-
Movie Name
-
Idiocracy (2006)
-
Year
-
2006
-
Generes
-
Comedy, Documentary
-
Code
-
02659
-
Type
-
Movie
-
Size
-
653 MB
-
Country
-
Hollywood
-
Description
-
ကျွန်တော်တို့ ရုပ်ရှင်တွေ စာအုပ်တွေထဲမှာ အနာဂါတ်ဆိုတာကို ဉာဏ်ရည်ပိုမြင့်မားတဲ့လူတွေ တိုးတက်တဲ့ နည်းပညာတွေနဲ့ ပုံဖော်ကြတာကို တွေ့ကြမှာပါ။ ဒါပေမယ့် ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်က ဉာဏ်ရည်မြင့်မားမှုကို မပေးအပ်ခဲ့ရင် ဘယ်လိုဖြစ်လာမလဲ? ဒီဇာတ်လမ်းမှာ ကြည့်လိုက်ရအောင်။
၂၀၀၅ ခုနှစ်ကာလမှာ ပညာရှင်တွေဟာ ကမ္ဘာကြီးရဲ့ မဟာပြဿနာကြီးကို သတိထားမိခဲ့ပါပြီ။ အဲဒါကတော့ လူသားတွေရဲ့ ဉာဏ်ရည်ဟာ အချိန်နဲ့အမျှ လျော့ကျလာနေကြတာပါ။ အဲဒီပြဿနာကနေ ကယ်တင်နိုင်ဖို့ သိပ္ပံပညာရှင်တွေဟာ သူတို့ခေတ်ရဲ့ အတော်ဆုံး အကောင်းဆုံးလူသားတွေကို နှစ်ပေါင်းများစွာ သိုလှောင်ထားနိုင်ဖို့ ကြံစည်ပါတော့တယ်။ ဒါပေမယ့် အဲဒီနည်းစနစ်ကို စမ်းသပ်ဖို့အတွက်ကိုတော့ ပထမဆုံးအနေနဲ့ လုံးဝမထူးခြားတဲ့ သာမာန်ဉာဏ်ရည်နဲ့ ဂျိုးဆိုတဲ့ ယောကျာ်းတစ်ယောက်နဲ့ ရီတာ ဆိုတဲ့ မိန်းမတစ်ယောက်ကို အရင်စမ်းသပ်ကြည့်ပါတယ်။ သူတို့၂ ယောက်ကို စမ်းသပ်ပြီးပြီးချင်းမှာပဲ အဲဒီစီမံကိန်း ရပ်ဆိုင်းသွားခဲ့ပြီး သူတို့ ၂ ယောက်ကို မေ့သွားကြပါတယ်။ သူတို့ ၂ ယောက်ပြန်နိုးလာတဲ့အချိန်ဟာ အနာဂါတ်နှစ် ၅၀၀ အကြာပဲဖြစ်ပါတယ်။ အဲဒီအချိန်မှာ ကမ္ဘာသားတွေရဲ့ ဉာဏ်ရည်ဟာ လုံးဝကို လျော့နည်းသွားကြပါပြီ။ နိုင်ငံတစ်ခုလုံးမှာ
-မူလဘာသာစကားပျောက်ကွယ်သွားပြီ ဗန်းစကားတွေ အသံပျက်တွေပဲ ကျန်ပါတော့တယ် မူလစကားကိုကောင်းကောင်းပြောသူဟာ အခြောက်လိုလို ငကြောင်လိုလိုအထင်ခံရပါတယ်
-ရုပ်ရှင်ဆိုရင်လည်း ဘာဇာတ်လမ်းဇာတ်ကွက်မှ မပါတဲ့ အောက်ပိုင်းကိုပဲ အကြိမ်ကြိမ်ထိခိုက်ပြတဲ့ ကားတွေကိုပဲ နှစ်နှစ်ခြိုက်ခြိုက်အားပေးကုန်ကြပါတော့တယ်
-နိုင်ငံတစ်ခုလုံးရဲ့ အော်စကာ ၈ ဆုရ အကောင်းဆုံးရုပ်ရှင်ဟာ ဖင်တစ်ခုတည်းပဲ မိနစ် ၉၀ လုံးပြသွားပါတယ်
– အခြားသော စီးပွားရေး ပညာရေး ဗဟုသုတ နယ်အားလုံးမှာ လည်း ကြပ်မပြည့်ကြတော့ပါဘူး
– သမ္မတဟာလည်း ၅ ကြိမ်ဆက်တိုက် နဘမ်းချန်ပီယံ အပြာကားမင်းသား လိုလူတွေ ဖြစ်လာပါပြီ
– သမ္မတရုံးတစ်ဖွဲ့လုံးကလည်း ကြပ်မပြည့်တဲ့ ဝန်ကြီးတွေနဲ့ သမ္မတအမျိုးတွေပဲ ကျန်ပါတော့တယ်
အဲဒီလိုခေတ်မှာ မှတ်ပုံတင်မပါတဲ့ ဂျိုးတစ်တစ်ယောက်အဖမ်းခံရပြီး မှတ်ပုံတင်မှာ ” မသေချာဘူး ” ဆိုတာကိုနာမည်အဖြစ် မှားယွင်း မှတ်ပုံတင်ခံလိုက်ရပါတယ်။ ဒါပေမယ့် ထောင်ထဲမှာ ဉာဏ်ရည်စစ်ဆေးခံပြီးတဲ့နောက်မှာတော့ ဂျိုးဟာ တစ်ကမ္ဘာလုံးမှာ IQ အမြင့်ဆုံးလူအဖြစ် အားလုံးသိရှိသွားပါတော့တယ်။ ဒါကြောင့် ဂျိုးဟာ သမ္မတရဲ့ အနီးကပ်အကြံပေးအဖြစ် အတွင်းဝန်ရာထူးပေးအပ်ခံရပြီး တစ်နိုင်ငံလုံးရဲ့ ပြဿနာတွေကို ဖြေရှင်းပေးဖို့ ထိုးအပ်ခံရပါတော့တယ်။ ဒါမေပယ့် သူကိုယ်တိုင်လည်း သာမန်ဉာဏ်ရည်သာ ရှိတာမို့ ကောင်းနိုးရာရာလေး မှန်းဆလုပ်ကြည့်ရင်း လူတွေကလည်း သူလုပ်တာကို နားမလည်နိင်တာမို့ တစ်နိုင်ငံလုံး အလုပ်ပြုတ်ပြီး အငတ်ဘေးဆိုက်မလို ဖြစ်သွားခဲ့ပါပြီ။ ကဲဒီတော့ အတွင်းဝန် မစ္စတာ မသေချာဘူးရဲ့ နိုင်ငံကြီးကိုကယ်တင်မယ့်အစီအစဉ်တွေအောင်မြင်မလား၊ ကြပ်မပြည့်တဲ့ခေတ်ကြီးနဲ့ လူတွေနဲ့ ဘယ်လိုတွေ စခန်းသွားပြီး စွန့်စာခန်းဖွင့်မလဲဆိုတာ ဆက်ပြီး ကြည့်လိုက်ကြပါ။