Movie Name
Manny (2014)
Year
2014
Generes
Biography, Sport
Code
02580
Type
Movie
Size
754 MB
Country
Hollywood
Description
ဒီဇာတ်ကားလေးကတော့ ထွေထွေထူးထူး ညွှန်းစရာ မလိုတော့ဘဲ အောင်မြင်သူတစ်ဦး၏ ဘဝကောက်ကြောင်းကိုသာ ပရိသတ်ဆီ ထိုးကျွေးလိုက်တဲ့ ဇာတ်ကားမျိုးပါ။ IMDB 7.3/10 အထိရရှိထားတာကြောင့်လည်း ရိုက်ကူးတင်ဆက်ပုံမျိုးက ပရိသတ်အကြိုက်တွေ့မိမှာပါ။ ဖိလစ်ပိုင်နိုင်ငံရဲ့ Nation’s Fist လို့ လူသိများလာခဲ့တဲ့ ပက်ကွီနိုဟာဖြင့် လက်ဝှေ့အတတ်ပညာ၌ ထူးချွန်သူတစ်ဦးပါ။ ပြိုင်ပွဲ ၆၅ ပွဲအနက် ၅၇ ပွဲအနိုင်ရယူခဲ့ပြီး ၆ ပွဲရှုံး သရေ ၂ပွဲ ရရှိအောင်မြင်ထားပါတယ်။ သူရဲ့ လက်ဝှေ့သက်တမ်းအဆုံးကိုလည်း နောက်တစ်ပွဲမှာ ရပ်တန့်လိုက်တော့မယ် ဟုလည်း သတင်းထွက်ရှိခဲ့ပါတယ်။ မည်သို့ပင်ဆိုစေ သန်မာတဲ့လက်သီးတို့နှင့်အတူ ပြုံးရောင်သမ်းသော မျက်နှာတို့ ပိုင်ဆိုင်ထားသူ ပက်ကွီနိုရဲ့ ဘဝကလည်း စိတ်ဝင်စားဖွယ် ကောင်းလှလွန်းလှပါတယ်။ လက်ဝှေ့တွင်သာမက ဖိလစ်ပိုင်နိုင်ငံ၏ အောင်လွှတ်တော် အမတ် တစ်ဦးအနေနဲ့ပါ ကျော်ကြားခဲ့တဲ့ ပက်ကွီနို အကြောင်းကိုတော့ ဒီဇာတ်ကားကြည့်ပြီး ဗဟုသုတတိုးရဦးမှာပါ။ “ အောင်မြင်သူတွေရဲ့သမိုင်းမှာတော့ ခရောင်းလမ်းအမြဲရှိတယ် “ဆိုသလို ပက်ကွီနိုရဲ့ အောင်မြင်စေတဲ့ သဘောတရားတွေကိုလည်း ပရိသတ်ကြီး ဝေဖန် ထောက်ရှု ရင်း အတုယူနိုင်ကြပါစေ။ အားလုံးပဲ ကြည့်ရှုအားပေးလိုက်ကြပါဦးနော်