-
Movie Name
-
Bed Time Stories (2008)
-
Year
-
2008
-
Generes
-
Comedy, Fantasy, Family
-
Code
-
02650
-
Type
-
Movie
-
Size
-
782 MB
-
Country
-
Hollywood
-
Description
-
အိပ်ရာဝင်ချိန်ဆိုတာ လူသားတိုင်းရဲ့တစ်နေ့တာမှာအငြိမ်းချမ်းဆုံးအနားယူတဲ့အချိန်လေးပါ
အိပ်ရာဝင်ချိန်မှာ ယုံတမ်းပုံပြင်များကိုနားထောင်ပြီးတော့ ကျွန်တော်တို့အိပ်စက်ခဲ့ရပါတယ်….
အခုလည်း Disney ရဲ့အိပ်ရာဝင်ပုံပြင်လေးကို ကြည့််ပြီးတော့
ဒီညအိပ်မက်တွေကို ကိုယ်စိတ်ကြိုက်ဖန်တီးပြီးတော့ ပေါက်တတ်ကရတွေမက်လိုက်ရအောင်….
ငယ်ငယ်တုန်းက အိပ်ရာဝင်ပုံပြင်လေးတွေ နားထောင်ခဲ့ဖူးတယ် ။
ပုံပြောကောင်းတဲ့ အစ်ကိုကြီးအစ်မတွေဆီကနေ တစ္ဆေသူရဲပုံပြင်တွေ အဘိုးအဘွားတွေဆီကလည်း
“ တို့တွေခေတ်တုန်းက ဘယ်လို၊ တို့ငယ်ငယ်တုန်းက ဘယ်လို” စသဖြင့်ပေါ့ဗျာ နားထောင်ခဲ့ဖူးကြပါတယ် ။
အပြောကောင်းတဲ့သူတွေနဲ့ဆို သူတို့ဇာတ်လမ်းလေးမှာ စီးမျောရင်း အချိန်တွေကုန်မှန်းတောင် မသိခဲ့ဘူး။
ဇာတ်လမ်းအကျဉ်းလေးကတော့ စကီတာ ဆိုတဲ့ ဦးလေးလူပျိုကြီး တစ်ယောက်
သူ့တူလေးနဲ့ သူတူမလေးကို သူတို့အမေခရီးသွားတုန်း တစ်ပတ်လောက်
ညဖက်တွေမှာ ကြည့်ရှုစောင့်ရှောက်ပေးဖို့ အကြောင်းပေါ်လာတယ်။
သူကလည်း လူပျိုကြီးဆိုတော့ ကလေးမထိန်းတတ် အိပ်ရာဝင်ပုံပြင်ပြောရတော့မယ်ဆိုတော့
ပုံပြင်စာအုပ်ထဲက ဇာတ်လမ်းတွေကိုလည်း သူမကြိုက်ဘူး။
ဒါနဲ့ပဲ သူရဲ့အကြောင်းကို ရာဇဝင်ဇာတ်လမ်းတွေထဲက သူရဲကောင်းတွေနဲ့ရောပြီး
ပေါက်တက်ကရတွေ လျောက်ပြောတော့တာပဲ။
သူကပြောလိုက် သူ့တူလေးတူမလေးတွေလည်းက ဇာတ်လမ်းပြင်ပြောလိုက်နဲ့ လုပ်နေကြတာပေါ့။
ဒီလိုနဲ့ ထူးထူးဆန်းဆန်း သူပုံပြင်ပြောသလို အပြင်မှာလည်း တကယ့်ကို ကြုံတွေ့လာရမှန်း သိလာတော့
စကီတာတစ်ယောက် သူ့ပုံပြင်ဇာတ်လမ်းတွေကို လိုချင်သလိုဆွဲပြောပေမယ့်
ကလေးတွေကလည်း ဇာတ်လမ်းတွေပြင်နဲ့ ပေါက်တတ်ကရ ဟာသတွေကိုဖြစ်လို့။
သူတို့ တူဝရီး သုံးယောက်သား ဘယ်လိုပေါက်တကရ ပုံပြင်တွေပြောရင်း
ဘယ်လိုပေါက်တက်ကရတွေ ဖြစ်နေကြလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ပါ။