Movie Name
Fun Size (2012)
Year
2012
Generes
Adventure, Comedy
Code
02790
Type
Movie
Size
743 MB
Country
Hollywood
Description
ရမ်ဆိုတဲ့မိန်းကလေးဟာ အသက်အများကြီးငယ်တဲ့ကောင်လေးနဲ့တွဲနေတဲ့သူ့အမေရယ်၊ အစအနောက်အရမ်းသန်ပြီး သူ့ကိုခနခနဒုက္ခပေးနေတဲ့ သူ့ရဲ့မျောက်လောင်းမောင်လေးအဲလ်ဘတ်နှင့်အတူနေထိုင်နေရတဲ့သူပါ… သူ့မိသားစုကိုစိတ်ကုန်နေတာကြောင့် အထက်တန်းပြီးတာနဲ့ သူတို့နဲ့ဝေးရာ နယူးယောခ့်တက္ကသိုလ်ကိုသွားရောက်တက်ရောက်ဖို့ စိတ်ကူးထားပါတယ်… သူ့ကို သူတို့ကျောင်းရှိ အေရွန်ရိုင်လီဆိုသည့် ပေါ်ပြူလာအဖြစ်ဆုံးကောင်လေးက ဟောလိုးဝင်းနေ့မှာကျင်းပမယ့် သူ့ရဲ့ပါတီပွဲကိုလာဖို့ဖိတ်ကြားထားပါသေးတယ်… သူလဲ ဟောလိုးဝင်းပါတီပွဲမှာ ဒိုရိုသီအနေနဲ့ဝတ်ပြီးတက်ရောက်ဖို့အတွက်ပြင်ဆင်ထားပါတယ်… ဒါပေမယ့်လဲ ပွဲနေ့မှာ သူ့အမေက ရမ့်ကို အဲလ်ဘတ်ကိုထိန်းထားခိုင်းပြီး သူ့ရည်းစားနဲ့အတူအပြင်ထွက်သွားပါတော့တယ်… ရမ်လဲစိတ်ပျက်ပျက်နဲ့သူ့မောင်လေးကိုခေါ်ပြီး အပြင်ဘက်ထွက်လာရမှာတော့ ကံဆိုးစွာနဲ့ အဲလ်ဘတ်ကိုပျောက်သွားတာကြောင့် ရမ့်အနေနဲ့ သူ့အမေပြန်မလာခင်မှာ အဲလ်ဘတ်ကိုတွေ့အောင် ရှာရတော့မှာပါ… ကဲ ဒါဆို သူနဲ့သူ့သူငယ်ချင်းတွေ အဲလ်ဘတ်ကိုရှာပုံတော်ဖွင့်ပုံနဲ့ အဲလ်ဘတ်ဘယ်လိုပျောက်သွားတယ်ဆိုတာကိုတော့ ဒီကားလေးထဲမှာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး