-
Movie Name
-
Fun With Dick And Jane (2005)
-
Year
-
2005
-
Generes
-
Comedy, Crime
-
Code
-
02791
-
Type
-
Movie
-
Size
-
742 MB
-
Country
-
Hollywood
-
Description
-
Fun with Dick and Jane(2005)IMDb….6.1Jim Carrey ကားတွေဟာ ဟာသပြကွက်တွေဖန်တီးရင်း လူ့သဘော သဘာ၀ တွေကို အကောင်းမွန်ဆုံးဖန်တီးတင်ဆက်ပေးထားတာကြောင့် ကမ္ဘာကျော်ပြီးလူကြိုက်များတာအားလုံးလည်းအသိပါ…… ဒီဇာတ်ကားမှာတော့ Jim Carrey ဟာ Dick ဆိုတဲ့နာမည်နဲ့သရုပ်ဆောင်ထားပြီး သူဟာ ဂလိုဘိုဒိုင်းဆိုတဲ့ ကုမ္ပဏီတစ်ခုမှာ ၁၅ နှစ်ကြာ ထမ်းဆောင်ခဲ့တဲ့ ဝန်ထမ်းတစ်ယောက်ပါ… သူ့မှာ Jane ဆိုတဲ့ ဇနီးဖြစ်သူ နဲ့အတူ သားလေးအပါအဝင် မိသားစု သုံးယောက်ရှိပါတယ်.. Dick ဟာ သူ့ ကုမ္ပဏီမှာ ဒုဥက္ကဠ ရွေးခံရတဲ့အချိန်မှာပဲ ပြဿနာတွေစပါတော့တယ်…ဒုဥက္ကဌရာထူးတိုးပြီမို့ ဇနီးကိုလဲ အလုပ်ထွက်ခိုင်းခဲ့ပါတယ်…သူ့ရဲ့လစာနဲ့ တစ်မိသားစုလုံးကိုထောက်ပံ့နိုင်ပြီလို့ သူကတွက်ထားတာကိုးး…. ကံဆိုးတာက မကြာခင်မှာပဲ ဂလိုဘိုဒိုင်းကုမ္ပဏီရဲ့ CEO Jack ဟာ ရှယ်ယာတွေကို ရောင်းပြီး ကုမ္ပဏီကြီး ပြိုလဲခဲ့ပါတယ်...Dick အပါအဝင် ဂလိုဘိုဒိုင်းက ဝန်ထမ်းအားလုံး ဒုက္ခရောက်ခဲ့ပါတယ်… အလုပ်လက်မဲ့ ဖြစ်သွားတဲ့Dick ဟာ သူ့မိန်းမ လစာ ကိုပဲ အားကိုးရမလားတွေးရုံရှိသေး..သူ့ မိန်းမက သူ့စကားအတိုင်း အလုပ်ကနေ ထွက်ခဲ့ပါတယ်...လင်မယားနှစ်ယောက်လုံး အလုပ်လက်မဲ့ဖြစ်သွားပါတော့တယ်… Dick ဟာ ကုမ္ပဏီမှာ ရာထူးကြီးကြီးနဲ့ ထွက်ခဲ့သူဆိုတော့ သာမန်အလုပ်လေးတွေကို လုပ်ဖို့ဆန္ဒမရှိခဲ့ပါဘူး… နောက်ဆုံးကြံရာမရတဲ့အဆုံး လင်မယားနှစ်ယောက်လုံးဓားပြတိုက်ကြပါတော့တယ်…. သူတို့လင်မယား(၂)ယောက်ရဲ့ဓားပြတိုက်ဖို့ ပစ်မှတ်ဟာ ဘယ်သူဖြစ်မလဲ .သူတို့ဘယ်လိုတွေ အစီအစဉ်ချလဲ…သူတို့ရည်ရွယ်ချက်တွေရောအောင်မြင်ပါ့မလား…..ကိုင်းခံစားကြည့်လိုက်ပါဦးဗျ..ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ညီမငယ် Sue ဖြစ်ပါတယ်…