Movie Name
YATRA (2019)
Year
2019
Generes
Biography, Drama
Code
02644
Type
Movie
Size
952 MB
Country
Bollywood
Description
တစ်နေ့ကားတစ်စီးနဲ့သားအဖ(၂)ယောက် စာသင်ကျောင်းထဲရောက်လာတယ်….အဖေဖြစ်သူကကျောင်းဆရာအား သူ့သားကိုအပ်ရင်း တောင်းဆိုမှုတွေပြုလုပ်တယ်…” ဆရာ ကျွန်တော့်သားကို စာတွေသင်ပေးတာအပြင် ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်အောင်သင်ပေးပါ” ” အံအားသင့်စရာပဲဗျ ကျွန်တော့်ဘဝမှာအဖေတွေက သူ့တို့သားသမီးတွေကို ဆရာဝန်၊အင်ဂျင်နီယာတွေပဲဖြစ်အောင်လုပ်ပေးပါလို့ပြောတာပဲတွေ့ဖူးတာ..ခင်ဗျားလို သူ့သားကိုနိုင်ငံရေးးခေါင်းဆောင်ဖြစ်အောင်လုပ်ပေးပါဆိုတဲ့အဖေကိုတော့ ပထမဆုံးတွေ့ဖူးတာပဲဗျ….”“အင်ဂျင်နီယာ ဒါမှမဟုတ် ဆရာဝန်က လူတစ်ထောင်သို့မဟုတ် တစ်သိန်းလောက်ကိုပဲကူညီနိုင်တယ်…ဒါပေမယ့်နိုင်ငံရေးခေါင်းဆောင်တစ်ယောက်ကတော့ လူမီလီယံပေါင်းများစွာကိုတစ်ချက်ထဲနဲ့ကူညီနိုင်တယ်…ပြီးတော့ ကျွန်တော့သားကိုပြောပြီးပြောတဲ့အတိုင်းဖြစ်အောင်လုပ်ပေးတဲ့ခေါင်းဆောင်ဖြစ်အောင်သင်ပေးပါဆရာ၊အသက်မရှည်ရင်မရှည်ပါစေနဲ့၊အာဏာမရှိရင်မရှိပါစေနဲ့၊လူတွေရဲ့နှလုံးသားထဲမှာအမြဲတမ်းကျန်ရှိနေမယ့် ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်အောင်လုပ်ပေးပါဆရာ”ဒါကတော့ တစ်ချိန်မှာ အိန္ဒိယနိုင်ငံရဲ့ဝန်ကြီးချုပ်ဖြစ်လာမယ့် ရာဂျာရှက်ခါရာ ရက်ဒီ ရဲ့ အဖေဖြစ်သူကသူ့သားကိုကျောင်းအပ်စဉ်က ပြောခဲ့တဲ့စကားဖြစ်ပါတယ်…ဒီဇာတ်ကားကတော့ ၂၀၀၄ ကနေ ၂၀၀၉ အထိ အိန္ဒိယနိုင်ငံရဲ့ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ YSR လို့ခေါ်ကြတဲ့ ဝန်ကြီးချုပ် ရာဂျာရှက်ခါရာ ရက်ဒီ ရဲ့ ရွေးကောက်ပွဲအတွက် လမ်းလျှောက်မဲဆွယ်တဲ့ယာထရာအကြောင်းကို ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်…နိုင်ငံရေးလောက ထဲကိုသူ လျှောက်လမ်းစဉ်မှာ အခက်အခဲပေါင်းစုံ၊အတိုက်အခံပါတီပေါင်းစုံနဲ့သူဖြတ်သန်းခဲ့တဲ့ ခယောင်းလမ်းကို တွေ့ရမှာဖြစ်ပါတယ်…သူဟာ ငယ်စဉ်က သူ့အဖေပြောခဲ့သလို ပြည်သူတွေရဲ့ နှလုံးသားထဲမှာ အမြဲကျန်ရှိနေတဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်မလား၊ သူဘယ်လိုတွေပေးဆပ်ခဲ့ရလဲ…ဘယ်လိုတွေကြိုးစားခဲ့လဲ…ပြည်သူတွေအပေါ်ဘယ်လိုသဘောထားခဲ့လဲ…ပါတီဝင်အချင်းချင်းနဲ့ အတိုက်အခံတွေကြားမှာ ဘယ်လို လှုပ်ရှားခဲ့လဲ….စတာတွေကို ကြည့်ရမှာဖြစ်မှာပါတယ်….ငယ်ဘဝကိုအနည်းအကျဉ်းပဲပြထားပြီး နိုင်ငံရေးလောကထဲစဝင်တဲ့အချိန်ကစပြီးရိုက်ပြထားတာမို့ဇာတ်လမ်းက တကယ့်ကိုခပ်သွက်သွက်နဲ့ ဝေ့ပိုက်နေတာမျိုးတွေအီနေတာတွေမရှိလို့တကယ့်ကိုဆွဲဆောင်မှုရှိတဲ့ကားကောင်းတစ်ကားဖြစ်သလိုအတုယူဖွယ် အမူအကျင့်ပေါင်းများစွာလည်းပါရှိတဲ့ကားဖြစ်လို့ ကုလားကားကောင်းကြိုက်သူတို့အတွက်ကြည့်ကြပါလို့ သတင်းကောင်းပေးပါရစေ…