Movie Name
Swiss Army Man (2016)
Year
2016
Generes
Comedy, Drama
Code
02695
Type
Movie
Size
767 MB
Country
Hollywood
Description
ထိုဇာတ်ကားကို Harry Potter သရုပ်ဆောင် Daniel Radcliffe နှင့်အခြားသရုပ်ဆောင် Mary Elizabeth Winstead၊ Paul Dano တို့ပါဝင်သရုပ်ဆောင်ထားတာဖြစ်သည်။ ဇာတ်လမ်းအကျဉ်းမှာလူသူကင်းမဲ့သည့်ကျွန်းတစ်ကျွန်းတွင်ပိတ်မိနေသည့် မျှော်လင့်ချက်ကင်းမဲ့နေသောအမျိုးသားတစ်ယောက် Hank (Paul Dano)ကမိမိကိုယ်ကိုကြိုးဆွဲချသတ်သေရန်ကြိုးပမ်းချိန် သူရှိရာကျွန်းသို့အလောင်းတစ်လောင်း (Daniel Radcliffe) မျောလာခဲ့သည်။အလောင်းတစ်လောင်းဖြစ်သော်လည်းလူသားဖြစ်သည့်အတွက်သူနှင့်အတူသူငယ်ချင်းဖြစ်နိုင်သေးသည်ဟုမှတ်ယူပြီးသူနေရာဂူသို့ခေါ်ဆောင်သွားခဲ့သည်။Hank က ထိုအလောင်းကို Manny ဟုအမည်ပေးပြီးစကားပြောရာမမျှော်လင့်ပဲ Daniel သည်လူသေကောင်မဟုတ်ပဲစကားပြောနိုင်သလိုအခြားသောမဖြေရှင်းနိုင်သည့်စွမ်းအင်များပါနေသည့်အရာဝတ္တုတစ်ခုဖြစ်သည်ကိုတွေ့ရှိရသောအခါသူ့အားအိမ်ပြန်ရန်အသုံးချခံပစ္စည်းအဖြစ်အသုံးချခဲ့သည်။သူတို့နှစ်ဦးဟာလူသူကင်းမဲ့နေသည့်တောထဲမှအိမ်ပြန်ရောက်ချိန်ထိအလွန်ပဲခင်မင်ရင်းနှီးသည့်သူငယ်ချင်းဖြစ်ခဲ့သည်။ Hank က Manny ဟာအတိတ်မေ့နေသည့်အတွက်သူဇစ်မြစ်ကိုရှာဖွေ၍မရခဲ့သော်လည်းသူ့အားသူနှင့်အတူဘဝကိုဖြတ်သန်းနိုင်ရန်သင်ပေးခဲ့သည်။ Hank က Manny အား Sarah ကိုချစ်ကြိုက်နေသည်ဟုမိမိဘာသာယုံကြည်စေခဲ့သည်။အမှန်တကယ်ကHank က Sarah ကိုတစ်ဖက်သတ်ချစ်ကြိုက်နေသော်လည်း Sarah ကအိမ်ထောင်ရှိသူဖြစ်သည့်အတွက်တစ်ဖက်သတ်ချစ်သူဘဝဖြစ်သာနေနေရခြင်းဖြစ်သည်။ထို့နောက် Sarah က မှုမမှန်သည့်စွမ်းအားများကိုMunnyပိုင်ဆိုင်ထားပြီး Hank နှင့် Manny သည်ဆက်နွယ်မှုရှိကြောင်းသိသော်အခါ ရဲအားအကြောင်းကြားပြီးနောက်ရဲများကလည်း Hank မှာ Sarah ရဲ့ဓာတ်ပုံများတွေ့သောအခါ အကြံအစည်ဖြင့် နောက်ယောင်ခံလိုက်သည်ဟု Hank အားသတ်မှတ်ပြီးဖမ်းရန်ကြိုးပမ်းသောအခါ Hank က Manny ခန္ဓာကိုယ်ဖြင့်နောက်တစ်ကြိမ်ပင်လယ်ကိုဖြတ်ကာယခင်သူတို့နှစ်ဦးတွေ့ဆုံခဲ့သည့်ကျွန်းသို့ပြန်လည်သွားရောက်ခဲ့ကြသည်။ရဲများ ၊ Sarah တို့မိသားစု နှင့် Hank ၏ဖခင်ဖြစ်သူကထိုကျွန်းသိုလိုက်သွားသောအခါ Manny ခန္ဓာကိုယ်ကတစ်ခုခုချို့ယွင်းကာလေလည်အပြင်းအထန်လည်နေသောကြောင့်ပင်လယ်ထဲသို့သူလာရာအတိုင်းပြန်လွှတ်ခဲ့ရသည်။ဒီဇာတ်ကားထဲရှိစတန့်ခန်းအချို့ကို Daniel ကလူစားမထိုးပဲသူကိုယ်တိုင်သရုပ်ဆောင်ခဲ့သည်။စိတ်ကူးယဉ်စိတ္တဇဆန်ဆန်ဇာတ်လမ်းများကိုကြိုက်သူများအဖို့ကတော့လုံးဝအကြိုက်တွေ့စေမည့်ရုပ်ရှင်ဇာတ်ကားပဲဖြစ်သည်။ (ဇာတ်လမ်းအညွှန်းကိုတော့ SaSha Entertainment ၤFacebook Page မှကူးယူဖော်ပြထားတာဖြစ်ပါတယ်)