Movie Name
Billionaire Boys Club (2018)
Year
2018
Generes
Biography, Drama
Code
02590
Type
Movie
Size
1 GB
Country
Hollywood
Description
The Wolf of Wall Street ” နဲ့ “The Wizard of Lies ” တို့ကို သတိရသွားစေမယ့် ဇာတ်ကားတစ်ကားထွက်ရှိလာခဲ့တယ် ။ အဲဒီဇာတ်ကားရဲ့ နာမည်က Billionaire Boys Club ပါ ။ ဒီဇာတ်ကားဟာ 1980 ခုနှစ် အစောပိုင်းကာလက တကယ့်ဖြစ်ရပ်မှန်ပေါ်ကို အခြေခံထားပြီး 1987 မှာလည်း ဒီနာမည်နဲ့ပဲ ဇာတ်ကားထွက်ရှိခဲ့ဖူးပါတယ် ။ ပထမဇာတ်ကားကို မကြည့်ဘူးတော့ ဒီရုပ်ရှင်ဟာ ပိုကောင်းလာသလား ၊ ညံ့သွားသလား ၊ ဘာတွေကွဲပြားသွားသလဲ ဆိုတာကိုတော့ မသိပါဘူး ။ ဒီဇာတ်ကားကိုကြည့်ဖြစ်တဲ့ အကြောင်းရင်းက နာမည်ကိုက ဆွဲဆောင်မှုရှိနေတာကြောင့်ပါ ။ နောက်ပြီး ဒီဇာတ်ကားမှာ ပါဝင်အားဖြည့်ထားတဲ့ သရုပ်ဆောင်တွေကြောင့်လည်း ကြည့်ဖြစ်သွားခဲ့ပါတယ် ။ ဒီဇာတ်ကားမှာ ပါဝင်ထားတဲ့ သရုပ်ဆောင်တွေကတော့ Ansel Elgort ၊ Taron Egerton ၊ Kevin Spacey ၊ Emma Roberts နဲ့ Jeremy Irvine တို့ဖြစ်ပါတယ် ။ ဒါ့အပြင် 1987 ထွက် ပထမဇာတ်ကားမှာ ပါဝင်ခဲ့တဲ့ Judd Nelson လည်းပါဝင်ခဲ့ပြီး သူ့ရဲ့အခန်းကဏ္ဍ နည်းပါးပါတယ် ။ ဇာတ်လမ်းပိုင်းကတော့ Joe Hunt ( Ansel Elgort ) ဟာ အပြောအဆိုကောင်းတဲ့ အသက် ၂၄ ဝန်းကျင် ပွဲစားလေးတစ်ယောက် ၊ ဒါပေမဲ့ အောင်မြင်မှု မရှိသူ ။ တစ်နေ့မှာ အလုပ်ကိစ္စဆွေးနွေးနေရင်း Dean Karny နဲ့ တွေ့ဆုံခဲ့ပြီး Billionaire Boys Club ကို စတင်ဖို့ စီစဉ်ကြပါတယ် ။ Billionaire Boys Club ဆိုတာကျောင်းနေဖတ်သူငယ်ချင်းတွေထဲက ချမ်းသာတဲ့သူဌေးသားတွေကို စည်းရုံးပြီး အမြန်ငွေရလွယ်မယ့် ရင်နှီးမြုပ်နှံတဲ့လုပ်ငန်း လုပ်ဆောင်တာပါ ။ Joe Hunt က ကျောင်းတုန်းက သူငယ်ချင်း မရှိဘူး ။ ဒီအတွက် Dean Karny အဆက်အသွယ်တွေ ရှာပေးရပါတယ် ။ တကယ်တော့ ဒီလုပ်ငန်းဟာ Ponzi ရဲ့ နည်းလမ်းမျိုးနဲ့ လည်ပတ်နေတာပါ ။ ဒါကို Ponzi Game လို့ပဲ ခေါ်ပါသေးတယ် ။ Ponzi Scheme ( Ponzi Game ) ဟာ ၁၉၂၀ လောက်က နာမည်ကြီးခဲ့တဲ့ Charles Ponzi ဆိုတဲ့သူက လုပ်ဆောင်ခဲ့တာပါ ။ ဒီအကြောင်းတွေကို Spoiler ဖြစ်မှာစိုးလို့ မဖော်ပြတော့ပါဘူး ။ Joe Hunt ကို ယုံကြည်မှုတွေရှိထားခဲ့ပြီး သူ့ရဲ့ Billionaire Boys Club ကို ရင်းနှီးဖို့ ဝင်ရောက်လာတဲ့သူက Ron Levin ( Kevin Spacey ) ပါ ။ ဒီလိုနဲ့ ဘာတွေဆက်ဖြစ်ကြမှာလဲဆိုတာ ….. ဇာတ်လမ်းရဲ့အစမှာ Joe Hunt ဟာ ထိုင်နေပြီး လူတဟ်ယောက်က Billionaire Boys Club လို့ စာရေးထားတဲ့ တိပ်ခွေတစ်ခွေဖွင့်ပြပါတယ် ။ တိပ်ခွေထဲက Dean ရဲ့အသံထွက်လာပါတယ် ။ သူပြောတာက ” ချမ်းသာဖို့ မကောင်းတဲ့လျှို့ဝှက်ချက်တွေရှိတယ် ။ ဒါဟာ ပိုက်ဆံကြောင့်ချည်းမဟုတ်ဘူး ။ လူတွေခင်ဗျားအပေါ်ဘယ်လိုမြင်လဲ ဆိုတာနဲ့ ဆိုင်သလို ခင်ဗျားကိုယ်ခင်ဗျား ဘယ်လိုမြင်လဲဆိုတာနဲ့လည်း ဆိုင်တယ် ။ Ioe နဲ့ ကျွန်တော့်လို ချာတိတ်တွေအတွက်တော့ ချမ်းသာခြင်းဆိုတာ လေးစားခံရခြင်းပဲ ” ဒီဇာတ်ကားဟာ ပြသချိန် 1 နာရီ ၄၀ မိနစ်သာရှိတာမို့ ဇာတ်လမ်းဟာ သွက်လွန်းလှပြီး ဒီထက်ပြသချိန်အနည်းငယ် ထပ်တိုးကြည့်ချင်တာကလွဲရင် ဟာကွက်သိပ်မရှိပါဘူး ။ ဇာတ်ကားထဲက သီချင်းသံနဲ့ Ansel ကိုတွဲတွေ့ရတဲ့အခါ Baby Driver ကို သတိရကြဦးမှာပါ ။ ဒီဇာတ်ကားကို လာမယ့် August 17 ရက်နေ့မှာ အမေရိကန်မှာ ရုံတင်မှာဖြစ်ပေမဲ့ ဒီကနေ့မှာကတည်းက DVD ထွက်ရှိနေခဲ့တာပါ ။ Ansel Elgort နဲ့ Taron Egerton ပရိတ်သတ်တွေအတွက် ကျေနပ်မှုပေးစွမ်းနိုင်မှာဖြစ်သလို Biography / Thriller / Drama ဇာတ်ကားကောင်းကြည့်ချင်သူတွေအတွက်လည်း စိတ်ကျေနပ်မှုရမှာအသေအချာပါ ။