Movie Name
Egon Schiele Tod Und Maedchen (2016)
Year
2016
Generes
Biography, Drama
Code
02596
Type
Movie
Size
1 GB
Country
Hollywood
Description
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ပြုလုပ်ခဲ့တဲ့ ဥရောပရုပ်ရှင်ပွဲတော်မှာ Egon Schiele ဆိုတဲ့ ရုပ်ရှင်ကားကို ဆင်ဆာအကြောင်းပြပြီး ရုပ်ရှင်ပွဲတော်မှာ ပြသခွင့်ပိတ်ပင်ခဲ့တယ်၊ Nude Art,Erotic Art ကို ရေးဆွဲတဲ့ ပန်းချီဆရာ Egon Schiele ရဲ့ ဘဝအကြောင်းကို ရိုက်ကူးထားတဲ့ ဒီဇာတ်ကားမှာ Egon ရဲ့ Nude Art ပန်းချီဆွဲတဲ့နေရာမှာ ဘယ်လိုအနုပညာဈန်ဝင်စားလည်းဆိုတာကို ရိုက်ပြထားတာဖြစ်တာကြောင့် အဖော်အချွတ်တွေ ပါတယ်ဆိုပြီး ဒီကဆင်ဆာအဖွဲ့က ပိတ်ပင်လိုက်တာပဲ ဖြစ်ပါတယ်၊ ပန်းချီဆရာ Egon ဘဝက ထူးဆန်းဖွယ်ကောင်းတယ်၊ အသက် ၂၈ အရွယ်မှာ အပြင်းဖျားရောဂါကြောင့် သေဆုံးသွားခဲ့ပေမယ့် ယနေ့အချိန်ထိ သူရေးဆွဲခဲ့တဲ့ ပန်းချီကားတွေက နာမည်ကျော်လူကြိုက်များပြီး ဒေါ်လာသန်းပေါင်းများစွာတန်ဖိုးရှိနေပါပြီ၊ သူ့ရဲ့ အနုပညာအပေါ်မှာ ဘယ်လောက်ရူးသွပ်လည်းဆိုတာကို ဒီဇာတ်ကားထဲမှာ တွေ့ရမှာပါ၊ လွမ်းဆွေးဖွယ်ကောင်းသော နောက်ခံတီးလုံးနဲ့အတူ ၁၉၀၀ ပြည့်နှစ် သြစတေးလျနောက်ခံဇာတ်လမ်းက သင့်ကို ထိုင်ရာမထဆွဲခေါ်သွားမှာပါ၊Egon ရဲ့ အနုပညာဈာန်ဝင်စားမှု၊ သူ့ရဲ့နှလုံးသားရေး၊သူ့ရဲ့ နောက်ဆုံးနေ့ရက်တွေအကြောင်းကို ရိုက်ကူးထားပြီး ကမ္ဘာကျော်ပန်းချီဆရာရဲ့ ဘဝကိုသိရှိနားလည်စေမှာပါ၊ Sex ခန်းတွေမပါဝင်ပေမဲ့ nude အခန်းတွေပါဝင်တာ ကြောင့် မိသားစုနဲ့တော့ ကြည့်ဖို့အဆင်မပြေပါဘူး၊ ဒီရုပ်ရှင်ကားကို Shain Htet Naing မှ ဘာသာပြန်ပေးထားပြီး Movie ရဲ့ Review ကိုတော့ ကို Zin Ko Ko မှ ရေးပေးထားပါတယ်