-
Movie Name
-
VICE (2018)
-
Year
-
2018
-
Generes
-
Biography, Comedy, Drama
-
Code
-
02643
-
Type
-
Movie
-
Size
-
951 MB
-
Country
-
Hollywood
-
Description
-
IMDb….7.2,,,,Rotten….66%ဒီဇာတ်ကားက Makeup and Hairstyling အတွက်အော်စကာဆုရခဲ့သလို ကျွန်တော်တို့ရဲ့ ထရန်စဖော်မာ မင်းသားကြီးလို့တင်စားရတဲ့Christian Bale နဲ့ မင်းသမီးAmy Adams တို့ အော်စကာဆန်ကာတင်စာရင်း ဝင်ခဲ့တာ အတော်များများလည်း သိကြမယ်ထင်ပါတယ်…၂၁ ရာစုအစပိုင်းကာလ အမေရိကန်သမိုင်းကို တစေ့တစောင်း သိစေနိုင်မယ့် ဒုသမ္မတတစ်ဦးရဲ့ အကြောင်းကိုပြန်လည်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးပဲဖြစ်ပါတယ်….D ick Cheney ဟာ ငယ်ဘဝက ဘယ်လောက်တောင်ဆိုးခဲ့လဲဆိုတော့ မူးရူးသောာင်းကျန်းလွန်းလို့ တက္ကသိုလ်ကတောင်ကျောင်းထုတ်ခံရတဲ့အထိပါပဲ…သို့ပေမယ့် အဲ့ဒီဘဝကနေ အမေရိကန်သမိုင်းမှာ အထင်ကရဖြစ်စေခဲ့တဲ့ ဒုသမ္မတတစ်ယောက်ဖြစ်လာအောင် သူကြိုးစားခဲ့တယ်..သူဘယ်လိုတွေကြိုးစားခဲ့လဲ?ဒုသမ္မတဖြစ်လာချိန်မှာပဲ သူမတူတဲ့အရည်အချင်းတွေကြောင့် သမ္မတအပေါ် ဘယ်လိုလွှမ်းမိုးမှုတွေရှိနေသလဲဆိုတာပါ ခင်ဗျားတို့တွေ့ရလိမ့်မယ်… ဒါ့အပြင် အမေရိကန်သမိုင်းကို သူ့စိတ်တိုင်းကျ အမျိုးမျိုး ပုံဖော်ခဲ့သူ… ၂၀ ရာစုနှောင်းပိုင်းနဲ့ ၂၁ ရာစုအစပိုင်းမှာ ဖြစ်ပျက်ခဲ့တဲ့ အားလုံးမှတ်မိကြလောက်တဲ့ 9/11 ဖြစ်ရပ်အပေါ်မှာ ဒုသမ္မတရဲ့ တုံ့ပြန်လုပ်ဆောင်အကွက်ချမှုတွေ… ဒီဇာတ်ကားကိုကြည့်ရင်းနဲ့ အမေရိကန်သမိုင်းအပြင် ကမ္ဘာ့သမိုင်းကိုပါ တစေ့တစောင်းလေ့လာနိုင်မှာဖြစ်ပါတယ်… Dick Cheney အဖြစ် သရုပ်ဆောင်ထားတဲ့ Christian Bale ရဲ့ သူ့ရဲ့သရုပ်ဆောင်ပီပြင်မှုဟာလည်းဘယ်လောက်တောင်ကောင်းလဲဆိုရင် ရွှေကမ္ဘာလုံးဆုကိုပါ ဆွတ်ခူးသွားနိုင်တဲ့အထိပါပဲ… အသက်ငယ်ရွယ်တဲ့နဂိုပုံစံကနေ အိုမင်းတဲ့အထိ အဆင့်ဆင့် သရုပ်ဆောင်နိုင်ဖို့ ကိုယ်အလေးချိန်တွေ တိုးအောင်တမင်လုပ်ခဲ့ရတယ်ဆိုတော့ သူ့အနေနဲ့ ဒီလို သမိုင်းဝင်ဇာတ်ကားကို ဘယ်လောက်ထိ အာရုံစိုက်ထားခဲ့လဲဆိုတာ သိနိုင်မှာပါ…..တကယ့်ပြင်ပလောကထဲက သူတို့မိသားစုဟာ အားကျစရာအပြည့်.. လိင်တူချစ်တတ်တဲ့ သမီးကိုလည်း လိင်တူလက်ထပ်ခွင့်ဥပဒေကို ဖန်တီးပေးခဲ့တဲ့ အဖေ…ဒီကားက Biography ဖြစ်တဲ့အပြင် နိုင်ငံရေးကားဖြစ်လို့ ပျင်းစရာကြီးလို့ထင်မသွားလိုက်နဲ့….ငယ်ဘဝတစ်လှည့် …ဒုသမ္မတလုပ်ခဲ့စဉ် အခက်အခဲမျိုးစုံတလှည့်ကိုရသမြောက်အောင်ပြသွားနိုင်လို့ film Editing အတွက်အော်စကာဆန်ကာတင်စာရင်းတောင်ဝင်ခဲ့ပါသေးတယ်…ခံစားကြည့်လိုက်ဦး…ဒေါင်းပြီးသိမ်းထားသင့်တဲ့ကားဖြစ်ကြောင်းပြောပါရစေ…ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Crystal Win ပဲဖြစ်ပါတယ်….