-
Movie Name
-
Loving Pablo (2017)
-
Year
-
2017
-
Generes
-
Biography, Drama
-
Code
-
02600
-
Type
-
Movie
-
Size
-
1.01 GB
-
Country
-
Hollywood
-
Description
-
ဒီတစ်ခေါက်မှာတော့ မူးယစ်ရာဇာကြီး ပါဘလို ရဲ့ အကြောင်းကို
ဇတ်လမ်းရိုက်ကူးထားတဲ့ Loving Pablo ဆို တဲ့ ရုပ်ရှင်ကားနဲ့
မိတ်ဆက်ပေးပါရစေ ….
တစ်ကမ္ဘာလုံးက အလိုရှိနေတဲ့ ကိုလံဘီယာ ဘိန်းဘုရင်ကြီး ပါဘလို ရဲ့
အငယ်အနှောင်း တစ်ဦး က ပြန်ပြောပြထားတဲ့ ပုံစံ ဇတ်လမ်းလေးပါ
ဒီဇတ်လမ်းတစ်ခုထဲမှာတင် ပါဘလို ရဲ့ ဘ၀ စတင်မှု တစ်ချို့ နဲ့
ကျဆုံးခန်းတွေ ပါဝင်ပါတယ် အတော်လေးလဲ စိတ်ဝင်စားဖို့ကောင်းပါတယ်
XP ရဲ့ PowerBank များကို အမြို့မြို့အနယ်နယ်တွင် မှာယူရရှိနိုင်ပါပြီ
အောက်ပါ အညွှန်းကိုတော့ ဦးသူရ (ဇာဂနာ) ဆီမှ ကူးယူဖော်ပြပါသည်။
ကိုလံဘီယာ မူးယစ်ရာဇာ ပါဘလို အက်စ်ကိုဘာ အကြောင်းရုပ်ရှင် ၂ကားထွက်ပါတယ်။
ပထမကားက escobar paradise lost ၂၀၁၄ ပါ။ဘင်နဇီရို ဒယ်လ် တိုရို နဲ့ပါ။
ခု ထွက် လာတာကတော့ မင်းသား ဂျာ ဗီယာ ဘာဒန် ၊ မင်းသမီး ပင်နလိုပီ ခရုဇ် နဲ့ပေါ့။
သိပြီးသား အကြောင်း ကို ဘာလို့ ထပ်ရိုက်နေတာလဲ လို့ပြောသင့်ပါတယ်။ မေးသင့်ပါတယ်။
ရုပ်ရှင်ကြည့် လိုက်တော့မှ အော် ကိုယ် မသိသေးပါလားဆိုတာ သိသွားပါလိမ့်မယ်။
အခု အသစ် ထွက်လာတဲ့ Loving pablo ဟာ စာရေးဆရာမ ဗာ ဂျီနီးယား ဗာ ဟဲရို ရဲ့
Loving pablo,Hating Escoba ကို ပြန်ရိုက်တာပါ။
အက်စ်ကိုဘာ နဲ့ချစ်သူဖြစ်ခဲ့တဲ့ ၊ ဗာ ဂျီနီးယား ဟာ
တကယ်တော့ ဂျာနယ်လစ် တစ်ယောက်ပါ။
လိုတရ၊ လိုတာ အကုန်ဖြစ်နေသူပေါ့။
အက်စ်ကိုဘာကလဲ အမေရိကန်ကို ကုတ်ကင်း
ပို့တာ ဒေါ်လာ ဘီလျီ ၃၀ ဝင်ငွေရှိနေတဲ့ သူဌေးလေ။
ကိုယ်ပိုင်လေယာဉ်၊ကိုယ်ပိုင် ဟယ်လီကော်ပတာနဲ့ပါ။
ဒါပေမဲ့ အမေရိကန် အစိုးရ ဖိအားပေးလွန်းတော့ ကိုလံဘီယာ တပ်က
အက်စ်ကိုဘာ ကို အတင်း ဝင်ဖမ်းရတာပေါ့။
