Movie Name
True Sight - The International (2018) (True Sight (Ti8))
Year
2018
Generes
Biography
Code
02642
Type
Movie
Size
527 MB
Country
Hollywood
Description
Dota ကစားသမားတွေစောင့်မျှော်နေတဲ့True Sight2018ကတော့ ထွက်ရှိလို့ပါပြီTrue Sightဆိုတာကို တော်တော်များများကသိကြပေမယ့်မသိသေးတဲ့လူတွေအတွက် အနည်းငယ်ပြောပြချင်ပါတယ်The Internationalဆိုပြီး နိုင်ငံတကာမှDota2အသင်းများဝင်ရောက် ယှဉ်ပြိုင်ကြတဲ့TI ပြိုင်ပွဲကြီးကို နှစ်စဉ်ကျင်းပလာတဲ့အခါမှာအခုဆို ၈ကြိမ်မြောက် ကျင်းပပြီးစီးသွားပြီဖြစ်ပါတယ်တစ်ကြိမ်ကျင်းပပြီးတိုင်း နောက်ဆုံးဗိုလ်လုပွဲရောက်ရှိခဲ့တဲ့ အသင်းတွေရဲ့Stageနောက်ကွယ်က အခြေအနေအတွေPlayer တွေတစ်ယောက်ချင်းစီရဲ့Final ၅ပွဲအတွင်း စိတ်ခံစားမှုတွေကိုကွက်ကွက်ကွင်းကွင်း ဇာတ်လမ်းတစ်ပုဒ်လို ရိုက်ပြထားတာကိုTrue Sightလို့ ခေါ်တာပါတကယ်တော့ နားလည်လွယ်အောင်သာဇာတ်လမ်းလို့ခေါ်တာပါဇာတ်လမ်းမဟုတ်ပါဘူး Playerတွေရဲ့သဘာဝစစ်စစ်တွေကို ပြသထားတာပါအခုဒီTrue Sightကတော့ မနှစ်ကယှဉ်ပြိုင်ကစားခဲ့တဲ့TI8 Finalမှာတွေ့ဆုံခဲ့ကြတဲ့ PSG.LGD အသင်းနဲ့ OGအသင်းတို့ရဲ့ ယှဉ်ပြိုင်မှုကို ပြသထားတာပါOGအသင်းက TIဝင်ပြိုင်ခါနီးမှာ အသင်းသား၂ယောက် ထွက်သွားတာကြုံတွေ့ခဲ့ပြီးကမန်းကတမ်း ပြန်လည်ဖွဲ့စည်းထားရတာပါPSG.LGD တရုတ်နိုင်ငံကိုယ်စားပြုအသင်းကတော့လူတိုင်းစောင့်ကြည့်ခံနေရတဲ့အသင်းပါမယုံနိုင်စရာပဲ ကမန်းကတမ်းလူစာရင်းနဲ့ OGကFinalကိုတက်လာနိုင်ပြီးတော့PSG.LGDနဲ့ ဖိုင်နယ်မှာပြန်တွေ့ပါတယ်(ပထမတစ်ခါ TI8 အုပ်စုပွဲစဉ်တွေမှာတွေ့တော့OGကနိုင်ခဲ့တာပါ)ဒါပေမယ့်လဲOGက TIချန်ပီယံဖြစ်ဖို့ဝေးလို့Finalတက်ဖို့တောင်အနိုင်နိုင်လို့ထင်ထားတဲ့သူတွေအများကြီးပါဒါပေမယ့်လည်းOGတက်ရောက်လာခဲ့ပါတယ် OGဟာအရာရာ ဆုံးရှုံးခဲ့သူပါအသင်းသား၂ယောက်ဆုံးရှုံးရတယ် ဖိနှိပ်မှုတွေခံရတယ်ဒါပေမယ့် ဘာမှထပ်ဆုံးရှုံးစရာမရှိတော့တဲ့ သူတစ်ယောက်က လောကမှ ကြောက်ဖို့အကောင်းဆုံးမဟုတ်လား…OG မှာ နိုင်လဲအမြတ် မနိုင်လဲ အရင်း ထပ်ဆုံးရှုံးစရာမရှိတော့ပါဘူးသူတို့ ရလဒ်ကို မမျှော်ကိုးပဲ ယှဉ်ပြိုင်ခဲ့ပါတယ်ဒီ True Sightမှာခေါင်းဆောင်ကောင်းဆိုတာဘယ်လိုလဲDotaဆိုတာဘယ်လိုGameမျိုးလဲဆိုတာကို သင်တို့နားလည်သွားမှာပါ(Dota သမားမဟုတ်တဲ့သူတွေများကလဲ TIပြိုင်ပွဲကြီးရဲ့ ကြီးကျယ်ခမ်းနားပုံကို စပ်စုကြည့်သင့်ပါတယ်)ဘာသာပြန်ပေးထားတာတော့Wai Zinဖြစ်ပြီးsithuကencodeပေးထားပါတယ်