-
Movie Name
-
Puncture (2011)
-
Year
-
2011
-
Generes
-
Biography, Drama
-
Code
-
02635
-
Type
-
Movie
-
Size
-
714 MB
-
Country
-
Hollywood
-
Description
-
ဒီဇတ်လမ်းဟာ ရှေ့နေတွေအတွက်
အကြီးမားဆုံး သမိုင်းတစ်ခု လဲ ဖြစ်ပါတယ်
တကယ့်ဖြစ်ရပ်မှန် အပေါ် အခြေခံပြီး ရိုက်ကူးထားတာပါ
ဒီဇတ်လမ်းမှာ ကိုယ်တွေရဲ့ အချစ်တော်
ကပ္ပတိန်အမေရိက အဖြစ် သရုပ်ဆောင်တဲ့
မင်းသား Chris Evans ပါဝင် သရုပ်ဆောင်ထားပါတယ်
ဇတ်လမ်းပုံစံကတော့ ဘာကိုမှ သံရောဇဉ် စွဲစွဲမြဲမြဲ မထားတက်တဲ့
အတော်ဆုံးရှေ့နေ တစ်ယောက် ဖြစ်တဲ့ မိုက်ဝှိုက်စ် နဲ့ ဇတ်လမ်းစထားပါတယ်
သူလိုက်တဲ့ အမှုတွေဟာ မနိုင်သလောက် မရှိအောင် ရှားပါးပါတယ်
မိုက် ဟာ အရမ်းတော်တဲ့ ရှေ့နေ လူငယ်တစ်ယောက်ဖြစ်သလို
သူ့ရဲ့ အမှောင်ဘက်ခြမ်းမှာတော့ ဆေးစွဲနေတဲ့ သူ တစ်ဦးပါ
မူးယစ်ဆေးကို ခုံမင်နေတဲ့သူပေါ့…
တစ်ရက်မှာတော့ မိုက် တို့ ဆီကို အမှု တစ်ခု ရောက်လာတယ်
ဆေးရုံက သူနာပြု ခေါင်းဆောင် တစ်ဦးဟာ Aids ဝေဒနာရှင် တဦးကို
ထိုးထားတဲ့ ဆေးထိုးအပ် စူးသွားရာကနေ ရောဂါ ကူးစပ်သွားတဲ့ ကိစ္စပါ
ဆေးရုံဘက်ကို တရားစွဲ ဖို့ မိုက်တို့က သွားရောက်တွေ့ဆုံခဲ့ပေမဲ့
သူမ ကတော့ သူမ တစ်ဦးထဲ အတွက် ဆိုတာထက်
အခြား သူနာပြု နဲ့ ဆရာဝန်တွေ လုပ်ငန်းခွင်ထဲမှာ
ဘေးကင်းဖို့ အတွက် ထပ်မံ အကူအညီတောင်းပါတယ်
သူမ အကူအညီတောင်းတဲ့ ကိစ္စကတော့ အတော်လေး
ရိုးရှင်းပါတယ်…
တစ်ခါသုံးဆေးထိုးအပ်တွေကို ထပ်မံ သုံးလို့မရအောင်
တီထွင်ထားတဲ့ ဆေးထိုးအပ်တွေ ပြောင်းသုံးဖို့
ဆေးရုံတွေကို အမှုရင်ဆိုင်ခိုင်းတာပါ…
အဲ့ဒီ ဆေးထိုးအပ်တွေက ဘေးကင်းပေမဲ့
ဆေးရုံ တွေက လုံး၀ လက်မခံပါဘူးတဲ့
ဘာလို့လဲ ဆိုတာ မိုက်တို့ လိုက်လံရှာဖွေတဲ့အခါ
နောက်ကွယ်က လက်မဲကြီးကို တွေ့ခဲ့တဲ့
အခါမှာတော့….
ဒီရုပ်ရှင်ဟာ အမေရိကန် ဆေးလုပ်ငန်းတွေ နဲ့
အတူ နိုင်ငံရေး အားပြိုင်မှုတွေကိုပါ တစ်ပြိုင်ထဲ
ရင်ဆိုင်ရတဲ့ ရှေ့နေ ၂ ဦးရဲ့ ဖြစ်ရပ်မှန် ဇတ်လမ်းပါ
ဘာသာပြန်ပေးထားတာကတော့ ThinZar KoKo ဖြစ်ပါတယ်