-
Movie Name
-
First Man (2018)
-
Year
-
2018
-
Generes
-
Biography, Drama
-
Code
-
02597
-
Type
-
Movie
-
Size
-
1.19 GB
-
Country
-
Hollywood
-
Description
-
အချိန်ကာလကတော့ ၁၉၆၉ ခုနှစ် …..
ဇူလိုင်လ ၁၆ရက် ၁၃:၃၂နာရီ ခန့်ပေါ့…………
စိတ်ကူးယဉ်ခဲ့ရတဲ့ လမင်းကြီးဆီကို သမိုင်းရဲ့ ပထမဆုံးအနေနဲ့
ကျွန်တော် ထွက်ခွာသွားရတော့မှာ ….
အောင်မြင်မှာလား ကျရှုံးမှာလား.. …ကျွန်တော် ဆက်မတွေးတော့ပါဘူး…….
ဆုံးသွားတဲ့ ကျွန်တော့်ရဲ့သမီးလေးကို ဝမ်းနည်းစွာ သတိရနေတာလား…. ….
ကျွန်တော့်ထက်အရင် လကမ္ဘာကိုသွားရောက်ဖို့ ကြိုးစားခဲ့တဲ့ သူငယ်ချင်းတွေရော.. .
ကောင်းမွန်တဲ့ဘုံဘဝမှာ ပျော်ရွှင်ကျေနပ်နေပြီလား…..
ဒါမှမဟုတ် ကျွန်တော်ပဲ ဒီအခန်းကျဉ်းလေးထဲမှာ စက်နှိုးမဲ့အချိန်ကို
စောင့်စားရင်း ခြောက်ခြားနေမိတာလား … .
ကျွန်တော်တို့ရဲ့ အမြင်အာရုံကလဲ အကန့်အသတ်နဲ့ပဲမြင်နေရတယ်
လက်တစ်ဝါးသာသာလောက် မှန်ပြတင်းလေးကနေ ကောင်းကင်ကြီးကို မျှော်ကြည့်ရင်း
ကမ္ဘာလောကကြီးကို နှုတ်ဆက်ထွက်ခွာရတော့မယ်
ကျွန်တော်ချစ်ခင်တဲ့ မိသားစုလေးကတော့ ကမ္ဘာမြေပေါ်က
အိမ်လေးထဲမှာ ကျန်နေခဲ့မှာလေ ဘယ်သူမှ မရှိတဲ့ လကမ္ဘာပေါ်မှာ
ကျွန်တော်တို့ အထီးကျန်နေမှာလား ပြီးတော့ ကမ္ဘာမြေပေါ် ပြန်မရောက်လာနိုင်ခဲ့ရင်ရော…….
အဲ့လိုတွေးနေရင်းနဲ့ပဲ……ခရီးစဉ်ထွက်ခွာဖို့အတွက်
တဆယ်…..ကိုး….ရှစ်……ဆိုပြီး… .အချိန်မှတ်နေတဲ့အသံကို
မိုက်ခရိုဖုန်းထဲကနေ ကြားလိုက်ရတယ်……
အတိတ်ကိုတွေးပြီး လွမ်းဆွေးနေလို့ မဖြစ်တဲ့အချိန်ကို ရောက်နေပြီလေ…..
အာရုံကိုစုစည်းပြီး….လက်ရှိပစ္စုပ္ပန်ကိုပဲ ရင်ဆိုင်ဖြေရှင်းမှ
ကျွန်တော်တို့ အသက်ရှင်နိုင်မှာပေါ့…..
သူ့နာမည်က နေးလ် အမ်းစထရောင်း…တဲ့
၁၉၃၀ ဩဂုတ်လ ၅ရက်နေ့မှာ အမေရိကန်နိုင်ငံ အိုဟိုင်းယိုးပြည်နယ်..
