Movie Name
Furry Vengeance (2010)
Year
2010
Generes
Comedy, Family
Code
02654
Type
Movie
Size
655 MB
Country
Hollywood
Description
ဒီဇာတ်ကားလေးက Mummy မင်းသားကြီး Branden Fraser ရဲ့ ဟာသဇာတ်ကားလေးပါ။ အဟောင်းပေမယ့်ကောင်းလွန်းလို့ မရရအောင်လိုက်ရှာပြီး တင်ပေးထားတာပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ မင်းသားကြီး က အိမ်ခြံမြေ အကျိုးဆောင်ဆောက်လုပ်ရေးကို ကြီးကြပ်ကွပ်ကဲနေတဲ့လူတစ်ဦး “ဒန်” အဖြစ်ပါဝင်ထားပါတယ်။ “ဒန်”က မိသားစုနဲ့အတူ ရော့ကီးစပင်းဆိုတဲ့ အမေရိကန်က တောကျကျနေရာလေးတစ်ခုကို ချီကာဂိုကနေ တစ်နှစ်စာချုပ်နဲ့ လာရောက် လုပ်ကိုင်နေပါတယ်။ ရော့ကီးစပင်း မှာ သိပ်လျင်သိပ်ထက်မြက်တဲ့ ရက်ကွန်းဝံတစ်ကောင်က တိရိစ္ဆာန်လေးတွေကို ဦးစီးနေရင်း သူတို့ရဲ့ တောတောင်ကို ကာကွယ်စောင့်ရှောက်နေပါတယ်။ အဲဒီနေရာလေးက မြို့ပြတည်ဆောက်ဖို့ နေရာတွေဈေးသက်သာတာကြောင့် ကုမ္ပဏီက မျက်စိကျနေပါတယ်။ ဒါကြောင့် မြို့ပြတည်ဆောက်ဖို့အကြံနဲ့ ဒန့်ကို ရာထူးတိုးပေးပြီး လေးနှစ်စီမံကိန်းစဖို့ ကြံစည်လာပါတော့တယ်။ အဲဒါကို ရက်ကွန်းဝံလေးကကြားပြီး မင်းသားကို ရှေ့ဆက် မလုပ်နိုင်အောင် ပညာတွေပြပါတော့တယ်။ မာမီတွေနဲ့တုန်းက ကြမ်းခဲ့အစွမ်းပြခဲ့သမျှ တိရိစ္ဆာန်လေးတွေနဲ့ကျမှ ဘယ်လောက်တောင် ပညာပြခံရတယ်ဆိုတာ ပျော်ပျော်ပါးပါးနဲ့ ဆက်လက်ကြည့်ရှုလိုက်ပါနော်။ တိရိစ္ဆာန်လေးတွေရဲ့ မျက်နှာအမူအရာကိုပါ သဘာဝကျကျလေးဖြစ်အောင် ရိုက်ကူးတင်ပြထားတာပါ။ ဒီကားကသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့် သစ်တောကာကွယ်ရေး အတွက် ရည်ရွယ်ထားတဲ့ကားမို့ ဒီဇာတ်ကားကို တစ်ချို့နိုင်ငံတွေမှာ ကလေးတွေအတွက် Elementary Grade 3 & 4 level တို့မှာ သင်ထောက်ကူပစ္စည်း အဖြစ်ကိုသတ်မှတ်ထားပါတယ်။ ဒီကားလေးပြပြီး ကလေးတွေကို ပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့် တိရစ္ဆာန်မျိုးစိတ်တွေအကြောင်း ဂေဟစနစ်တွေအကြောင်းကို သင်ကြားပြသပေးကြပါတယ်။