-
Movie Name
-
Bodied (2018)
-
Year
-
2018
-
Generes
-
Comedy, Drama
-
Code
-
02708
-
Type
-
Movie
-
Size
-
1.01 GB
-
Country
-
Hollywood
-
Description
-
IMDb-7.3 Rotten Tomatoes-88%၂၀၁၇ လို့နာမည်တပ်ထားပေမယ့် ၂၀၁၈ နိုဝင်ဘာ၂ရက်နေ့ မှထွက်လာတဲ့ကားဖြစ်ပါတယ်…ဒီကားဟာ တကယ့် Hip Hop ဂီတကို မီးမောင်းထိုးပြမယ့် ကားဖြစ်မှာ ပြီးတော့producer ကလဲ Rap God ကြီးဖြစ်တဲ့ Eminem ပါ အဲ့တော့ rhyme တွေ rap တွေ ကအလန်းတွေ ပဲဖြစ်မယ်ဆိုတာ သံသယ ဝင်စရာမရှိပါဘူးဒီကားကို Eminem ရဲ့ အောင်လံတစ်ခုလို့ကင်ပွန်းတပ်ရမလိုပါပဲBodied အပြတ်သတ်အနိုင်ပိုင်းခြင်း Rap ရွတ်တယ်ဆိုတာ ဘယ်လိုဘယ်ပုံ ဒီဇိုင်းကာလာရှိလဲ အာရှတိုက်သားတွေ ရင်းနှီးလာကြပါပြီ တစ်ယောက်နဲ့တစ်ယောက်အားနည်းချက် တွေကို စကားလုံးကာရန်အချိတ်ဆက်မိမိ နဲ့တင်ပြခြင်းလို့အဓိပ္ပာယ်ဖွင့်ဆိုရပါလိမ့်မယ် များသောအားဖြင့် ဒီ Rap Battle တွေကို လူမဲ အသိုင်းဝိုင်းကပဲ အစဉ်ဆက်ရွတ်ကြ တာများပါတယ် ဆိုတော့ကာ လူဖြူတွေပေါ် ထားတဲ့ အမုန်းတရားတွေ မခံချင်စိတ်တွေ အရိုင်းဆန်တဲ့ အတွေးအခေါ်တွေက သူတို့ နှုတ်ဖျားမှာကာရန်တွေ အကူညီနဲ့ ပွင့်ထွက် ကျလာပါတယ် ဒါ့ကြောင့် Rapper ဖြစ်နေတဲ့ သူတွေရဲ့ background က အများထင်သလို ရေပေါ်ဆီဘဝတွေ မဟုတ်ခဲ့ပါဘူး ဇာတ်လမ်းအကျဉ်းလေးကတော့ ကျောင်းမှာ N စာလုံးအသုံးပြု ပုံနဲ့ ပတ်သတ်ပြီး လူဖြူ တစ်ယောက်ဖြစ်တဲ့ အဒမ်စာတမ်းတင်ဖို့ လုံးပန်းနေပါတယ် သူ့ခေါင်းစဉ်ကလဲ ထူးထူးဆန်းဆန်း N စာလုံးဘယ်လို သုံး ရမလဲ တဲ့ N စာလုံးဆိုတာတော့ Nigga ကိုပြော တာပါ လူဖြူတွေက Nigga ဆိုတဲ့စာ လုံးကို တရားဝင်သုံးပိုင်ခွင့် မရှိပါဘူး ဒါ underground အသိုင်းဝိုင်းရဲ့ လူမျိုးစွဲ ကန့်သတ်ချက်တွေ ထဲက တစ်ခုပေါ့ ဒီတော့ အဒမ်က သူ့ စာတမ်းကိစ္စဖြစ် မြောက်ဖို့ သူကိုယ်တိုင်ကွင်းဆင်းတဲ့ အနေနဲ့ underground ပွဲတွေသွားလေ့ လာပါတော့တယ် အဲ့မှာ သူ့အကြီးစားဖန် ဖြစ်တဲ့ ဘန် ဂရင်းနဲ့ တွေ့ခဲ့တာပေါ့ ဘန်ဂရင်းကို N စာလုံးအသုံးပြုပုံအကြောင်း မေးရင်း သူဘယ်တုန်းက မှ မတွေးဖူးအိပ်မက်မမက်ဖူးတဲ့ Rap ရွတ်တဲ့ ကိစ္စကို လူတစ်ယောက်နဲ့ ရွတ်ရဖို့ အကြောင်းဖန်လာပါတယ် အဲ့ကစပြီးအဒမ် တစ်ယောက်ပြောင်း လဲ လာတော့တာပေါ့ ဆိုတော့ကာ ဒီကားလေးမှာ reference တွေ တော်တာ်များများထည့်ထားတာတွေ့ရ ပါတယ် ပြီးတော့ underground rap battle တွေက type အမျိုးမျိုး ရှိပါတယ် 1 vs 1 ရွတ်တာ 2 vs 2 ရွတ်တာ freestyle ရွတ်တာတွေပေါ့ ဒါပေမယ့် cypher ရွတ်တာ တော့မတွေ့ခဲ့ပါဘူး မလိုလို့ မထည့်တာလဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ် ဒါပေမယ့် cypher သဘောမျိုးကို final battle မှာ 2 vs 2 ရွတ်တဲ့အခါ အရိပ်အမွက်တော့တွေ့မြင်ရမှာ ပါ အဓိက ဒီကားမှာပြထားတာက black culture ကို white people တွေဘယ်လို သဘောထားလဲ ပြီးတော့ 21 ရာစုရဲ့ ပူပူနွေးနွေး 2017-18 ဗားရှင်းမှာ ဘယ်လို Rap Battle မျိုးတွေပဲဖြစ်သင့်လဲဆိုတာကို မီးမောင်းထိုးပြသွားတဲ့ သဘောပါ တကယ့် underground အကြမ်းအရမ်း Rap Battle တွေလုပ်ထားတာကျက်သီး ထစရာကောင်းလောက်အောင် သဘာဝဆန်လွန်းပါတယ်…ဒါကြောင့် လူငယ်အများစု ကြိုက်နှစ်သက်မဲ့ကားတစ်ကားဆိုရင်မှားဖွယ်ရာမရှိပါဘူး…