Movie Name
E-San Love Story (2017)
Year
2017
Generes
Comedy, Drama
Code
02785
Type
Movie
Size
804 MB
Country
Thai
Description
စွန့် ဖတ် စီရမ် အမည်ရတဲ့ ငယ်ပေါင်းကြီးဖော် သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးရဲ့ အစကဒီလိုပါ… စီရမ် ဆိုတဲ့တောကလူချောလေးက အဖေမရှိတော့တဲ့နောက်ပိုင်း အမေ့ကို ကူပြီး(စီရမ်)ဆိုတဲ့ချဉ်ဖတ် ရွက်လေးတွေ ကူရောင်းပေးရင်း စွန့် ဆိုတဲ့ ငယ်ချစ်လေးကိုစောင့်နေတဲ့ အလိမ္မာလေး တစ်ယောက်ပေါ့ ဖတ် ငယ်စဉ်ကလေးဘဝကတည်းကနေ စီရမ်ကို တိတ်တခိုးလေး ချစ်နေခဲ့တာ တက္ကသိုလ် ပထမနှစ်ရောက်တဲ့အထိပေါ့ စီရမ်ကို တွယ်တာပြီး ကလေးဘဝကတည်းက ကစားဖော်ကစားဖက်မို့ အိမ်မှုကိစ္စ အစစအရာရာ ဝိုင်းဝန်းကူညီရင်း တိတ်တခိုး ချစ်ရသူအနားမှာ နေခွင့်ရအောင် ဖန်တီးနေသူတစ်ယောက်ပေါ့ ဒါပေမယ့် သိပ်ချစ်ရတဲ့ စီရမ်ကတော့ သူ့ကို တစ်ဖတ်သတ်ချစ်နေသူရှိတာကို လုံးဝ မသိမြင်ခဲ့ရှာဘူး ဒါပေမယ့် တစ်နေ့တော့ စီရမ်ရဲ့အိပ်မက်တွေ ပြိုလဲတဲ့နေ့ကို ရောက်လာပါတော့တယ် စွန့် မြို့ကနေ ရွာကိုပြန်လာတာ မြို့သား ရည်းစား အသစ်ကိုပါ ရွာကိုခေါ်လာပြီး မဂ်လာပွဲကြီး ကျင်းပမယ်လို့ ကြေငြာလိုက်တယ် အချစ်ဆိုတဲ့သောကမီး ရင်မှာလောင်မြိုက်ခံရတဲ့ စီရမ် တစ်ယောက် အသဲကွဲဝေဒနာကို အရက်နဲ့အဖြေရှာရင်း သူငယ်ချင်း ပကျုန်းကိုခေါ်ပြီးတော့ ပွဲကြမ်းပါတော့တယ် ပကျုန်းက လည်း ဇ ကမသေးဘူး စိတ်ရင်းကောင်းငလောက် ထစ်ခနဲ့ဆို ထုမယ် ရိုက်မယ်နဲ့ ရှပ်ကီဘဲကြီးတစ်ယောက်ပေါ့ ပတ်ဝန်းကျင်လူတွေနဲ့မတည့်သလို မိန်းမနဲ့လည်း တကျက်ကျက်ပေါ့.. ဘုန်းဘုန်းမဟာချိုင် တရွာလုံးရဲ့ ရိုသေလေးစားရတဲ့ ဘုန်းဘုန်းကပဲ ဒီပြသနာတွေအားလုံးကို ဖြေရှင်းပေးရပါတော့တယ်….. အချစ်အကြောင်းကို ဟာသနှောလို့ အိစံတောရွာဓလေ့နဲ့ ဒီဇာတ်လမ်းလေးကို အဆုံးသတ်မှာ ဘာတွေဖြစ်သွားမလဲဆိုတာကတော့……… CM ပရိတ်သတ်ကြီးကပဲ ကြည့်ရှုအားပေးကြပါကုန်…… ( ထိုင်းစကားမဟုတ်ပဲ ထိုင်းအိစံစကားပြော ဇာတ်ကားလေးမို့ ဘာသာပြန် အမှားအယွင်းများရှိခဲ့ပါက ကျွန်တော်ရဲ့အားနည်းချက်သာဖြစ်ပါကြောင်း…..NN)