Movie Name
World Trade Center (2006)
Year
2006
Generes
Drama
Code
02588
Type
Movie
Size
937 MB
Country
Hollywood
Description
World Trade Center လို့ဆိုလိုက်တာနဲ့ ကမ္ဘာ့အကြီးဆုံးကုန်သွယ်ရေးအဆောက်အအုံဖြစ်တဲ့ အမွှာညီနောင် တာဝါ2ခုကို အားလုံးသိကြမယ်လို့ထင်ပါတယ်..2001 ခုနှစ်မှာ စက်တင်ဘာလ 11ရက် နေ့မှာ အမေရိကန် ပြည်ထောင်စု New York City မှာရှိတဲ့ World Trade Center အမွှာညီနောင်ကုန် သွယ်ရေးအဆောက်အအုံကို အိုစမာဘင်လာဒင်ရဲ့ အကြမ်းဖက် သမားများအဖွဲ့က ပြန်ပေးဆွဲယူ လာခဲ့သော လေယာဉ်2 စင်းနဲ့နဲ့အသေခံဝင်တိုက်ခဲ့ပါတယ်.. ပြန်ပေးဆွဲခဲ့တဲ့လေယာဉ်တွေကတော့American Airlines Flight 11 နဲ့ United Airlines Flight 175 ပဲဖြစ်ပါတယ်..လေယာဉ်နဲ့ဝင်တိုက်ခံရပြီးနှစ်နာရီအတွင်းမှာ ပဲ တာဝါ၂ခုလုံး ပြိုလဲပျက်စီးခဲ့ပါတယ်.အသက်ကယ်ဆယ်ဖို့ရောက်လာတဲ့မီးသတ်သမားတွေ ကယ်ဆယ်ရေးတပ်ဖွဲ့တွေလည်းအတွင်းမှာပိတ်မိခဲ့ပြီးတော့ တော်တော်များများ သေကြေခဲ့ရပါတယ် ဒီတိုက်ခိုက်မှုနဲ့ ဒီတာဝါ ပြိုကျပျက်ဆီးမှုကို ဖြစ်ရပ်မှန်ပေါ်မှာ သရုပ်ဖေါ်ထားတဲ့ World Trade Center ရုပ်ရှင်ကိုတော့ 2006 ခုနှစ်မှာ ထွက်ရှိခဲ့ပြီးတော့ ဒါရိုက်တာ Oliver Stone ရိုက်ကူးထားပါတယ် အားလုံးနဲ့အကျွမ်းဝင်ပြီးသားဖြစ်တဲ့ မင်းသားကြီး Nicolas Cage ကတော့ အဓိကသရုပ်ဆောင် အနေနဲ့ပါဝင်ရိုက်ကူးထားပါတယ်..ဇာတ်လမ်းအကျဉ်းကိုပြောပြစရာမလိုတော့ဘူးထင်ပါတယ်