Movie Name
The Last Executioner (2014)
Year
2014
Generes
Biography, Crime
Code
02617
Type
Movie
Size
363 MB
Country
Thai
Description
ကဲ့ အဖြစ်အပျက် တစ်ခု၊ ပြီးတော့ တကဲ့လူတစ်ယောက်အကြောင်း ကိုရုပ်ရှင်ရိုက်ထားတာပါ။ ထိုင်းနိုင်ငံ အကျဉ်းဦးစီး ဌာန မှာ ၃၅နှစ်လုံးလုံး အမှုထမ်းခဲ့တဲ့ ချောင် လို့ ခေါ် တဲ့ ချာဗရွတ် ရဲ့ အကြောင်းပေါ့။ သူဟာ ဝန်ကြီးလဲ မဟုတ်၊ နိုင်ငံရေးသမားလဲ မဟုတ်ပါဘူး။ သူ့ရဲ့အလုပ်ကတော့ သေဒဏ် ပေးခံ ရသူတွေကို သေနပ် နဲ့ ပစ်သတ် ပေးရတာပါ။ သူဟာ လူသတ် သမား မဟုတ်ပါဘူး။ အပြစ်ဒဏ်ပေးခံရသူတွေကို စီရင်ပေးရသူပါ။ သူ့မှာ အမုန်းမရှိ၊ အညှိုးမရှိပါဘူး။ ဒါပေမဲ့ လူတွေကို သတ်ပေးရတဲ့ သူဆိုတာ သိသွားကြတဲ့အခါ သူ့မိန်းမကအစ အံ့ ဩတုန်လှုပ်ခဲ့ပါတယ်။ သူ့သမီးရဲ့ ယောက္ခမ အသိုင်းအဝိုင်း ကလဲ ရွံ့ သွားကြတယ်။ သူကတော့ သူတာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့လေရဲ့။ သူ သေနပ် နဲ့ ပစ်ခဲ့ရတာ ၅၅ ယောက်ရှိပါတယ်။ ထိုင်း အစိုးရက ၂၀၀၃ခုနှစ်မှာ သေနပ် နဲ့ သေဒဏ်ပေးမဲ့အစား ၊ ဆေးထိုးသတ်ဖို့ဆုံးဖြတ်လိုက်တော့ သူ အလုပ်ကနေ အနားရခဲ့ပါတယ်။ သူ့အကြောင်းကိုစာအုပ် ထုတ်ခဲ့ပါတယ်။ ထိုင်းနိုင်ငံရဲ့နောက်ဆုံး ပါးကွက်သားကြီး အဖြစ် နဲ့ပေါ့။ ၂၀၁၁ ခုနှစ် မှာ သူကွယ်လွန်ခဲ့ပါပြီ။ဂီတသမား၊ အထူးသဖြင့် Rockerဖြစ်ချင်ခဲ့သူ၊ ခင်ပွန်းကောင်း၊ ဖခင်ကောင်း၊ဝန်ထမ်းကောင်းဖြစ်ခဲ့သူပါ။ သူသေနပ် နဲ့ပစ်သတ်နေပုံတွေ ပြတဲ့အခါ သွေးအေးလွန်းတဲ့ သူ့ဟန်ပန်တွေကတော့ ကျွန်တော် တို့ ရင်ကို နာ ကျင်စေခဲ့ပေါ့။ သူ များ ကို သတ်ရတာ အရသာတွေ့နေလေသလားရယ်လို့။ ကျွန်တော် တို့ငယ်ငယ် ၁၉၈၀ ဝန်းကျင်က ရှုမဝထဲ မှာ ဖတ်ခဲ့ဖူးပါတယ်။သားတော်မောင်ရဲ့မေးခွန်း ဆိုတဲ့ ဘာသာပြန် ဝတ္ထုတို ပါ။ သေဒဏ် ပေးခံ ရသူတွေကိုသတ်တဲ့အခါ ဒေါက် ဖြုတ် ရတဲ့ လူ တစ်ယောက် အကြောင်းပေါ့။ ကိုယ့်လက် ကလေး ကွေးလိုက်တာနဲ့ လူတစ်ယောက် သေသွားရတာ တော့ အရသာ ရှိလိမ့်မယ် ထင်တယ်။ ရုပ်ရှင်အညွှန်းအား ဦးသူရ (ဇာဂနာ) Facebook မှ ကူးယူဖော်ပြပါသည်။ ဒီရုပ်ရှင်ကားကို CM Translator ကို Nga Lunn မှ ဘာသာပြန် တင်ဆက်ပေးထားပါတယ်