-
Movie Name
-
Rommel (2012)
-
Year
-
2012
-
Generes
-
Action, Biography, Drama
-
Code
-
02608
-
Type
-
Movie
-
Size
-
0.37 GB
-
Country
-
Hollywood
-
Description
-
ဒီဇာတ်လမ်းလေးကတော့ ဂျာမန်စစ်ဗိုလ်ချုပ်ကြီး ရိုးမဲလ် ရဲ့ အကြောင်းကိုရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်ကားဖြစ်ပါတယ် …သဲကန္တရမြေခွေးကြီးလို့လည်း
အတော်များများကြားဖူးကြမယ်ထင်ပါတယ်…
ဒီစစ်ကားမှာ တခြားစစ်ကားတွေထက် ပိုကောင်းတဲ့အချက်တွေကတော့ ဗိုလ်ချုပ်ကြီးရိုးမဲလ် အပါအဝင် ဂျာမန်စစ်ခေါင်းဆောင်တွေရဲ့ ဒုတိယကမ္ဘာစစ်မတိုင်ခင်အချိန် ဘယ်လိုစစ်ပြင်ဖို့ဆွေးနွေးကြပုံတွေ.
.စစ်ဖြစ်နေတဲ့အချိန်အတောအတွင်းမှာလဲ တန်ပြန်တိုက်စစ်တွေကို ဘယ်လိုပုံဖော်ကြအလဲဆိုတာတွေ အပြန်အလှန်ဆွေးနွေးကြပုံတွေကို အသေးစိတ်ရိုက်ကူးပုံဖော်ထားပါပဲ….ဗိုလ်ချုပ်ကြီးရိုးမဲဟာ
သူ့ရဲ့စစ်ခေါင်းဆောင်ကြီးဟစ်တလာရဲ့အပေါ်မှာ အလွန်သစ္စာစောင့်သိတဲ့စစ်သားတစ်ဦးဖြစ်ပေမယ့် နောက်ပိုင်းမှာ ဟစ်တလာရဲ့ ဂျူးလူမျိုးတွေအပေါ်လူမဆန်တဲ့လုပ်ရပ်တွေကိုသိသွားတဲ့အခါမှာ ဆက်ပြီးတော့ဟစ်တလာအပေါ်မှာ
သစ္စာစောင့်သိဦးမှာလား…အဲ့အချိန်မှာပဲ ဂျာမန်တွေဟာ မဟာမိတ်တို့ရဲ့ပြင်းထန်တဲ့တိုက်စစ်တွေကြောင့် အဘက်ဘက်ကစစ်ရေးရှုံးနိမ့်လို့နေခဲ့တယ်..
ရိုးမဲလ်က ဟစ်တလာကို ငြမ်းချမ်းရေးညှိနှိုင်းဖို့အကြံပြုခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး..အဲ့နောက်မှာတော့ ဟစ်တလာရဲ့ခေါင်းဆောင်မှုအပေါ်မှာ သဘောမကျတဲ့
ဂျာမန်စစ်ခေါင်းဆောင်အချို့ဟာ အာဏာသိမ်းဖို့အတွက်တိတ်တဆိတ်ကြံစည်လုပ်ဆောင်လာခဲ့တဲ့အခါမှာတော့…
ဗိုလ်ချုပ်ကြီးရိုးမဲလ် ဘယ်လိုဆက်ပြီးလုပ်ဆောင်သွားမလဲဆိုတာကိုတော့ ဇတ်လမ်းလေးကိုပဲဆက်လက်ကြည့်ရှုခံစားလိုက်ကြပါခင်ဗျ..