-
Movie Name
-
Gun Shy (2017)
-
Year
-
2017
-
Generes
-
Action, Adventure
-
Code
-
02794
-
Type
-
Movie
-
Size
-
821 MB
-
Country
-
Hollywood
-
Description
-
တာ့ခ်ဟင်နရီဆိုတာ တစ်ချိန်က လျှမ်းလျှမ်းတောက် အောင်မြင်ကျော်ကြားခဲ့တဲ့ Rocker ကြီး။ ခုထိတော့ သူ့ကိုယ်သူ အသက်ကြီးပေမယ့် မပျက်စီးသေးဘူးလို့ မှတ်ယူတုန်းပဲ။ သူ့ဇနီးကတော့ ရှီလာလို့ ခေါ်တဲ့ ကောင်မလေး။ အားလပ်ရက်မှာ ရှီလာက ချီလီကို တစ်ယောက်တည်း အပန်းဖြေခရီးထွက်ခဲ့တယ်။ ကံဆိုးချင်တော့ ဓါးပြတစ်ဖွဲ့နဲ့တိုးပြီး ရှီလာကို ပြန်ပေးဆွဲထားလိုက်ကြတယ်။ attention သိပ်လိုချင်နေတဲ့ Rocker ကြီး တာ့ခ်ဟင်နရီက သူ့ဇနီးချောကို ကယ်ဖို့ ကြေးစားတွေ ငှားပြီး လိုက်ချလာတော့တယ်။ ဇာတ်လမ်းက အက်ရှင်၊ ဟာသနဲ့ တောတွင်းစွန့်စားခန်းတွေ ရောသမထားတာမို့ မပျင်းရအောင် ဆွဲခေါ်သွားပါလိမ့်မယ်။ တာ့ခ်ဟင်နရီနေရာမှာက The Skin I Live In ထဲက စိတ္တဇဆရာဝန်၊ Desperado မှာ ဂစ်တာသေနတ်သမား၊ The Mask Of Zorrow မှာ သူရဲကောင်း ဇောရိုး စသလို ဇာတ်ရုပ်အစုံမှာ ပီပြင်ခဲ့တဲ့ မင်းသားကြီး အန်တိုနီယို ဘန်ဒါးရက်စ် ဖြစ်ပါတယ်။ ရှီလာနေရာမှာက Hitman ထဲက ဇတ်ဇတ်ကြဲမလေး၊ James Bond ရဲ့ Quantum Of Solace ထဲက ဘွန်းစ်ရဲ့ ချစ်သူအဖြစ် သရုပ်ဆောင်တော်တဲ့ ယူကရိန်း မင်းသမီး အိုလ်ဂါကာရီလန်ကို ဖြစ်ပါတယ်။ အရင်ကားတွေထဲမှာ ဂျစ်ကန်ကန် သရုပ်ဆောင်ထားပေမယ့် ဒီထဲမှာတော့ နှုတ်ခမ်းနီ အရဲလေးနဲ့ တော်တော် sexy ကျနေလေရဲ့။