Movie Name
Yes God Yes (2020)
Year
2020
Generes
Comedy, Drama
Code
04656
Type
Movie
Size
801 MB
Country
Hollywood
Description
IMDb….6.0,,,,Rotten..94% လိင်၊ ဆယ်ကျော်သက်အရွယ်၊ ဘာသာရေး။ ဒီသုံးမျိုးနဲ့ ခင်ဗျားတို့ ဘဝမှာ တိုင်ပတ်ခဲ့ဖူးမှာ အသေချာပါပဲ။ တိုင်ပတ်တယ်ဆိုတာထက် ရှုပ်ထွေးတယ် ရောနေခဲ့တယ်လို့ပြောရင် ပိုမှန်မယ်ထင်ပါတယ်။ ရှောင်လွဲလို့ရမှာမဟုတ်တဲ့ အဆိုပါသုံးမျိုးက လွယ်မလိုနဲ့ခက် တိမ်မလိုနဲ့ နက်ပါတယ်။ ဘာလို့လဲ အကြောင်းရင်းကဘာများလဲဆိုတာ သ‌ဘောပေါက်လောက်မယ့် လူတွေလည်း ရှိနိုင်ပါတယ်။ သို့ပေမယ့် ဒီဇာတ်လမ်းလေးကြည့်ပြီးသွားရင် အကောင်းဆုံးအချိန်တစ်ခုကို ပိုင်ဆိုင်လာမယ်ဆိုတာတော့ ညွန်းပါရစေခင်ဗျာ အ‌ပေါ်မှာဖော်ပြထားတဲ့ သုံးမျိုးနဲ့ ပတ်သတ် ဆက်စပ်ပြီးရိုက်ထားတဲ့ ဇာတ်လမ်းအချို့တော့ရှိဖူးပါတယ်။ ဒါ‌ပေမယ့်လည်း ဒီဇာတ်လမ်းမှာကတော့ … Stranger thingsထဲမှ မင်းသမီးချော Natalia Dyer က အရာရာကို ရှက်တက်ပြီး ခပ်အေးအေးနေတက်တဲ့ ဆယ်ကျော်သက်အရွယ်ကောင်မလေးအဲလစ်အဖြစ်ပါဝင်ထားပါတယ်။ သူမဟာ လူငယ်သဘာဝ လိင်စိတ်ထကြွခြင်းနဲ့ စူးစမ်းလိုစိတ် တစ်ထပ်တည်းကျသွားချိန် လိင်ကိစ္စအပေါ် ထင်မြင်မှတ်ယူပုံကွဲပြားတဲ့ သူ့မိသားစုရဲ့ ဘာသာရေးစံနှုန်းစံထား၊ ပတ်ဝန်းကျင်ရဲ့ ဝေဖန်ကဲ့ရဲ့မှုတွေကြားထဲမှာ ပိတ်မိနေခဲ့ပါတယ်။ဒါပေမဲ့ သမာဓိရှိယောင်ဆောင်နေတဲ့၊ အတွင်းမှာ နစ်မြုပ်နေသော Dark side ရှိ‌နေကြတဲ့ လူသဘောသဘာဝကိုကိုယ်တိုင် မြင်‌တွေ့သွားတဲ့အချိန်မှာတော့ … မိသားစု၊ ပတ်ဝန်းကျင်ရဲ့ ဘာသာရေးပေတံတွေအတိုင်း ဆက်သွားမလား ဘယ်လိုတွေ ရုန်းထွက်မလဲဆိုတာ ဆက်လက်ရှူစားကြည့်ကြပါဦး။ ။ ။ ခရစ်ယာန်အသုံးနှုန်းများကို အဆင်ပြေအောင်အနီးစပ်ဆုံးရှာဖွေပြန်ဆိုထားပါတယ်ခင်ဗျာ…