Movie Name
Sanju (2018)
Year
2018
Generes
Biography, Drama
Code
02609
Type
Movie
Size
1.19 GB
Country
Bollywood
Description
ဂုဏ်သရေရှိ အမျိုးသမီး အမျိုးသားအပေါင်းတို့ ခင်ဗျာ ဒီနေ့ဟာဆိုရင် ကျွန်တော့်အတွက် အင်မတန်မှ ပျော်ရွှင်ဖွယ်ကောင်းတဲ့ နေ့တစ်နေ့ပါ ဘာကြောင့်လဲဆိုတော့ ဒီနေ့မှာ ကျုပ်ရဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ စာအုပ် ထွက်ရှိမှာ မို့လို့ပါ ============================================ ကျွန်တော့်လောက် ကဏ္ဌစုံတဲ့လူ တစ်ယောက်ကို ဘယ်မှာမှတွေ့နိုင်ဖို့မရှိဘူးဗျ ကျွန်တော်က အရက်သမား၊ ဆေးသမား၊ မိန်းမပွေလွန်းတဲ့လူဗျ ဒါပေမဲ့ အကြမ်းဖက်သမားတော့ မဟုတ်ပါဘူး ============================================ AK 56 ရိုင်ဖယ်တွေလက်ဝယ်တွေ့ရှိမှု၊ RDX တွေရှိနေလားဆိုတဲ့ မေးခွန်းပေါင်းများစွာကြောင့် အများအမြင်မှာ အကြမ်းဖက်သမားတစ်ယောက်ဖြစ်နေတဲ့ နာမည်ကျော်မင်းသားကြီး ဆန်ဂျေ ဒတ်ဟာ ထောင်နန်းစံရတော့ပါမယ် အဲဒီအတွက်ကြောင့် ပြည်သူတွေကိုအမှန်တိုင်း သိစေဖို့ ရည်ရွယ်ပြီးနာမည်ကျော် စာရေးဆရာမတစ်ယောက်ဖြစ်တဲ့ ဝင်နီ ဒိုက်(ဇ်)ကို သူ့ဘဝဇာတ်ကြောင်းရေးပေးဖို့ အကူညီတောင်းခဲ့ရပါတော့တယ် ဆန်ဂျေ ဒတ်ရဲ့ ဘဝဇာတ်ကြောင်းက ဘာတွေလဲ … တကယ်ပဲ သူက အကြမ်းဖက်သမား တစ်ယောက် ဟုတ်မဟုတ်ဆိုတာကိုတော့ … ============================================ နာမည်ကျော်မင်းသားကြီး ဆန်ဂျေ ဒတ်ရဲ့ ဘဝဇာတ်ကြောင်းကို မင်းသား ရန်ဘီးကပူးရ်က အကောင်းဆုံးသရုပ်ဆောင်ထားပြီးပါလေသမျှ သရုပ်ဆောင်တိုင်းက ကဏ္ဌအသီးသီးကနေ အကောင်းဆုံးပုံဖေါ်ထားနိုင်လွန်းလို့ အင်မတန်မှ ကောင်းမွန်တဲ့ Bio, Drama ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ် ဒါရိုက်တာကလည်း 3 Idiots, PK နဲ့ Munna Bhai နှစ်ကားလုံးကို ရိုက်ကူးထားတဲ့ Rajkumar Hirani ဖြစ်နေတာကြောင့် ပြောစရာမလိုလောက်အောင် ပြီးပြည့်စုံနေပါပြီ နိုင်ငံတကာ အဆင့်သတ်မှတ်ချက်တွေ အနေနဲ့ IMDb 8.5/ 10 နဲ့ Rotten Tomatoes 50% အထိ ရရှိထားပါတယ် (ဇာတ်လမ်းအညွှန်းကိုတော့ ကိုဇော်ထူးရေးပေးထားတာပါ) (ဘာသာပြန်သူတွေကတော့ CM ရဲ့ အိန္ဒိယလိုင်းဆရာကြီးနှစ်ပါးဖြစ်တဲ့ ကိုဇော်ထူးနဲ့ ညီညီကိုးပါ)