-
Movie Name
-
Gulliver’s Travel (2010)
-
Year
-
2010
-
Generes
-
Adventure, Comedy, Family
-
Code
-
02657
-
Type
-
Movie
-
Size
-
606 MB
-
Country
-
Hollywood
-
Description
-
စာရေးဆရာကြီး Jonathan Swift ရဲ့ Gulliver’s Travel ဝတ္ထုကို ပြန်လည်မှီငြမ်းကာရိုက်ကူးထားပြီး imdb rating 4.9 သာရရှိထားပေမယ့် အလွန်ကြည့်လို့ကောင်းတဲ့ဇာတ်ကားဖြစ်ပါတယ်။ လီမြူရယ် ဂါလီဗာ ဟာ နယူးရောခ့်ဒေးလီး သတင်းစာတိုက်ရဲ့ စာပို့ဌာနမှာ ဆယ်နှစ်ကြာ အလုပ်လုပ်လာသူဖြစ်ပါတယ်။ တကယ်တမ်းတော့ သူဟာ အဲ့ဒီနေရာကနေထုတ်ပယ်ခံရမှာကြောက်နေသူ အရှုံးသမားတစ်ယောက်ဖြစ်မှာကိုကြောက်ရွံ့နေသူတစ်ယောက်ပဲဖြစ်ပါတယ်။တစ်နေ့မှာ သူ့ရဲ့ စာပို့ခန်းငယ်လေးထဲကို အလုပ်သမားရောက်လာချိန်မှာတော့ သူအထင်သေးထားတဲ့အလုပ်သမားသစ်က မမျှော်လင့်ပဲ သူ့ထက်ရာထူးတိုးသွားပြီး စိတ် ဓာတ်ကျနေချိန်မှာ သတင်းစာတိုက်ရှိ သူတိတ်တခိုးချစ်နေရတဲ့အယ်ဒီတာ မလေး ဒါစီ ဟာ ဘာမြူဒါတြိဂံဒေသတွင်းက ကျွန်းတစ်ကျွန်း ကိုလေ့လာရန်လွှတ်လိုက်ရာမှ လှေပျက်ကာ မမျှော်လင့်ပဲ ငလက်မလေးများနေထိုင်ရာ လီလီပွတ် ကျွန်းသို့ရောက်သွားပြီး အထင်မှားကာဖမ်းဆီးခြင်းခံထားရာကနေ သူ့ရဲ့ အမှတ်မထင် လုပ်ရပ်တွေကြောင့် သူရဲကောင်းဖြစ်ကာ သူကောင်းပြုုခြင်းခံခဲ့ရာမှ သူ့ကို ချစ်သူတွေရှိလာသလို သူ့ကိုမုန်းသူတွေလည်းရှိလာပြီး သူ့ကိုမုန်းသူတွေက ဘယ်လိုတွေရန်ရှာချောက်တွန်းမလဲ သူကရော သူနေထိုင်တဲ့ မြို့ကိုပြန်ရောက်နိုင်ပါမလား သူချစ်ရတဲ့ အယ်ဒီတာမလေး ဒါစီ နဲ့ရော အဆင်ပြေနိုင်ပါမလားဆိုတာ ဇာတ်ကားကိုဆက်ကြည့်ရှုဖို့တိုက်တွန်းပါရစေဗျာ။
(ဇာတ်ကားကို ဘာသာပြန်ပေးသူကတော့ Kay Kay ဖြစ်ပြီး အညွှန်းရေးပေးသူကတော့ သူမရဲ့ ပါရမီဖြည့်ဘက် Moe Oo Mann ပဲ ဖြစ်ပါတယ်)