Movie Name
Andover (2018)
Year
2018
Generes
Comedy, Drama
Code
02703
Type
Movie
Size
657 MB
Country
Hollywood
Description
ဒီကားလေးကတော့ ချစ်တဲ့သူကို ဆုံးရှုံးရတဲ့ဒဏ်ကိုမခံစားနိုင်လို့ သဘာဝနဲ့ဆန့်ကျင်မိတဲ့ သူတစ်ယောက်အကြောင်းကို ရိုက်ပြထားတဲ့ကားလေးဖြစ်ပါတယ် အဒမ်စလုပ်” ဆိုတဲ့သူဟာ တက္ကသိုလ်မှာ ပါမောက္ခ တစ်ယောက်ဖြစ်ပါတယ် သူကျွမ်းကျင်တဲ့ ဘာသာရပ်ကတော့ သက်ရှိတွေရဲ့ DNA ကတစ်ဆင့် ဆဲလ်တွေ တစ်ရှူးတွေကို သုတေသနလုပ်ပြီး ပုံတူပွားနိုင်တဲ့ ဘာသာရပ်ကိုသင်ကြားနေတာဖြစ်ပါတယ် တစ်နေ့သူ့အမျိုးသမီး မီးလောင်ပြီး ရုတ်တရက်သေဆုံးသွားခဲ့တယ် လက်ထပ်ထားခါစဆိုတော့ သူဘယ်လိုမှ ဖြေသိမ့်လို့မရတဲ့နောက် သူ့မိန်းမကို တမလွန်ကနေ ပြန်ခေါ်ဖို့ လုပ်ခဲ့ပါတယ် အဲ့လိုနဲ့ ပြန်ခေါ်ပြီးပေမယ့် ကလေးလေးဘဝကနေ ပြန်စရပါတယ် သူသတ်မှတ်တဲ့အချိန် လေးလအတွင်း နကိုသေသွားတဲ့ အသက်အရွယ်ကဘဝကိုရောက်အောင်လုပ်ရမှာဖြစ်ပါတယ် ဒါပေမယ့် ခက်တာက သူ့မိန်းမရဲ့ သေတဲ့အသက်အရွယ်ကလို စိတ်မျိုးပြန်လိုချင်ရင် ငယ်ဘဝကိုလည်း သူ့မိန်းမရဲ့ ငယ်ဘဝအတိုင်း တစ်ပုံစံထဲ ပျိုးထောင်ပေးမှဖြစ်မယ့်အတွက် သူ့ယောက္ခမတွေကို ပြန်လည်ပြုစုပေးဖို့ ကလေးပေါက်စလေးကိုသူအပ်ဖို့လုပ်ပေမယ့် မိဘတွေက လက်မခံခဲ့ပါဘူး ဒီလိုနဲ့ သူအဲ့ဒီကလေးလေးနဲ့ လေးလအတွင်း ဘယ်လိုရှေ့ဆက်မလဲ အောင်မြင်မလား သူချစ်တဲ့ မိန်းမကို အရင်အတိုင်းပြန်ရမလားဆိုတာကို ကြည့်ုကြည့်လိုက်ပါဦးနော်…