Movie Name
Mandela- Long Walk To Freedom (2013)
Year
2013
Generes
Biography, Drama
Code
02579
Type
Movie
Size
980 MB
Country
Hollywood
Description
ရုပ်ရှင်နာမည်ကိုကြည့်ရုံနဲ့ ဘာရုပ်ရှင်အကြောင်းလည်းဆိုတာ အားလုံးသိမှာပါ။ Mandela ဟာ ငယ်စဉ်တုန်းက ရှေ့နေတစ်ယောက်အနေနဲ့ဖြတ်သန်းခဲ့ပြီး ထက်မြက်တဲ့ရှေ့နေတစ်ယောက်ပါ။ ကားလတ်မှတ်တွေဈေးတက်တော့ သူဟာ ဆန္ဒပြတဲ့သူတွေထဲမှာ ပါဝင်ခဲ့ပြီး ထိုမှတစ်ဆင့် တစ်ဖြည်းဖြည်းနဲ့ နိုင်ငံရေးလောကထဲ ဝင်ရောက်လာခဲ့ပါတယ်။ သူ့မှာ သားတစ်ယောက်နဲ့ မိန်းမရှိပြီး မိန်းမကတော့ ထိုကဲ့သို့သူ့လှုပ်ရှားမှုတွေကို သဘောမကျပါဘူး။ ထို့အပြင်ထိုအချိန်တုန်းက အသားအရောင်ခွဲခြားမှုတွေ ကြီးစိုးနေချိန်ဖြစ်ပြီး လူမည်းလူမျိုးတွေဟာ ရပိုင်ခွင့်တွေအများအပြားဆုံးရှုံးနေသူပါ။ Mandela ဟာ အသားအရောင်ခွဲခြားမှုပပျောက်ဖို့အတွက် ဆန္ဒပြ ဟောပြောစည်းရုံးမှုတွေလုပ်နေပေမယ့် အာဏာပိုင်အစိုးရကတော့ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို ပစ်ခတ်ပြီး အရေးယူမှုတွေ ပြုလုပ်ခဲ့တဲ့အတွက် Mandela တို့ ANC အဖွဲ့အစည်းဟာ အစိုးရရဲ့လုပ်ရပ်ကို ပြန်လည်တုန့်ပြန်ဆန္ဒပြဖို့အတွက် အစိုးရပိုင်အဆောက်အအုံ့တစ်ချို့ကို မီးရှို့ခဲ့ကြပါတယ်။ ထိုကဲ့သို့သူ လှုပ်ရှားမှုတွေလုပ်နေတဲ့ အတောအတွင်း သူ့မိန်းမဟာသူ့ကို ပစ်သွားခဲ့ပါတယ်။ များမကြာမှီ သူဟာ Winnie လို့ခေါ်တဲ့ အမျိုးသမီးနဲ့ တွေ့ဆုံခဲ့ပြီး ထိုအမျိုးသမီးနဲ့ပဲ လက်ထပ်ခဲ့ပါတယ်။ အာဏာပိုင်တွေဟာ Mandela တို့အဖွဲကို လိုက်လံဖမ်းဆီးနေတဲ့အတွက် Mandela ဟာ သူ့မိန်းမနဲ့ကလေးကို အိမ်မှာထားခဲ့ပြီး ခြေရာဖျောက် ဆန္ဒပြမှုတွေ လုပ်ဆောင်နေပါတယ်။ ပြည်သူလူထုတွေရဲ့ ဆန္ဒပြမှုတွေဟာ ပိုမိုများပြားလာခဲ့ပြီး အစိုးရဟာလည်း ပစ်ခတ်ထိန်းသိမ်းမှုတွေကို ပိုမိုလုပ်ဆောင်လာခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အာဏာပိုင်တွေဟာ Mandela တို့အဖွဲ့ကို ဖမ်းဆီးမိခဲ့ပြီး သူတို့ဖောက်ဖွဲဖျက်ဆီးခဲ့မှုတွေအတွက် သူတို့အဖွဲ့ကို ထောင်ဒဏ်တစ်သက်တစ်ကျွန်းပို့လိုက်ပါတယ်။ Mandela တို့အဖွဲ့ဟာ Robben ကျွန်းမှာ ထောင်ဒဏ်ကျခံနေရစဉ်အတောအတွင်း အခက်အခဲမျိုးစုံကို ရင်ဆိုင်ခဲ့ရပါတယ်။ သူထောင်ကျနေစဉ်အတောအတွင်း သူ့ပထမမိန်းမနဲ့ရတဲ့သားဟာ အက်ဆီးဒင်ကြောင့် သေဆုံးသွားခဲ့ပြီး သူ့ နောက်မိန်းမ Winnie ဟာလည်း အာဏာပိုင်တွေရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။ တကယ်တော့ Mandela ဟာ ငြိမ်းချမ်းရေးကိုလိုလားသူဖြစ်ပြီး အသားအရောင်ခွဲခြားမှုပပျောက်ပြီး အခွင့်အရေးတမ်းတူရရှိရေးအတွက် လှုပ်ရှားနေသူပါ။ အစိုးရရဲ့ အကြမ်းဖက်နှိမ်နှင်းမှုတွေကြောင့် ပြည်သူတွေရဲ့ အစိုးရအပေါ် မုန်းတီးမှုတွေဟာ ပိုမိုများပြားလာပြီး လူဖြူတွေအပေါ် မုန်းတီးမှုတွေပါ ပေါ်ပေါက်လာပါတော့တယ်။ အစိုးရအဖွဲ့ကတော့ လူမည်းတွေ အခွင့်အရေးရပြီး အာဏာရခဲ့ရင် သူတို့လူဖြူတွေ ဒုက္ခရောက်မှာစိုးနေသူပါ။ Nelson Mandela ရဲ့ Long Walk to Freedom စာအုပ်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ဇတ်ကားဖြစ်ပြီး Mandela ရဲ့ ဘဝပုံရိပ်တွေကိုတွေ့မြင်ရမှာပါ။ သူဟာ ၂၇ နှစ်လောက်အကျည်းကျခံထားရပေမယ့် စိတ်ပျက်ခြင်းမရှိပဲ သူယုံကြတဲ့ ငြိမ်းချမ်းရေးကို ကြိုးစားရယူခဲ့သူတစ်ဦးပါ။ သူဟာပြည်သူတွေ အလိုရှိတဲ့ လက်တုံပြန်ခြင်းကို ငြင်းပယ်ခဲ့ပြီး တရားသောယှဉ်ပြိုင်ခြင်းဖြင့် ပြည်သူတွေရဲ့ ငြိမ်းချမ်းရေးကို ရယူခဲ့သူပါ။ IMDB Ratings: 7.1/10 ရရှိထားပြီး Mandela အဖြစ်သရုပ်ဆောင်တဲ့ Idris Elba ဟာ လေယူလေသိမ်းကအစ တူအောင်အတတ်နိုင်ဆုံးကြိုးစားသရုပ်ဆောင်သွားခဲ့ပါတယ်။ နိုင်ငံရေးစိတ်ဝင်စားသူတွေ ကြည့်သင့်တဲ့ ဇတ်ကားကောင်းတစ်ခုပါ။