ဒါပေမဲ့ လွတ်သွားတယ်။တောတောင်ထဲ မှာ ပုန်းနေတာ။
အမေရိကန် DEA နဲ့ကိုလံ ဘီယာ တပ် ပူးပေါင်းစစ်ဆင်ရေးလုပ်
ပြီး အတင်း အသေသတ်တော့မှ အက်စ်ကိုဘာ က အစိုးရ ကို
အကြောင်းကြားတယ်။ အဖမ်းခံမယ် တဲ့။
သူထောင်ကျနေတာကလဲ တော်တော် ကောင်းပါတယ်။
ကိုယ့်ထောင် ကိုယ့်ဖာသာဆောက်ပြီး တပည့်တွေကိုပါ ထောင်ထဲ ခေါ်ထားတာ။
ပျော်ပွဲစားထွက်လာသလိုပဲ။တစ်ပတ်တစ်ခါ အပြင်ကကောင်မလေးတွေခေါ်ပြီး
ပါတီ ပေးသေးတာပါ။ထောင်ထဲ ကနေ အပြင်ကို ခိုင်းပြီး ကုတ်ကင်း ပို့ခိုင်းနေသေးတာ။
အစိုးရ လွှတ်ထားတဲ့ လူကို သတ်ပြီး ထောင်က နေ ပြေးပြန်ရော။
ဒီတော့ အမေရိကန် DEA နဲ့ FBI က ဗာ ဂျီနီးယား ကို အသုံးချပြီး
အက်စ်ကိုဘာ ရှိနေတဲ့နေရာကို ထောက်လှမ်း၊ တပ်နဲ့ ဝိုင်းပြီး အသေဖမ်းခဲ့ရတော့တယ်။
၁၉၉၃ မှာ သူ့ကိုအသေမိတာပါ။
ဒီဇာတ်ကားရဲ့ စိတ် ဝင်စားစရာ တစ်ခန်းကတော့ အက်စ်ကိုဘာ
ကို လွှတ်တော် ကနေ အခွန်ရှောင် ငွေ တွေနဲ့ ၊ ဥပဒေ ပြင်ပ က ပိုက်ဆံ တွေ
နဲ့ ရပ်တည်နေတယ်လို့ စွပ်စွဲခန်းပါပဲ။ သူ့စကားက လှတယ်။
( ကောင်းပြီ။ အခွန်ရှောင်တဲ့ပိုက်ဆံ ကို လာဘ်ငွေအဖြစ်
ခင်ဗျားတို့နိုင်ငံရေးသမားတွေပဲ ယူတာလေ။ဒီလိုလုပ်ပါလား။
ကျွန်တော်ဘယ်သူ့ကို ဘယ်နေ့က ဘယ်လောက်ပေးရတယ်
ဆိုတာ သက်သေ နဲ့ မနက်ဖြန် ပြန်လာမယ်။ ခင်ဗျားတို့လဲ ကျုပ်
အခွန် ဘယ်လောက်ရှောင်ထားတယ် ဆိုတာ သက်သေ နဲ့ပြန်လာခဲ့) တဲ့။
အဲဒီ ကစလို့ နိုင်ငံရေးသမား နဲ့ မူးယစ်ရာဇာ
အပြန်အလှန်သတ်ကြတာ သမိုင်းတွင်ပါတယ်။
၂လ အတွင်း လူတစ်ရာ ရှစ်ဆယ်ကျော်သေတယ်။
ဗာဂျီနီးယား ရဲ့ စကားတစ်ခွန်း က တာသွားလွန်းပြန်တယ်။
ဘာကြောင့် ငါ့အကြောင်းရေးမှာလဲ လို့ အက်စ်ကိုဘာကမေးတော့
(ရှင့်ကိုအားကျနေတဲ့ လူငယ်တွေ အများကြီးအတွက်တဲ့)
မဆန်းပါဘူး။ ဒါကြောင့်လဲ ကိုလံဘီယာ ဟာ ခုထက်ထိ
အက်စ်ကိုဘာ တွေ မွေးထုတ်တုန်း။ကုတ်ကင်းတွေ တင်ပို့တုန်းပါ။
ဒီရုပ်ရှင်ကားကို Wai Zin မှ ဘာသာပြန်ပေးထားပြီး
Thit San Khant မှ တင်ဆက်ပေးပါသည်။