-
Movie Name
-
Seven Years In Tibet (1997)
-
Year
-
1997
-
Generes
-
Adventure, Biography, Drama
-
Code
-
02610
-
Type
-
Movie
-
Size
-
879 MB
-
Country
-
Hollywood
-
Description
-
Seven Years in Tibet (1997)
PG-13 | 136 min |
Adventure, Biography, Drama
IMdb rating…… 7 ⭐⭐⭐⭐⭐⭐⭐
” တို့ တိဗက်မှာ စကားတစ်ခွန်းရှိတယ်… ဖြေရှင်းလို့ရနိုင်တဲ့ ပြဿ နာတစ်ခုဆိုရင်
အဲ့ဒီအတွက် ပူပန်နေစရာ မလိုဘူး ဖြေရှင်းလို့မရနိုင်ဘူးဆိုရင်တော့..
ပူပန်ခြင်းနေတာက အလကားပဲ” ဒီစကားက ငြိမ်းချမ်းလွန်းတဲ့
တိဗက်ရဲ့ အတွေးအခေါ် ဝါဒကို ရှင်းရှင်းလင်းလင်း ပေါ်လွင်စေမှာပါ။
တိဗက်ဆိုတဲ့ နယ်မြေအကြောင်း ကို မြန်မာ စာရေးဆရာတွေလည်း ရေးခဲ့ကြပါတယ်။
Seven year in Tibet ဆိုတဲ့ သြစတြီးယား တောင်တက်သမား
Heinrich Harrer ရဲ့ ကိုယ့်တွေ့အဖြစ်အပျက်ခရီးသွားမှတ်တမ်းကို
အခြေခံပြီးရိုက်ကူးထားတဲ့ ရုပ်ရှင်မှာ ကျွန်တော်တို့ တစ်ခါက စကားလုံးနဲ့ပဲ
ခံစားဖူးခဲ့တဲ့ တိဗက်မြေကို ရုပ်သဏ္ဍာန်နဲ့ ခံစားတွေ့မြင်ရမှာပါ။
တိဗက်ရဲ့မိုးကောင်းကင်နဲ့ ထိလုနီးပါးဖြစ်နေတဲ့တောင်တန်းကြီးတွေ
ကျယ်ပြန့်လှတဲ့လွင်ပြင်ကျယ်ကြီးတွေကို တွေ့မြင်ခံစားရမှာပါ။
တိဗက်လူမျိုးတွေရဲ့ ဘာသာတရားအပေါ် ထူးခြားတဲ့သက်ဝင်ယုံကြည်မှုတွေ
အယူဝါဒတွေ ဓလေ့တွေကိုလည်း တွေ့ရမှာဖြစ်ပါတယ်။
ဒီ အဖြစ်အပျက်တွေဟာ… ဒုတိယကမ္ဘာစစ်ကာလ
၁၉၄၄ခုနှစ်နဲ့၁၉၅၁ခုနှစ်ကြား တိဗက်ကို တရုတ်ပြည်သူ့လွတ်မြောက်ရေး
ကွန်မြူ နစ်တပ်မတော် မကျူ းကျော်မီ ၁၉၅၀ဝန်းကျင်က အကြောင်းအရာတွေပါ။
Heinrichဟာ အခြေအနေတစ်ခုကြောင့် တိဗက်ကို ဖြတ်လာရင်း
တိဗက်မှာ ဒုတိယကမ္ဘာစစ်ကာလအတွင်း ခိုလှုံနေခဲ့ရပါတယ်။ အိမ်ပြန်မလို့လုပ်ခဲ့ပေမဲ့
သားဖြစ်သူဆီက အေးစက်တဲ့စကားလုံးတွေနဲ့ စာတစ်စောင်ကြောင့် တိဗက်မှာ နေဖို့ဖန်လာရင်း
၁၄ယောက်မြောက် ဒလိုင်းလားမားနဲ့ သိခဲ့ပါတယ်။ ၁၄ယောက်မြောက် ဒလိုင်းလားမား
ရဲ့ အသက်အရွယ်က ငယ်လွန်းနေတယ်…
ဒါပေမဲ့ သူသိထားတဲ့ ဓမ္မကတော့
Heinrichရဲ့ ဆရာတစ်ယောက်
လမ်းပြတစ်ယောက် အနေနဲ့ ထိုက်တန်ခဲ့ပါတယ်။ Heinrich ဟာ ဒလိုင်းလားမားရဲ့
တိဗက်ရဲ့ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ အကူအညီပေးခဲ့ပါတယ်။
တိဗက်ဟာ ဘာသာတရားရဲ့အဆုံးအမတွေနဲ့ ငြိမ်းချမ်းနေခဲ့ပေမဲ့ ဒုတိယကမ္ဘာစစ်ရဲ့
လှိုင်းတံပိုးတွေအဖျားခတ်လာခဲ့တဲ့အခါ ငြိမ်းချမ်းမှု အချို့ ပျက်ပြားပြီး
ဘယ်လို ဘေးတွေကျလာမလဲနဲ့ Heinrich နဲ့ သူ့ရဲ့ သွေးအေးသွားတဲ့
သားရော ပြန်တွေ့နိုင်ဦးမလား ဆိုတာကိုတော့…….
တိဗက်ပြည်မှာ ခုနှစ်နှစ်တာကို ခံစားကြည့်ရှုရင်း အဖြေရှာကြည့်ကြပါ။
ဒုတိယကမ္ဘာစစ်ကာလတွင်းက အဖြစ်အပျက်တွေ တိဗက်ရဲ့အံ့မခန်းလှပတဲ့ရှုခင်းတွေကိုတွေ့မြင်ခံစားရမယ့်အပြင်
ယနေ့ထက်တိုင်အောင်မြင်နေဆဲဖြစ်တဲ့ မင်းသားကြီး Brad Pittရဲ့
နုပျိုစဉ်ကပုံရိပ်တွေကိုလည်း ပြန်လည်ခံစားနိုင်မှာဖြစ်ပါတယ်…ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့
Hnin Amy Khine ပဲဖြစ်ပါတယ်…