-
Movie Name
-
Reversing Roe(2018)
-
Year
-
2018
-
Generes
-
Documentary
-
Code
-
02607
-
Type
-
Movie
-
Size
-
937 MB
-
Country
-
Hollywood
-
Description
-
လူတွေဟာ အသက်ရှုတာချင်းတူကြပေမယ့် အမြင်တွေမတူကြပါဘူး။
လောကမှာ ဒီလိုကိစ္စမျိုးတွေ အများကြီးပါ။
ဒွိဟဖြစ်စရာတွေနဲ့ ဆုံးဖြတ်ရခက်တဲ့
အကြောင်းအရာတွေထဲမှာ ကိုယ်ဝန်ဖျက်ချခြင်းကလည်း
ကိစ္စရပ်ကြီးတစ်ခုအနေနဲ့ရှိနေပါတယ်။
Reversing Roe ကတော့ ဖွံ့ဖြိုးပြီး
ကိုယ့်ကြမ္မာကိုယ် လွတ်လပ်စွာ ဖန်တီးဆုံးဖြတ်ခွင့်ရှိတယ်လို့
သတ်မှတ်ထားတဲ့ USA မှာတောင် ကိုယ်ဝန်ဖျက်ချခြင်းပြဿနာမှာ
ဝိဝါဒကွဲပြားပြီး နိုင်ငံရေးသမိုင်းတစ်လျှောက်
ပဋိပက္ခတွေ ဖြစ်ခဲ့တာကို မီးမောင်းထိုး ရိုက်ကူးပြသထားတာပါ။
ကိုယ်ဝန်ဖျက်ချခြင်းခွင့်ပြုတဲ့ဥပဒေကို အမျိုးသမီးအခွင့်အရေး
ကျန်းမာရေးစောင့်ရှောက်မှုတစ်ခုလို့ယူဆပြီး ထောက်ခံတဲ့သူတွေရှိသလို……
ဘာသာတရားနဲ့ လူသားချင်းစာနာမှုအရ
တားဆီးချင်သူတွေလည်းရှိနေပါတယ်။
Reversing Roe မှာတော့ ၁၉၈၀ပြည့်နှစ်များမှစပြီး
အခုချိန်ထိ ဝိဝါဒကွဲကာ ဥပဒေကို ခွင့်ပြုသင့် မပြုသင့်
တိုက်ပွဲဝင်နေကြဆဲ ပုံရိပ်တွေ၊ အကြောင်းအရာ၊ ခေတ်ကာလ နဲ့
နိုင်ငံရေးအခြေအနေတွေကို စုံလင်စွာကြည့်ရှုခံစားရပြီး
သင်ကိုယ်တိုင်တောင် ကိုယ်ဝန်ဖျက်ချခြင်းကို ခွင့်ပြုသင့်
မပြုသင့်ကို မေးခွန်းထုတ်ချင်လာအောင် ဆွဲဆောင်နိုင်မည့်
သုတရသစုံလင်တဲ့ ဖြစ်ရပ်မှန် ပညာပေး
တစ်ကားဖြစ်တယ်လို့ ယုံကြည်ပါတယ်။
ဒီ ပညာပေးရုပ်ရှင်ကို ဘာသာပြန်ထားတာကတော့
Bommy Chan ဖြစ်ပြီး
ကိုယ်တိုင်ပဲ အညွှန်းရေးပေးထားပါတယ်