-
Movie Name
-
Songwriter (2018)
-
Year
-
2018
-
Generes
-
Documentary
-
Code
-
02637
-
Type
-
Movie
-
Size
-
960 MB
-
Country
-
Hollywood
-
Description
-
အခုတင်ပေးမှာကတော့ နာမည်ကြီးအဆိုတော် Ed Sheeran ရဲ့ Divide Album ထုတ်လုပ်ခဲ့ပုံကို
Documentary တင်ဆက်ထားတာလေးပါ။ Divide Album ဟာ 2017 ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပေမယ့် ဒီ
Documentary ကိုတော့ 2018 ခုနှစ်မှာ ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။
Documentary ရိုက်ကူးပေးခဲ့သူကတော့ Ed ရဲ့ အစ်ကိုဝမ်းကွဲ Murray ဖြစ်ပြီး နာမည်ကြီး Apple ကုမ္ပဏီက
ဒီ Documentary ရဲ့ World Screen Rights ကို ဝယ်ယူခဲ့ပါတယ်။ ဒါ့အပြင် သူ့ရဲ့ IMDb Rating ကလည်း 7.3 ရရှိထားပြန်ပါတယ်။
Documentary အစမှာတော့ Justin Bieber ရဲ့ နာမည်ကြီး Love Yourself သီချင်းကို ရေးစပ်သီဆိုနေတာနဲ့ အစပြုလာခဲ့ပြီး
Divide Album မှာ ပါဝင်တဲ့ သီချင်း 14 ပုဒ်အကြောင်းကို တစ်ပိုင်းတစ်စ
ဆက်လက်တင်ဆက်သွားကာ နာမည်ကြီးသီချင်းတွေဖြစ်တဲ့ Shape Of You, Perfect, Galway Girl တို့လည်း ပါဝင်မှာဖြစ်ပါတယ်…
Ed သီချင်းရေးတဲ့အခါမှာ သူလေးစားအားကျရတဲ့ အနုပညာရှင်တွေဆီက
အကြံဉာဏ်ယူလေ့ရှိတာကိုလည်း ဖော်ပြထားပြီး Foy Vance, Amy Wedge, Benny Blanco,
John McDaid, Ryan Tedder, Julia Michaels နှင့် Mathew Sheeran တို့လည်း
ပါဝင်အားဖြည့်ကူညီထားတာကြောင့် Ed ရဲ့ နှစ်လိုဖွယ် အပြုအမူလေးတွေနဲ့ သီချင်းတွေအပေါ်ထားတဲ့
သူ့ရဲ့ခံယူချက်စိတ်ထားတွေကို သိချင်တယ်ဆိုရင်တော့ Songwriter ဆိုတဲ့ ဒီ Documentary ကို ကြည့်ရှုလိုက်ပါလို့ ဖိတ်ခေါ်ချင်ပါတယ်…