Movie Name
The Favourite (2018)
Year
2018
Generes
Biography, Comedy, Drama
Code
02640
Type
Movie
Size
1.08 GB
Country
Hollywood
Description
Director- Yorgos Lanthimos ရိုက်ကူးပုံဖော်ထားပြီး မင်းသမီး Olivia Colman, Emma Stone, Rachel Weisz တို့အပြိုင်သရုပ်ဆောင်ထားတဲ့ ၁၈ ရာစုခေတ် အင်္ဂလန်ရာဇဝင်ကို ပုံဖော်ထားတဲ့ ဇာတ်ကားလေးပါ။ IMDb ration 7.7, Rotten Tomatoes 93% rating ရထားပြီး ၉၁ ကြိမ်မြောက် အော်စကာ ဆုပေးပွဲမှာ မင်းသမီး ၃ ယောက်လုံး Academy Nomiation ဝင်ခဲ့ပြီး ဇာတ်လမ်း၊ဇာတ်ညွှန်းဒါရိုက်တာ ဓါတ်ပုံ အဝတ်အစားဒီဇိုင်း စတာတွေအတွက် Nomination ဆု (၁၀) ခုထိ ဝင်ထားပြီး Best Actress ဆုကို မင်းသမီးကြီး Olivia Colman က ဆွတ်ခူးနိုင်ခဲ့ပါတယ်။ဇာတ်လမ်းအကျဉ်းကလေးကတော့ ၁၈ ရာစုခေတ်မှာ အင်္ဂလန်နဲ့ ပြင်သစ်က စစ်ပွဲတွေ ဆင်နွဲနေတဲ့အချိန်ပါ။ မုဆိုးမတစ်ဦးဖြစ်ပြီး သားသမီးမရှိတဲ့ ဘုရင်မကြီး အန်းနီကတော့ အင်္ဂလန်ထီးနန်းကို ဆက်ခံနေပြီး သူ့ငယ်သူငယ်ချင်း ဆာရာက အကြံပေးတဲ့အတိုင်း တိုင်းပြည်ကိုအုပ်ချုပ်နေပါတယ်။ ဘုရင်မကြီး အန်းနီက အာဏာရှိပေမယ့် ရိုးအပြီး ပညာမဲ့ထုံထိုင်းတဲ့သူမို့ သွက်လက်ထက်မြက်ပြီး မာန်မာနကြီးတဲ့ ဆာရာကသာ အရာရာကြိုးကိုင်နိုင်သူဖြစ်နေပါတယ်။ သူတို့နှစ်ဦးကြားကို အက်ဘီဂေး ဆိုတဲ့ မိန်းကလေးတစ်ဦး ရောက်လာချိန်မှာတော့ ဖြစ်ပေါ်လာမယ့်အရှုပ်အထွေးတွေကိုတော့ ကိုယ်တိုင်ပဲ ခံစားကြည့်ရှုလိုက်ပါ။ အက်ဘီဂေး ရွေ့သွားတဲ့အကွက်လေးတွေကို တော်တော်ကိုလှလို့ ပညာယူထားသင့်ကြပါတယ်ဒီဇာတ်ကားကတော့ လူတွေရဲ့ အာဏာနဲ့ ရာထူးတွေကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားကြရင်းနဲ့ အထီးကျန်ပြီး မေတ္တာတရားမဲ့နေရတဲ့ဘဝတွေကို မြင်သာအောင် မီးမောင်းထိုးပြ သွားခဲ့ပါတယ်….