Movie Name
Puppy Star Christmas (2018)
Year
2018
Generes
Family
Code
02806
Type
Movie
Size
651 MB
Country
Hollywood
Description
ဒီဇင်ဘာလထဲရောက်လာပြီဆိုတော့ ခရစ်စမတ်နေ့ကလဲနီးကပ်လာပြီပေါ့နော် ဒါကြောင့် ဒီတစ်ခေါက်မှာတော့ ခရစ်စမတ်နဲ့ပတ်သတ်တဲ့ ဇာတ်ကားလေးတစ်ခုကိုတင်ဆက်ပေးလိုက်ပါတယ် ထူးထူးခြားခြားအနေနဲ့ ခွေးကလေးတွေရဲ့ ချစ်စဖွယ် စကားပြောဟန်လေးတွေနဲ့အတူ ခရစ်စမတ်ပွဲတော်ရဲ့အရေးပါပုံကိုထူးခြားစွာပုံဖော်ရိုက်ကူးထားတဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ် ဒီဇာတ်ကားမှာဆိုရင် တီဗီရှိုးတစ်ခုမှာသရုပ်ဆောင်လုပ်နေတဲ့ တိုင်နီ နဲ့ပီယူပီဆိုတဲ့ခွေးလေးနှစ်ကောင်ဟာ ချာလီ ရိုစီ စင်ဒီဆိုတဲ့ ခွေးမလေးတွေနဲ့ဘရော်ဒီဆိုတဲ့ခွေးထီးလေးတစ်ကောင် မွေးဖွားခဲ့ပါတယ် ခွေးကလေးလေးကောင်ဟာ တစ်နေ့မှာ အစီအစဉ်ရိုက်ကူးနေရင်းတန်းလန်းနဲ့ပျောက်ဆုံးသွားခဲ့ပါတယ် တစ်ဖက်မှာလဲ မြောက်ဝင်ရိုးစွန်းမှာနေထိုင်တဲ့ခရစ်စမတ်ဘိုးဘိုးကြီးစန်တာကလော့ခ်ဟာ ခရစ်စမတ်ရောက်တိုင်းတစ်ကမ္ဘာလုံးကကလေးတွေကို လက်ဆောင်တွေဝေပေးခဲ့ပါတယ် စန်တာဟာ တစ်နေ့မှာမကောင်းတဲ့လူဆိုး အက်နဲ့ ခွေးဆိုးကြီး ဘက်နဲ့ကာနိုရဲ့ ဖမ်းချုပ်ခြင်းကိုခံခဲ့ရပါတယ် အက်က ခွေးဆိုးကြီးတွေရဲ့ခိုင်းစေမှုတွေနဲ့အတူ ခွေးကလေးတွေရဲ့ဖျော်ဖြေပွဲကိုစန်တာဟန်ဆောင်ပြီးတက်ရောက်လာခဲ့ပါတယ် သူတို့အပြန်မှာ ခွေးကလေးတွေလဲပျောက်သွားခဲ့တာပါပဲ ဒါပေမဲ့ သူတို့ကခိုးသွားတာမဟုတ်ပဲ ခွေးကလေးတွေက စန်တာစာအုပ်ထဲကလို စန်တာဆီကတကယ်လက်ဆောင်တွေလိုချင်ပြီး သူနဲ့တွေ့ချင်လို့လိုက်သွားခဲ့တာပဲဖြစ်ပါတယ်ခွေးဆိုးကြီးဘက်ခ်နဲ့ကာနိုဟာခရစ်စမတ်ကိုအသုံးချပြီးစန်တာနေရာမှာ အက်ကိုလူစားထိုးပြီး တစ်ကမ္ဘာလုံးကကလေးတွေကို အရုပ်တွေလက်ဆောင်မပေးပဲ ပိုက်ဆံနဲ့ရောင်းဖို့ အကြံထုတ်နေကြတဲ့သူတွေပါ ရိုစီ ချာလီ စင်ဒီနဲ့ဘရော်ဒီတို့ဟာမြောက်ဝင်ရိုးစွန်းကိုရောက်သွားပြီး သူတို့တွေ့ချင်တဲ့စန်တာကလပ်နဲ့တကယ်တွေ့ခဲ့လားခွေးဆိုးကြီးတွေကသူတို့ကိုဖမ်းမိသွားလား သူတို့မိဘတွေဆီကိုရောဘယ်လိုပြန်ရောက်ခဲ့တာလဲ ပြီးတော်မကောင်းမှုတွေလုပ်တဲ့ခွေးဆိုးကြီးတွေရောဘယ်လိုဖြစ်သွားခဲ့လဲဆိုတာကိုဒီဇာတ်ကားလေးထဲမှာဆက်လက်ပြီး ကြည့်ရှုပေးကြပါလို့