-
Movie Name
-
Backstabbing For Beginners (2018)
-
Year
-
2018
-
Generes
-
Drama, Historical
-
Code
-
02589
-
Type
-
Movie
-
Size
-
854 MB
-
Country
-
Hollywood
-
Description
-
ဒီဇာတ်လမ်းက တကယ့်ဖြစ်ရပ်မှန်အခြေခံပြီးရိုက်ထားတဲ့ကားဖြစ်ပါတယ်….
ဘာလို့လဲလို့ပြောရရင်ကမ္ဘာကုလသမဂ္ဂအဖွဲ့ရဲ့ 1996 ခုနှစ်မှာစပြီးလုပ်ခဲ့တဲ့
အီရတ်နိုင်ငံမှာ ငတ်မွတ်နေတဲ့သူတွေကို အစားအစာနဲ့
ရေနံလဲလှယ်ရေး (Oil-for-Food Program)
အစီအစဉ်ကြီးမှာ ကမ္ဘာ့နိုင်ငံပေါင်းများစွာက အစိုးရရာထူးကြီးတွေနဲ့
နာမည်ကျော်ကုမ္ပဏီကြီးပေါင်းများစွာရဲ့ ဒေါ်လာဘီလျံနဲ့ချီတဲ့ လာဘ်စားမှု၊
ချစားမှုတွေအပြည့်နဲ့ ပါဝင်ပတ်သက်မှုတွေကို
ဖေါ်ထုတ်ခဲ့တဲ့ ကုလသမ္မဂ္ဂဝန်ထမ်းတစ်ယောက်အကြောင်းပါ။
ဒီအမှုဟာ ကုလသမ္မဂ္ဂသက်တမ်းတစ်လျှောက်
အပြောင်းအလဲအကြီးမားဆုံးဖြစ်စေခဲ့တဲ့ အမှုလဲဖြစ်တယ်။
ဇာတ်လမ်းရိုက်ကူးထားပုံက ကြည့်ပျော်ရှုပျော်အဆင့်ပဲရှိပါတယ်၊
ဆွဲဆောင်မှုမကောင်းသလို အရမ်းစိတ်ဝင်စားဖို့ကောင်းလာတဲ့
အခြေအနေမျိုးလဲ တွေ့ရမှာမဟုတ်ပါဘူး။
ဒါပေမယ့် ဘာလို့ ကြည့်သင့်တယ်လို့ ညွှန်းချင်တာလဲဆိုတော့
UN အပါအဝင် INGO အဖွဲ့အစည်းတွေရဲ့ အတွင်းရေးတွေနဲ့ လုပ်စားပုံတွေ၊
အလှူငွေတွေရအောင် ဘယ်လိုတွေ ဟန်ပြလုပ်ကြပြီး
အိတ်ထဲဘယ်လိုထည့်တယ်ဆိုတာတွေကို ကွက်ကွက်ကွင်းကွင်းမြင်နိုင်တဲ့
ဖြစ်ရပ်မှန် ဇာတ်လမ်းဖြစ်နေလို့ပါ။
၁၀၈ ခုနှစ်အတွင်း ထွက်ရှိထားတဲ့ နိုင်ငံရေးဆက်နွယ်မှုပါတဲ့
ဇာတ်ကားကောင်းတစ်ကောင်းပဲဖြစ်ပါတယ်
သံတမန်တစ်ဦးရဲ့သားဖြစ်သူ မိုက်ကယ်ဆာလဗန်ဟာ
ကုလသမဂ္ဂမှာအလုပ်ဝင်ဖို့ ဘဝတစ်လျှောက်လုံး ကြိုးစားခဲ့ပါတယ်..
မမျှော်လင့်ထားပဲ ကုလသမဂ္ဂအတွင်းဝန်ရဲ့လက်ထောက်နေရာ ခန့်ထားခံလိုက်ရပါတယ်..
သူတာဝန်ယူရတဲ့ပရိုဂရမ်ဟာ လူသားချင်းစာနာထောက်ထားမှုအခြေခံတဲ့
ပရိုဂရမ်ပေမယ့် အကျင့်ပျက်ခြစားမှုကြီးကြီးမားမားဖြစ်နေပြီး အာဏာရှင်တစ်ယောက်
အမြတ်ထုတ်စရာ ပရိုဂရမ်တစ်ခု သာဖြစ်နေခဲ့ပါတယ်..
ဖော်ထုတ်ဖို့ကြိုးစားတဲ့သူတွေအနေနဲ့လည်း
လက်စဖျောက်သတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်..
သူ့အရင်ဝန်ထမ်းဟောင်းသေဆုံးမှုဟာ မရိုးရှင်းမှန်းသူသွားပြီး..
ကုလသမဂ္ဂအတွင်းခြစားမှုကို လိုက်လံဖော်ထုတ်ရင်းနဲ့
သူ့ရဲ့ဆရာကိုယ်တိုင် ဒီအရှုပ်တော်ပုံထဲ ပါဝင်ပတ်သက်နေတာ
သူသိသွားတဲ့အခါ သူဘယ်လိုဖြေရှင်းမလဲ
ခက်ခက်ခဲခဲကြားထဲက ချစ်ခဲ့ရတဲ့ သူ့ချစ်သူကိုရော
အန္တရာယ်ကြားထဲက သူကယ်တင်နိုင်ပါ့မလား
ထိပ်တန်းခေါင်းဆောင်တွေပါ ပါဝင်ပတ်သက်နေတဲ့ ဒီခြစားမှုကြီးကို
တစ်ကမ္ဘာလုံးသိအောင် သူချပြနိုင်ပါ့မလားဆိုတာကိုတော့
စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ်…
ကုလသမ္မဂ္ဂအဖွဲ့ဆိုတာနဲ့ အရမ်းကောင်းတဲ့အဖွဲ့ကြီးမဟုတ်ဘူးဆိုတာ
သိသွားနိုင်စေတဲ့ ရုပ်ရှင်လည်းဖြစ်ပါတယ်…
UN အပါအဝင် INGO တွေနဲ့ ပတ်သက်ပြီး
ဒါမျိုးရိုက်ထားတဲ့ရုပ်ရှင် အရမ်းရှားပါတယ်။
ဒီကားကိုတော့ ရိုက်ထားတာရိုးရှင်းပြီး ဆွဲဆောင်မှုမရှိပေမယ့်
သမိုင်းနဲ့ပတ်သက်တဲ့ တန်ဖိုးကြီးကြီးမားမားရှိတဲ့အတွက်
ကြည့်ဖူးသင့်ကြောင်းညွှန်းလိုက်ပါတယ်။