ဝါပါကိုနီတာမြို့မှာ မွေးဖွားခဲ့ပါတယ် လူသားတို့ရဲ့သမိုင်းမှာပထမဦးဆုံးသော
လကမ္ဘာပေါ် ခြေချနိုင်ခဲ့သူလဲ ဖြစ်တယ်
အဲ့အချိန်ကာလတုန်းက သိပ္ပံပညာရှင်တွေဟာအာကာသအကြောင်းကို
အများကြီး သိပ်မသိကြသေးပါဘူး….
လေထဲပျံသန်းတဲ့ နည်းစနစ်ကိုလည်း
သူတို့ခေတ်ကာလကနေ တွက်ကြည့်ရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ကျော်ခန့်ကမှ
စတင်သိရှိခဲ့ကြတာပါ
အမေရိကန်ဟာ ဆိုဗီယက်နိုင်ငံကို အနိုင်ရချင်တဲ့ဇောနဲ့သာ
အချိန်တိုလေးအတွင်းမှာ ထွက်ခွာနိုင်ဖို့ ပြင်ဆင်ခဲ့ကြပေမယ့်
အရမ်းလွယ်ကူတဲ့ အရာမျိုးတော့ မဟုတ်ခဲ့ပါဘူး
လကမ္ဘာပေါ်ခြေချနိုင်ဖို့ ပေးဆပ်ခဲ့ရတဲ့ တန်ကြေးတွေလည်း မနည်းခဲ့ပါဘူး
ငွေကြေးတစ်ခုတည်းတင် မကဘဲ အာကာသယာဉ်မှူးများစွာရဲ့အသက်တွေကိုလည်း
စတေးခဲ့ကြရပါတယ် နိုင်ငံရေးအရ အဆင်မပြေခဲ့တာတွေလဲ ရှိခဲ့ပါသေးတယ်
အောင်မြင်တော့မှသာ ဝိုင်းဝန်းလက်ခုပ်တီးခဲ့ကြတာဖြစ်ပြီး
မအောင်မြင်ခင်မှာတော့ အဓိပ္ပါယ်မရှိဘူးလို့ လက်ညှိုးထိုးခံခဲ့ရတဲ့ ကိစ္စတစ်ခုပါ….
သူဟာ အဖက်ဖက်က ထိုးနှက်တိုက်ခိုက်တာတွေကို နာကျည်းစရာလို့မမြင်ဘဲ
ခွန်အားအဖြစ်ပြောင်းလဲ အသုံးပြုခဲ့တဲ့သူတစ်ယောက်ပါပဲ
ပြီးတော့နောက်တစ်ချက်က ” အောင်မြင်တဲ့ ယောကျာ်းတစ်ယောက်ရဲ့ နောက်ကွယ်မှာ
ထက်မြတ်တဲ့မိန်းမတစ်ယောက် ရှိတယ်”ဆိုတဲ့စကားအတိုင်းပဲ
သူ့ရဲ့အမျိုးသမီးကလည်း အကောင်းဆုံးသော ပါရမီဖြည့်ဖက်တစ်ယောက်ဖြစ်ခဲ့ပါတယ်
ကိုယ့်ယောကျာ်းအပေါ်ကို နားလည်မှု အပေးနိုင်ဆုံး
မိန်းမတစ်ယောက်အဖြစ် ဒီရုပ်ရှင်လေးမှာ မြင်ရမှာပါ…..
အနှစ်ချုပ်ပြောရရင်တော့ First Man ဇာတ်ကားဟာ IMDB 7.3ရရှိထားပြီး
အနှစ်သာရပြည့်ဝတဲ့ လကမ္ဘာပေါ် ပထမဆုံးခြေချခဲ့သူ
“နေးလ် အမ်းစထရောင်း”ရဲ့အတ္ထုပ္ပတ္တိကို ပြန်လည်ရိုက်ကူးထားတဲ့
ရုံတင်ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်
(ဒီဇာတ်ကားနဲ့အညွှန်းကို Mg King မှရင်နဲ့ခံစားပြီး ဘာသာပြန်ပေးထားပါတယ်…)