-
Movie Name
-
My Dinner With Herve (2018)
-
Year
-
2018
-
Generes
-
Biography, Drama
-
Code
-
02603
-
Type
-
Movie
-
Size
-
924 MB
-
Country
-
Hollywood
-
Description
-
CM ပရိတ်သတ်တွေအတွက် ဒီတစ်ခေါက်မိတ်ဆက်ပေးချင်တဲ့ဇာတ်လမ်းကတော့
“My dinner with Hervé”ဆိုတဲ့ ဇာတ်လမ်းပဲဖြစ်ပါတယ်…
ဒီဇာတ်လမ်းက IMDb 7.2 ထိရရှိထားတာကြောင့်
ဇာတ်လမ်းကောင်းဆိုပြီး အထူးညွှန်းစရာတောင်မလိုတော့ပါဘူး…
ဒီဇာတ်လမ်းမှာတော့ “Fifty Shades of Grey”ဇာတ်လမ်းမှာ
Christian Grey အနေနဲ့ သရုပ်ဆောင်ထားတဲ့
မင်းသား Jamie Dornan လဲပါဝင်ပါတယ်…
ဒီဇာတ်လမ်းက တစ်ခေတ်တစ်ခါက နာမည်ကြီးခဲ့တဲ့ လူပုမင်းသား
“Hervé Villechaize” အကြောင်းရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလည်းဖြစ်ပါတယ်…
Hervé ဟာ ငယ်စဉ်ကတည်းက အရွယ်မကြီးနိုင်တဲ့ရောဂါဝေဒနာခံစားခဲ့ရပါတယ်…
မိခင်ဖြစ်သူဟာ သားဖြစ်သူရဲ့ အဖြစ်ဆိုးကို ကြည့်ပြီး ယူကျုံးမရဖြစ်ခဲ့ပါတယ်…
ဆရာဝန်တစ်ယောက်ဖြစ်တဲ့ Hervé ရဲ့ဖခင်ကတော့ မဖြစ်နိုင်တာမရှိဘူးဆိုတဲ့
ရည်ရွယ်ချက်နဲ့ သားလူကောင်ကြီးလာဖို့ အမျိုးမျိုးကြိုးစားခဲ့ပါတယ်…
ဒါပေမဲ့ အရာမထင်ခဲ့ပါဘူး…
Hervé ဟာ ကျောင်းတက်တဲ့အချိန်ရောက်တော့လည်း
အတန်းဖော်တွေရဲ့ ကဲ့ရဲ့လှောင်ပြောင်ခံခဲ့ရပါတယ်…
Hervé ဟာ ပန်းချီပညာလေ့လာခဲ့ပါတယ်…
နောက်ပိုင်းမှာတော့ သူဟာသရုပ်ဆောင်အနေနဲ့ အောင်မြင်ခဲ့ပါတယ်…
သရုပ်ဆောင်ဘဝမှာလဲ လူကောင်သေးနေတာကြောင့်
ကလေးတစ်ယောက်လို ဆက်ဆံခဲ့ရပါတယ်…
Hervé ဟာ ဘဝတလျှောက်လုံး
ကဲ့ရဲ့လှောင်ပြောင်သရော်မှုတွေနဲ့ မိတ်ဆွေဖြစ်ခဲ့ပါတယ်…
ဒါပေမဲ့ ဒီအခက်အခဲတွေကို ကျော်လွန်ပြီး သူအောင်မြင်ခဲ့ပါတယ်…
Hervé ဟာ အသက် ၅၀ အရွယ်မှာတော့ အနုပညာအလုပ် အနားယူခဲ့ပါတယ်…
Danny Tate ဆိုတာကတော့ ဘယ်တော့မှအဖြစ်မရှိတဲ့ သတင်းထောက်တစ်ယောက်…
တစ်လတိတိ အရက်ဖြတ်ထားရတဲ့လူတစ်ယောက်…
တစ်နေ့တော့ လူပုမင်းသား Hervé ကို အင်တာဗျူးဖို့ သူတာဝန်ရခဲ့ပါတယ်…
Hervé ကို အင်တာဗျူးတဲ့အချိန်မှာတော့ Danny ဟာ
Hervé ရဲ့ဘဝ ဖြစ်ရပ်မှန်တွေကို သိခဲ့ရပါတယ်…
ဒီဇာတ်လမ်းက ဖြစ်ရပ်မှန်မို့ မင်းသား Hervé Villechaize အကြောင်းကိုလည်း
Google မှာရှာကြည့်နိုင်ပါတယ်…
Hervé ဟာ မင်းသား James Bond နဲ့အတူ
“Man with Golden Gun”ဆိုတဲ့ဇာတ်လမ်းနဲ့နာမည်ကျော်ခဲ့သူဖြစ်ပါတယ် …
သူအခက်အခဲတွေကို ဘယ်လိုဖြတ်ကျော်ခဲ့ရလဲ….
သူဘယ်လိုသေဆုံးခဲ့လဲ… ….
Hervé ဟာ သာမန်လူတစ်ယောက်မဟုတ်လို့
လောကဓံရိုက်နှက်မှုဒဏ်ကိုအခြားသူထက်ပိုခံခဲ့ရပါတယ်…
ပုတဲ့လူလဲ လူပါပဲ….
ဝတဲ့လူ ပိန်တဲ့လူ အကုန်လုံးက လူတွေပါပဲ…
ဘာလို့လူအချင်းချင်း အဆင့်အတန်းခွဲပြီး နှိမ်နေမလဲ….
ဒီဇာတ်လမ်းကို ကြည့်ပြီးနောက်မှာတော့ ပရိတ်သတ်အတွက်
message တစ်ခုခုကျန်ခဲ့မယ်ဆိုတာ သေချာပါတယ်…
ဇာတ်လမ်းကောင်းမို့ ကြည့်ရှုကြပါဦးနော်…
(ဒီဇာတ်ကားကို အညွှန်းနဲ့ဘာသာပြန်ပေးသူကတော့ May Haruko ပဲဖြစ်ပါတယ်..)