Movie Name
1. Goal! The Dream Begins (2005)
Year
2005
Generes
Biography, Drama, Sport
Code
02575
Type
Movie
Size
1.34 GB
Country
Hollywood
Description
Director: Danny Cannon ရိုက်ကူးတင်ဆက်ထားပြီး May 12, 2006 (USA) မှာ ရုံတင်ပြသခဲ့တဲ့ အားကစားစိတ်ဓါတ်ကို အတည်ပြု အဓိက ရိုက်ကူးထားတဲ့ ဘောလုံးရုပ်ရှင် Goal! (1) ဖြစ်ပါတယ်… နယ်စပ်ကနေ ခိုးဝင်လာပြီး တရားမဝင် နေထိုင်နေတဲ့ ဆန်တီရာဂို မူနက် တို့ မိသားစုဟာ အဖေ ဖြစ်သူရဲ့ ခြံရှင်း သန့်ရှင်းရေး ဝန်ဆောင်မှု မှာ ဝိုင်းကူလုပ်ပေးနေရင်း မူနက် ဟာ သူဝါသနာပါတဲ့ ဘောလုံး ကစားချင်းကိုလဲ ကစားနေပါတယ် သူတို့ လူငယ်အသင်းမှာ မူနက် က ဦးဆောင်ကစားရပါတယ် သူပါတဲ့ ပွဲတိုင်းလဲ နိုင်ပါတယ် အတော်ဆုံးလူငယ်စာရင်းထဲ အပါဝင်ပေါ့… ဒါပေမယ့် မူနက် ရဲ့ အဖေဟာ သူ့သား ဘောလုံးကစားတာကို ကြည့်မရပါဘူး အမျိုးမျိုးပိတ်ပင်တားဆီးရင်းနဲ့ သူ့ခြံရှင်းလုပ်ငန်းအတွက် ကားဝယ်ဖို့ကိုလဲ မူနက် ခြေစမ်းဖို့ သွားမယ့် ခရီးစရိတ်ထဲက မသိအောင် ယူသုံးလိုက်ပြန်ပါတယ် အကြီးအကျယ် စိတ်ဓါတ်တွေ ကျနေတဲ့ အချိန် သူကစားတာကို မြင်မိတဲ့ လူငယ်ကင်းထောက်ဟောင်း တစ်ဦးက နာမည်ကြီးအသင်း နယူးကာဆယ် အသင်းမှာ ကစားနိုင်ဖို့ အတွက် အသင်းပိုင်ရှင်နဲ့ စကားပြောဆိုပေးခဲ့ပါတယ် ဒါပေမယ့် ကတိပျက်ကွက်ပြီး သူကစားတာကို လာမကြည့်တဲ့အတွက် စိတ်ဓါတ်တွေ ကျပြန်ပါတယ်.. လူငယ်ကင်းထောက်ဟောင်း ကလဲ သူ့ကတိ ပေးပြီးတဲ့ အတိုင်း မူနက် ကို အင်္ဂလန်ခေါ်ပြီး သူ့အိမ်မှာ ထားခါ နယူးကာဆယ် အသင်းရဲ့ ခြေစမ်းပွဲမှာ သွားရောက်ယှဉ်ပြိုင်ခိုင်းပါတော့တယ်… ပန်းနာရင်ကျပ် ရောဂါ ရှိပြီး တကယ့်ကစားကွင်း အခြေအနေနဲ့ လိုက်လျောညီထွေစွာ မကစားနိုင်တဲ့ မူနက် တစ်ယောက် ဘာတွေ ဆက်ဖြစ်မလဲ ဆိုတာ ထပ်မံ ရှုစားကြပါအုံး…..