Movie Name
Little Italy (2018)
Year
2018
Generes
Comedy, Romance
Code
02800
Type
Movie
Size
900 MB
Country
Hollywood
Description
Star Wars Episode 2 နဲ့ 3 မှာ Anakin Skywalker အဖြစ်၊ Jumper ရုပ်ရှင်ဇာတ်ကားမှာ David Rice အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Hayden Christensen ကို ရုပ်ရှင်ချစ်ပရိသတ်ကြီး ကောင်းကောင်းရင်းနှီးနေလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒီတော့ Hayden နဲ့အတူ မင်းသမီး Emma Roberts ပါဝင်သရုပ်ဆောင်ထားတဲ့ Romantic Comedy ဇာတ်ကားလေးကို ဘာသာပြန်တင်ဆက်ပေးမယ်ဆိုရင်ရော စိတ်ဆိုးကြမှာလား 😉 Campoli မိသားစုနဲ့ Angioli မိသားစုတို့ဟာ Pizza Napoli စားသောက်ဆိုင်လုပ်ငန်းကို အေးအတူပူအမျှ ဒိုးတူပေါင်ဖက် လုပ်ကိုင်ခဲ့ကြသူတွေပါ။ အိမ်ထောင်ဦးစီးတွေဖြစ်တဲ့ Vince နဲ့ Salvatore တို့ဟာလည်း ညီအစ်ကိုရင်းချာတွေလို သံယောဇဉ်ကြီးခဲ့ကြပါတယ်။ ဒီလိုနဲ့တစ်နေ့ကျတော့ သူတို့နှစ်ယောက် Pizza Napoli ကို ကိုယ်စားပြုပြီး Little Italy ပီဇာပြိုင်ပွဲမှာဝင်ပြိုင်ရင်း ချန်ပီယံဒိုင်းဆုကြီးကို ဆွတ်ခူးနိုင်ခဲ့ပေမယ့် ဆုပေးပွဲမှာ အချင်းချင်းကိုယ်ထိလက်ရောက် ရန်သတ်ခဲ့ကြပြီး မခေါ်နိုင်မပြောနိုင်အဆင့်အထိ ရောက်သွားခဲ့ပါတယ်။ သူတို့နှစ်ယောက် ဘာကြောင့်ရန်သတ်ခဲ့ရသလဲဆိုတာ သူတို့ကိုယ်တိုင်ကလွဲပြီး မိဘတွေ ဇနီးသားသမီးတွေ ဘယ်သူမှမသိခဲ့ကြပါဘူး။ နောက်ဆုံး Salvatore က မူလဆိုင်အဟောင်းရဲ့ ဘေးချင်းကပ်လျက်မှာ ဆိုင်အသစ်ဖွင့်လိုက်တဲ့အချိန်ကစပြီး သူတို့နှစ်ဦးသား တဇောင်းစေးနဲ့မျက်ချေး ဖြစ်ရတော့တာပါပဲ။ ဒီမိသားစုနှစ်စုမှာ Nikki နဲ့ Leo ဆိုတဲ့ ကလေးနှစ်ယောက်ရှိပြီး Pizza Napoli နိဂုံးမချုပ်ခင်ကတည်းက အတူသွားအတူလာ အရမ်းရင်းနှီးကြတဲ့ အတွင်းသိအဆင်းသိ ငယ်သူငယ်ချင်းတွေပါ။ Nikki က ပြိုင်ဆိုင်လိုစိတ်ပြင်းထန်ပေမယ့် Leo အပေါ် ကျိတ် crush နေခဲ့ပြီး Leo ကတော့ နိုင်ချင်စိတ်ကြီးတဲ့ Nikki ကို အမြဲအလျော့ပေးခဲ့ပါတယ်။ ဒါပေမယ့် အဖေနှစ်ယောက် ရန်ပွဲဖြစ်ပြီးတဲ့နောက်ပိုင်း Nikki က စားဖိုမှုးသင်တန်းတက်ဖို့ နိုင်ငံရပ်ခြား ထွက်သွားခဲ့ပါတယ်။ နိုင်ငံခြားမှာ ၅နှစ်ကြာနေခဲ့ပြီးမှ အရေးကြီးဗီဇာကိစ္စတစ်ခုကြောင့် Little Italy ကို ပြန်ခြေချမိတဲ့အခါ….. ငယ်ငယ်ကတည်းက သိုဝှက်ထားခဲ့တဲ့ ခံစားချက်တွေ ဘယ်လိုများပွင့်ထွက်လာလိမ့်မလဲ အချစ်နဲ့ရည်မှန်းချက်ပန်းတိုင် ဘယ်ဟာကိုဦးစားပေးမလဲ မိသားစုနှစ်စုရဲ့ မဟာရန်ကြွေးကြီးကိုရော ဘယ်လိုရင်ဆိုင်ကျော်လွှားကြမလဲဆိုတာ ရယ်ရင်းမောရင်း ကြည်ကြည်နူးနူး ပေါ့ပေ့ါပါးပါး ကြည့်ရှုခံစားကြရအောင်လား