည်းတွေရဲ့ဒုက္ခရောက်နေမှုကို ကမ္ဘာကိုသိအောင်ပြောကြားခဲ့သူဖြစ်ပြီးရုပ်ရှင် လောကမှာပထမဆုံးလူရိုင်းမင်းသားတယောက် အဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။ ၂၀၀၃ခုနှစ်ဇူလိုင် လ ၁၂ရက်နေ့မှာတော့ Toma ဟာငှက်ဖျား ရောဂါနဲ့ကွယ်လွန်သွားခဲ့ပါတယ်။ ရုပ်ချောမှ စကားပြောကောင်းမှဆိုတဲ့ အနုပညာလောကမှာဒီလူရိုင်းကဘာမှသေချာမ ပြောတတ်ပဲ ဂဏာန်းအလုံး၂၀ထက် ပိုမမှတ်တတ် ပဲ ငွေတွေနာမည်ကြီးမှုတွေအောင်မြင်မှုတွေကို မသိပဲ ဝင်ရောက်လာခဲ့ပြီးကမ္ဘာ့ရုပ်ရှင်လောက မှာနာမည်တခုထားသွားခဲ့ပါတယ်။ အာဖရိက မော့စ် ပုလင်းမင်းသားလို့မြန်မာကသိကြတဲ့ Toma ဟာဂျစ်ကားပြောင်းပြန်မောင်းတာတွေ ခြင်္သေ့လိုက်လို့ပြေးတာတွေ ပုလင်းတလုံးနဲ့တ ရွာလိုက်ပြသနာတက်တာတွေ မြို့ပြကိုသားဖြစ် သူတွေနောက်လိုက်ရင်းဝရုန်းသုန်းကားဖြစ်တာ တွေ တရုတ်သရဲနဲ့အသီးခူးတာတွေ တောတွင်း ဟာသအလွဲတွေနဲ့ သူ့ရိုးသားဖြူစင်တဲ့အပြူံး ဘဝမှာမိသားစုကလွဲပြီးဘာမှမသိတဲ့လူတ ယောက်အဖြစ် ငွေကြေးအောင်မြင်မှုတွေမရှိပဲ ပျော်ရွှင်တဲ့လူတယောက်အဖြစ်နေထိုင်နိုင်ကြောင်း လူရိုင်းတွေရဲ့အရိုးခံစိတ်ထားတွေက ကမ္ဘာ့ရုပ် ရှင်လောကမှာရောကမ္ဘာပေါ်ကလူတွေအတွက် မှာမမေ့နိုင်စရာလူတယောက်ပါ။ သူဒေါ်လာသန်း ချီပိုင်ဆိုင်ခဲ့တယ်။ ဒါပေမယ့် ဒီချမ်းသာမှုတွေနဲ့ မိသားစုဘဝကိုမလဲခဲ့ဘူး။ အောင်မြင်မှု Star Idol Fan ပရိတ်သတ်ဆိုတာကိုမသိဘူး။ဒီလို လူမျိုး ရုပ်ရှင်လောကမှာရော အနုပညာလောမှာပါ တယောက်မှမရှိပါဘူး။