-
Movie Name
-
The Fallen Leaf
-
Year
-
2019
-
Generes
-
Drama, Romance
-
Code
-
ST0031
-
Type
-
Series
-
Size
-
10.5 GB
-
Country
-
Thai
-
Description
-
ရာဆိုတာ လှပတဲ့ပန်းလေးတွေနားမှာ အမြဲရှိပြီး ပန်းမဖြစ်လာနိုင်တဲ့ သစ်ရွက်ငယ်လေးတရွက်လိုပါပဲ… ဒီဇာတ်လမ်းလေးက သူ့ကိုအရမ်းချစ်တဲ့အမေကလွဲလို့ ဘယ်သူကမှ လက်မခံတဲ့ နှလုံးသားထဲမှာ မိန်းမငယ်လေးအဖြစ်ပြောင်းလဲနေတဲ့ ကောင်လေး တစ်ယောက်အကြောင်းပါ ။ သူ့အဖေက သူ့အပေါ်မကောင်းတဲ့အပြင် အမေ့အပေါ်လည်းနှိပ်စက်တယ် ၊ နီရာက သူ့အဖေကို သူ့ဦးလေးချတ်ချဝီလိုဖြစ်စေချင်ခဲ့တယ် ၊ သူ့အမေအပြင် သူ့အပေါ် ကြင်နာ ဂရုစိုက်တတ်တဲ့ ယောက်ျားပေါ့… တားမြစ်ထားတဲ့အချစ်တခုပေါက်ဖွားလာတာကို ချတ်ချဝီ သတိထားမိပြီး သူ့တူလေးနီရာကို ငြင်းဆန်ခဲ့တယ် ၊ နီရာ စိတ်ထိခိုက် အသည်းကွဲပြီး သူ့အမေအကူအညီကို ယူကာ သူ့ဘဝတခုလုံးပြောင်းလဲသွားမယ့် အရာတခုကို လုပ်ခဲ့ပါတယ် ၊ နီရာက လန်ဒန်မှာ အရမ်းလှပတဲ့အမျိုးသမီးတဦးအဖြစ်ပြောင်းပေးနိုင်မယ့် ခွဲစိတ်မှုကိုလုပ်ခဲ့ပြီး ကံမကောင်းစွာနဲ့ နီရာဆေးရုံကမဆင်းရသေးခင် သူ့အမေဆုံးပါးခဲ့ရတယ် ။ သူ့အမေကို သေစေခဲ့သူနဲ့ အရင်က သူတို့ သားအမိ ခံစားခဲ့ရတာတွေကို ပြန်လက်စားချေဖို့ လူအသစ်တယောက်အနေနဲ့ ထိုင်းကိုပြန်လာခဲ့ပြီး ရင်းနှီးတဲ့ဆရာဝန်တယောက်ရဲ့ညီမအမည်ခံနေခဲ့တဲ့ သူမ နီရာ… တနေ့မှာ နီရာက မတော်တဆ ချတ်ချဝီ နဲ့တွေ့ခဲ့ပြီး သူမအလှမှာ ချတ်ချဝီရော သူ့အဖေပါ နစ်မြောသွားခဲ့တယ် (အရင်က သူတို့တူ/သားမှန်းမသိပဲပေါ့….) နီရာ့ကို အမြဲမနာလိုဖြစ်နေတဲ့ သူ့အဒေါ်က နီရာ့ဘဝအမှန်ကို သိသွားပြီး နေရာတကာလိုက်ပိတ်ပင်ချိန်မှာတော့ နဂိုကတည်းက တားမြစ်ထားတဲ့ ကံဆိုးလှတဲ့ ချတ်ချဝီနဲ့ နီရာတို့ အချစ်လမ်းက ပိုပို ရှုပ်ထွေးလာခဲ့တယ် ၊ ဒီဇာတ်လမ်းလေး ဘယ်လိုအဆုံးသတ်မလဲ….? နီရာ Transwoman အဖြစ်မပြောင်းခင်နေရာမှာ Love by chanceထဲက Saint က ပါဝင်သရုပ်ဆောင်ထားပါတယ်❤ (အညွှန်းရေးသားပြီး ဘာသာပြန်ပေးထားကြတာကတော့ Kyi Nue Zin နဲ့ Nang Mwe Kham ဖြစ်ပါတယ်)